What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုသိမ်မြို့မှာ အထည်ချုပ်ဝန်ထမ်း နှစ်ထောင်နီးပါး ကိုဗစ်ကာကွယ်ရေး ဆေးထိုးပြီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စက်ရုံအလုပ်ရုံဝန်ထမ်းတွေထဲက အထည်ချုပ်ဝန်ထမ်း နှစ်ထောင်နီးပါးကို

ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက တိုင်း ၄ ခုက စက်ရုံအလုပ်ရုံဝန်ထမ်းတွေကို ကာကွယ်ဆေးဦးစားပေးအထူးအစုအဖွဲ့ထဲမှာထည့်သွင်းသတ်မှတ်ထားပြီး အဲဒီထဲမှာ ဧရာဝတီတိုင်းလည်းပါဝင်ပါတယ်။
တိုင်းထဲက ပုသိမ်မှာတော့ အထည်ချုပ်စက်ရုံရော၊ ဝန်ထမ်းပါများတာကြောင့် သြဂုတ်လ ၁၂ ရက်နေ့ကတည်းက သက်ဆိုင်ရာအထည်ချုပ်စက်ရုံတွေဆီ သွားပြီး ဆေးထိုးပေးနေတာလို့ သိရပါတယ်။
''၁၃ ရက်နေ့တုန်းကဆိုရင် စက်ရုံတစ်ခုတည်းက အထည်ချုပ်ဝန်ထမ်း ၁,၄၀၀ လောက် ထိုးပေးနိုင်ခဲ့တယ်။ နောက်ရက်တွေမှာလည်း နောက်ရုံတွေကို သွားထိုးပေးခဲ့တယ်။ မနေ့(သြဂုတ်လ ၁၄ ရက်) တုန်းကတော့ သွားတဲ့စက်ရုံမှာ စာရင်းက ၂,၀၀၀ နီးပါးရှိပေမဲ့ မကြာသေးခင်တုန်းက ဖျားနာထားတဲ့သူ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် အဲလိုလူတွေရှိနေတော့ အမှန်တကယ် ထိုးပေးနိုင်တဲ့လူက ၂၀၀ နီးပါးပဲရှိခဲ့တယ်။ ဒီနေ့ (သြဂုတ်လ ၁၅ ရက်)မှာလည်း စက်ရုံတွေ သွားပြီး ထိုးပေးဖို့ရှိတယ်''လို့ ဆေးထိုးရာမှာပါဝင်တဲ့ပရဟိတအဖွဲ့ကပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့က စက်ရုံအလုပ်ရုံဝန်ထမ်း ၈၉၀,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေပြီလို့ပြောပါတယ်။
တချိန်တည်းမှာပဲ ပုသိမ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ လူပေါင်း ၁,၀၀၀ ကျော်အထိရှိလာနေပါတယ်။

ဘီဘီစီ

Read 688 times
Rate this item
(0 votes)