What's new
×
Warning
JUser: :_load: Unable to load user with ID: 845
စက်ရုံရက်အကန့်အသတ်မရှိ ရပ်နားမည်ဖြစ်၍ အလုပ်သမားများအား Notice ကြေး ၊ ဥပဒေပါ လျှော်ကြေးများပေးသွားမည်ဖြစ်ကြောင်း Lat War ကုမ္ပဏီ ထုတ်ပြန်
စက်ရုံရက်အကန့်အသတ်မရှိ ရပ်နားမည်ဖြစ်၍ အလုပ်သမားများအား Notice ကြေး ၊ ဥပဒေပါ လျှော်ကြေးများပေးသွားမည်ဖြစ်ကြောင်း Lat War ကုမ္ပဏီ ထုတ်ပြန် Facebook
လက်ရှိ တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော ကိုရိုနာ ဗိုင်းယက်စ်ကြောင့် စက်ရုံများ ပိတ်ထားရကြောင်းသိရပါတယ်။
တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသော စက်ရုံအရေအတွက်မှာလည်း ၅၀ ရာခိုင်နှုန်းသာ ဖွင့်လှစ်ထားပြီးကုန်ကြမ်းများလည်း
ပြတ်လပ်လျက်ရှိကြောင်းသိရပါတယ်။
ယင်းသို့သော် အခြေအနေတွင် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းအများစုမှာ ဝယ်ယူသူများဘက်မှ အော်ဒါများလျှော့ချခြင်း စသည့်
အခြေအနေများနှင့် ရင်ဆိုင်လျက်ရှိကြောင်းသိရပါတယ်။
Lat War ကုမ္ပဏီအနေနဲ့လည်း လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံသုံးရုံ လည်ပတ်လျက်ရှိကြောင်းသိရပါတယ်။
လက်ရှိ အော်ဒါများလျှော့ချခြင်းကြောင့် ဝန်ထမ်းများအတွက် လုံလောက်သည့် အထည်အော်ဒါများမရရှိတော့သဖြင့် တတ်နိုင်သမျှ
ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေနဲ့ အလုပ်ချိန်များလျှော့ချခဲ့ကြောင်း သိရပါတယ်။
သို့သော် Export date အလွန်ကပ်နေသော အော်ဒါများအတွက် အချိန်ပိုအနည်းငယ်ခေါ်ရခြင်းများလည်း ရှိကြောင်
ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါပြင့် ထုတ်ပြန်ချက်တွင် Lat War ကုမ္ပဏီ၏ အထည်ချုပ်စက်ရုံ အမှတ် (၂) ရုံခွဲ လှိုင်သာယာစက်မှုဇုန်အမှတ် (၂) ရှိ စက်ရုံအား
ဧပြီလ (၆) ရက်နေ့မှစ၍ ရက်အကန့်သတ်မရှိပိတ်သွားမည်ဖြစ်ကြောင်း ၊ ဧပြီလ (၆) ရက်နေ့မှစပြီး အလုပ်ပိတ်မည်ဖြစ်ပြီး
အလုပ်သစ်ရှာရန် နှင့် ကြိုတင်ပြင်ဆင်ရန်တို့အတွက် အလုပ်သို့လာရောက်ရန် မလိုအပ်ကြောင်း ၊ ဧပြီလ (၆) ရက်နေ့တွင် နို့တစ်
တစ်လ ကြိုတင် အကြောင်းကြား အနားပေးထားသည့် မတ်လအတွက် လစာနှင့် ဥပဒေပါ နစ်နာကြေး ၊ လုပ်ခကျန်ငွေ နှင့် ရသင့်ရထိုက်သည့်
အခကြေးငွေများအားလုံးအား ပေးချေသွားမည်ဖြစ်ကြောင်း စသည့် အချက်တို့ပါဝင်ကြောင်းသိရပါတယ်။
kh
လိုက်ကာဆိုင် ၁၃၄ ဆိုင်ကိုရှာရန်နှိပ်ပါ။
<<< Zawgyi ဖြင်ဖတ်ရန် >>>
အော်ဒါများလျှော့ခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင်လျက်ရှိကြောင်းသိရပါတယ်။
သဖြင့် တတ်နိုင်သမျှ ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေနဲ့ အလုပ်ချိန်များလျော့ချခဲ့ကြောင်း သိရပါတယ်။
သို့သော် Export date အလွန်ကပ်နေသော အော်ဒါများအတွက် အချိန်ပိုအနည်းငယ်ခေါ်ရခြင်းများလည်း ရှိကြောင်း
Myanmar Textile and Garment Directory
Read 5171 times
Rate this item
(0 votes)
Tagged under
Related items