What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MGHRDC မှ အထည်ချုပ်ဆိုင်ရာ အွန်လိုင်းသင်တန်းများ အခမဲ့တက်ရောက်နိုင်

Covid-19 ကပ်ရောဂါဆိုးကြီး ရင်ဆိုင်နေရတဲ့ အချိန်မှာ စီးပွားရေး လူမှု့ရေး အဘက်ဘက်က ထိခိုက်နစ်နာမှု့‌‌တွေ ရှိခဲ့ပါတယ် ၊ မကြာခင်ကပ်ဆိုးကြီးမှ လွတ်မြောက်တော့မယ့် အချိန်မှာ မိမိကိုယ်ကို ဘယ်လိုကြိုတင်ပြင်ဆင်ထားဖို့လိုမလဲ?

 

ပြောင်းလဲလာမယ့် အခြေအနေအရ အထည်ချုပ်လုပ်ငန်းတွင် အရည်အချင်းနှင့် ကျွမ်းကျင်မှုကို ပိုမို၍လိုအပ်လာမည်ဆိုသည့်အချက်မှာ မလွဲမသွေ ဖြစ်လာတော့မယ့်အခြေအနေဖြစ်လာပါပြီ။ ထိုသို့ အထည်ချုပ်လုပ်ငန်းနဲ့ပက်သက်တဲ့ ဗဟုသုတတိုးဖို့နဲ့ ကျွမ်းကျင်မှုပိုမိုတိုးတက်လာစေဖို့ အတတ်ပညာရပ်များကို အလွယ်တစ်ကူ ၊ မပင်မပန်း ၊ အခမဲ့ အွန်လိုင်းမှ လေ့လာသင်ယူနိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာ MGHRDC မှ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အလုပ်လုပ်ကိုင်နိုင်သူ မည်သူမဆို လုပ်ငန်းခွင်မဝင်ခင် ကြိုတင်လေ့လာသင်ယူနိုင်ရန် နှင့် ကျွမ်းကျင်ပြီးသားသူများကိုလည်း ပိုမို ဗဟုသုတ တိုးစေပြီး ကျွမ်းကျင်မှု ပိုလာစေရန်အတွက် ရည်ရွယ်၍ အွန်လိုင်းမှ လေ့လာနိုင်သည့် (online learning platform) ကို စတင်၍ တည်ထောင်ထားပေးပါသည်။ ထိုမှတစ်ဆင့် MGHRDC မှပြဌာန်းသောသင်တန်းများကို မိမိနေအိမ်တွင်ပင် လေ့လာသင်ယူနိုင်မည် ဖြစ်ပီး သတ်မှတ်ချက်များပြည့်မှီပါက သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ်လည်း ပေးအပ်သွားမည် ဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းပြီးတက်ရောက်လိုက်ပါ။

 

*စာရင်းပေးသွင်းရန် - https://forms.office.com/Pages/ResponsePage.aspx...

*သင်တန်းများဝင်ရောက်လေ့လာရန် - https://www.facebook.com/groups/mghrdc

*ဆက်သွယ်မေးမြန်းရန်ဖုန်းနံပါတ် - ၀၉-၇၈၄၀၈၇၇၃၉, ၀၉-၇၈၄၃၀၂၃၅၆

 

#Myanmar Garment Manufacturers Association

 
Read 967 times
Rate this item
(0 votes)