What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်ချုပ်စက်ရုံများတွင် မိမိ အစီအစဉ်ဖြင့် ကိုဗစ်ရောဂါပိုးစစ်ဆေးခြင်းများ မပြုလုပ်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသိပေးညွှန်ကြားချက်ထုတ်ပြန်

အထည်ချုပ်စက်ရုံများတွင် မိမိ အစီအစဉ်ဖြင့် ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်းများ မပြုလုပ်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA က အသိပေးညွှန်ကြားချက် တစ်ရပ်ကို အောက်တိုဘာလ(၁၃)ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCI, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon. Tel: +95 1 2314829, 2300253,

Email: This email address is being protected from spambots. You need JavaScript enabled to view it., Website: www.myanmargarments.org

အသိပေး ညွှန်ကြားခြင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်။

 

အကြောင်းအရာ ။ ။ စက်ရုံတွင် မိမိအစီအစဉ်ဖြင့် covID-19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း။

 

၁။ လတ်တလော Coronavirus Disease 2019 (CoVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် covID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကသာ တာဝန်ယူဆောက်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအားလုံးကို မိမိအစီ အစဉ်ဖြင့် coVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန် တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။

 

၂။ CoVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ အသင်းဝင်စက်ရုံများ လိုက်နာဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ သို့ လမ်းညွှန်ချက် version 4.0 နှင့် Version 4.1 တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

 

၃။ သို့ပါ၍ covID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မိမိစက်ရုံတွင် မိမိအစီအစဉ်ဖြင့် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ လက်ချောင်းထိပ်သွေးဖောက်၍ လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခု အသုံးပြု၍လည်းကောင်း CoVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ လုံးဝ ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် နှင့် ထိုသို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် တရားစွဲခံရနိုင်ကြောင်း အသိပေးညွှန်ကြားအပ်ပါသည်။

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

 

 

 

 

#Myanmar Garment Manufacturers Association

Read 809 times
Rate this item
(0 votes)

Related items