What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျပန်ကုမ္ပဏီတစ်ခုက ရွှေတောင်အထည်ချုပ်စက်ရုံကို အဆင့်မြှင့်တင်လုပ်ကိုင်ရန် လာရောက်ဆွေးနွေး

ဂျပန်ကုမ္ပဏီတစ်ခုက ရွှေတောင်အထည်ချုပ်စက်ရုံကို အဆင့်မြှင့်တင်လုပ်ကိုင်ရန် လာရောက်ဆွေးနွေး google

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်ရှိ ရွှေတောင်အထည်ချုပ်စက်ရုံကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်တဲ့

 

Myanmar Tsuyotomo Co., Ltd က ဇန်နဝါရီလ (၂၈) ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လာရောက်တွေ့ဆုံ

 

ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

၎င်းကုမ္ပဏီက ရွှေတောင်အထည်ချုပ်စက်ရုံအား ပြန်လည်အဆင့်မြှင့်တင်ပြီး ကားထိုင်ခုံ၊ လေယာဉ်ခုံနှင့်

 

အခြားလူသုံးကုန်ပစ္စည်းများအတွက် လိုအပ်သော အထည်များကို ခေတ်မီနည်းပညာဖြင့် ဖြန့်ဖြူးထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

 

ဒါ့ပြင် JICA အဖွဲ့နှင့် ပူးပေါင်းပြီး မြန်မာအစိုးရနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်၊ လက်ရှိ စက်ရုံဝန်ထမ်းများကိုလည်း

 

သင်တန်းများပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပေးခြင်းတို့ကို ဆောင်ရွက်ကာ မီးလောင်မလွယ်သည့် အထည်များကို

 

ထုတ်လုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Mr.Yoshihiro Oguri က ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မည့်လုပ်ငန်းဖြစ်၍ မိမိတို့အစိုးရအနေဖြင့်

 

လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မီးလောင်မလွယ်သည့် အထည်များဖြစ်ရန် ဆေးဆိုးခြင်းလုပ်ငန်းများ

 

ပါဝင်လာမည်ဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ ရေဆိုးသန့်စင်သည့် စနစ်များကို အထူးအလေးထား ဆောင်ရွက်ပေးရန်

 

လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

Source: Bago Region Government Office

 

အထည်ချုပ်လုပ်ငန်းပေါင်း ၃၇၃ ခုကိုရှာရန်နှိပ်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

ပဲခူးတိုင္းေဒသႀကီး ေ႐ႊေတာင္ၿမိဳ႕နယ္ရွိ ေ႐ႊေတာင္အထည္ခ်ဳပ္စက္႐ုံကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ႏိုင္ရန္ ဂ်ပန္ကုမၸဏီတစ္ခုျဖစ္တဲ့

Myanmar Tsuyotomo Co., Ltd က ဇန္နဝါရီလ (၂၈) ရက္ေန႔က ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕သို႔

လာေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

၎ကုမၸဏီက ေ႐ႊေတာင္အထည္ခ်ဳပ္စက္႐ုံအား ျပန္လည္အဆင့္ျမႇင့္တင္ၿပီး ကားထိုင္ခုံ၊ ေလယာဥ္ခုံႏွင့္

အျခားလူသုံးကုန္ပစၥည္းမ်ားအတြက္ လိုအပ္ေသာ အထည္မ်ားကို ေခတ္မီနည္းပညာျဖင့္ ျဖန႔္ျဖဴးထုတ္လုပ္ရန္ ရည္႐ြယ္ထားေၾကာင္း သိရပါတယ္။

ဒါ့ျပင္ JICA အဖြဲ႕ႏွင့္ ပူးေပါင္းၿပီး ျမန္မာအစိုးရႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္သြားရန္၊ လက္ရွိ စက္႐ုံဝန္ထမ္းမ်ားကိုလည္း

သင္တန္းမ်ားေပးျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းေပးျခင္းတို႔ကို ေဆာင္႐ြက္ကာ မီးေလာင္မလြယ္သည့္ အထည္မ်ားကို

ထုတ္လုပ္သြားမွာျဖစ္ေၾကာင္း ကုမၸဏီ၏ အႀကီးအကဲျဖစ္သူ Mr.Yoshihiro Oguri က ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ျပည္ေထာင္စုဝန္ႀကီးဌာနႏွင့္ တိုက္႐ိုက္ခ်ိတ္ဆက္ ေဆာင္႐ြက္မည့္လုပ္ငန္းျဖစ္၍

မိမိတို႔အစိုးရအေနျဖင့္ လိုအပ္သည္မ်ားကို ကူညီေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္း၊ မီးေလာင္မလြယ္သည့္ အထည္မ်ားျဖစ္ရန္

ေဆးဆိုးျခင္းလုပ္ငန္းမ်ား ပါဝင္လာမည္ျဖစ္၍ သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈမရွိေစေရး၊ ေရဆိုးသန႔္စင္သည့္ စနစ္မ်ားကို

အထူးအေလးထား ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Source: Bago Region Government Office

 

အထည်ချုပ်လုပ်ငန်းပေါင်း ၃၇၃ ခုကိုရှာရန်နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 905 times
Rate this item
(0 votes)
Tagged under

Related items