What's new
×
Warning
JUser: :_load: Unable to load user with ID: 845
COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ စတင်လျှောက်ထားနိုင်ပါသည်
COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ
ကုန်သည်စက်မှုအသင်းချုပ်တွင် စတင်လျှောက်ထားနိုင်ပါသည်။
၁။ ကုန်သည်စက်မှုအသင်းချုပ်သည် Coronavirus Disease 2019 (COVID-19) ကြောင့်ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကာ COVID-19 ကြောင့် လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့်လုပ်ငန်းကဏ္ဍများအား COVID-19 Fund မှ ချေးငွေများ ထုတ်ချေးပေးရာတွင် ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၂။ အဆိုပါချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင်အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်း များကို အတိုးနှုန်း၁ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေ ထုတ်ပေး သွားမည်ဖြစ်ရာ ဉီးစားပေးကုစားရမည့် ကဏ္ဍများရှိ ပူးတွဲပါအချက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။ 
၃။ လျှောက်လွှာများကို၂၀၂၀ပြည့်နှစ် မတ်လ၃၀ရက်နေ့မှ ဧပြီလ၉ရက်နေ့အတွင်း နေ့စဉ် နံနက် ၀၉:၃၀ မှ ညနေ ၀၄:၃၀ အချိန်အတွင်း ပူးတွဲဖော်ပြပါ နေရာများ၌ လက်ခံသွားမည် ဖြစ်ပါသည်။ နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့အထိနောက်ဆုံးထား လျှောက်ထားရန် လိုအပ်ပါသည်။ 
၄။ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ချေးငေွ စတင်လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
လျှောက်လွှာများကို ပူးတွဲပါရုံးဌာနများနှင့်Website အသီးသီးတွင် ရယူနိုင်ပါသည်။
သက်ဆိုင်ရာ စာရွက်စာတမ်းများ Link နှင့် လျှောက်လွှာများ - https://bit.ly/3asoevU
ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
ကုန်သည်စက်မှုအသင်းချုပ်
၀၁ - ၂၃၀၂၄၈၅
၀၁ - ၂၃၀၁၅၆၂
This email address is being protected from spambots. You need JavaScript enabled to view it.
www.umfcci.com.mm
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)
မီဒီယာပိုင်းဆက်သွယ်လိုပါက- ပြည်သူ့ဆက်ဆံရေးဌာန ဖုန်းနံပါတ် ၀၉-၄၅၀၂၀၀၆၄၀
အီးမေးလ် This email address is being protected from spambots. You need JavaScript enabled to view it.
ကုန်သည်စက်မှုအသင်းချုပ်တွင် COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ 
၎။ COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ချေးငွေ စတင်လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၀၁ - ၂၃၀၂၄၈၅
၀၁ - ၂၃၀၁၅၆၂
www.umfcci.com.mm
COVID
textile picture
ဖက်ရှင်ဒီဇိုင်နာ ၅၀၃ ယောက်ကိုရှာရန်နှိပ်ပါ။
Myanmar Textile & Garment Directory
Read 2644 times
Rate this item
(0 votes)