What's new

×

Warning

JUser: :_load: Unable to load user with ID: 846


အရှေ့တောင်အာရှတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းဦးဆောင်လျှက်ရှိ

အရှေ့တောင်အာရှတွင် မြန်မာ့အထည်ချုပ်လုပ်ငန်းဦးဆောင်လျှက်ရှိ GOOGLE

မြန်မာ့အထည်ချုပ်လုပ်ငန်းသည် အရှေ့တောင်အာရှတွင် ဈေးအသက်သာဆုံးဖြစ်ရပ်တည်လျှက်ရှိပြီး ကမ္ဘာအရပ်ရပ်မှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အထည်ချုပ်ပို့ကုန်အများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျှက်ရှိပြီး အထည်ချုပ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများလည်းရှိသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်များမှစ၍ တရုတ်နိုင်ငံအတွင်း အထည်ချုပ် လုပ်ငန်းရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်များမြင့်တက်လာခဲ့ပြီး ကုန်ကျမှုများပိုမိုများပြားလာခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံမှ ဥပဒေမူကြမ်းအသစ်တစ်ခုရေးဆွဲခဲ့ပြီး ထိုဥပဒေမူကြမ်းပါအချက်အရ ထုတ်ကုန်ဆိုင်ရာ စက်မှုလုပ်ငန်းများကို အရည်အသွေးပိုမိုမြင့်မားစေရန် ရေးဆွဲခဲ့ပြီး စက်ရုံပိုင်ရှင်များကိုလည်း စက်ရုံများကို အဆင့်မြှင့်တင်စေပြီး လုပ်ခလစာများကိုလည်း တိုးမြှင့်သတ်မှတ်စေခဲ့သည်။ ထိုအချက်ကြောင့် တရုတ်ပြည်တွင်အများစုရှိသော စက်မှုလုပ်ငန်းများ လုပ်အားခသက်သာသော အရှေ့တောင်အာရှနိုင်ငံအများစုသို့ ပြောင်းရွှေ့လာကြသည်။

အရှေ့တောင်အာရှနိုင်ငံအထည်ချုပ်လုပ်ငန်းများ၏ လုပ်ခလစာများကို အောက်ပါဇယားတွင် နှိုင်းယှဉ်ဖော်ပြထားသည်။

1466482204176 MyanmarRMIP201621 475010

မြန်မာနိုင်ငံ၏ အထည်ချုပ်အလုပ်သမားလစာမှာ အမေရိကန်ဒေါ်လာ ၉၀ ရှိပြီး အရှေ့တောင်အာရှတွင် အနည်းဆုံးဖြစ်သည်။ ထိုအချက်ကြောင့် တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် ဟောင်ကောင်တွင်ရှိသော အထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၃ နောက်ပိုင်းမှစ၍ မြန်မာ့အထည်ချုပ်လုပ်ငန်း အလျင်အမြန်တိုးတက်ခဲ့သည့်အပြင် အရှေ့တောင်အာရှ အထည်ချုပ်လုပ်ငန်းတွင် ဦးဆောင်လျှက်ရှိသည်။

Source: HKTDC Research

Read 1782 times
Rate this item
(0 votes)