What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိုင်းအထည်ချုပ် စက်ရုံမှ မြန်မာလုပ်သားများ ပွဲစားခ အလျော်အစား ရရှိ

ထိုင်းအထည်ချုပ်စက်ရုံတွင် အလုပ်ရရှိရန် မတန်တဆ အခကြေး တရားမဝင် ကောက်ခံခြင်း ခံခဲ့ရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ ကျော်သည် ဖြစ်တောင့်ဖြစ်ခဲဟု ဆိုရမည့် လျော်ကြေးပေးခြင်း ရရှိသည်ဟု ကုမ္ပဏီအရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့များက သောကြာနေ့တွင် ပြောကြားခဲ့သည်။

လက်လီအရောင်းကိုယ်စားလှယ် Patagonia အတွက် ပြင်ပဝတ်ဆင်သည့် အဝတ်အထည် wetsuits လုပ်သည့် Sheico Thailand သည် မြန်မာလုပ်သား ၁၇၀ ခန့်အား စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ (ဘတ် ၃.၃ သန်းခန့်) ခန့် ငွေကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း ဖင်လန်နိုင်ငံအခြေစိုက်စောင့်ကြည့်ရေးအဖွဲ့Finnwatch က ပြောကြားသည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အကြား ရွှေ့ပြောင်းအလုပ်သမားများသည် စက်ရုံရှိ အလုပ်အကိုင်များ ရရှိစေရန်အတွက် ကိုယ်စားလှယ်များနှင့် Sheico သို့ အလုပ်သမားများအား စုဆောင်းခဘတ်ငွေ ၁၈၅၀၀ အထိ ပေးဆောင်ရသည်ဟု ထိုင်းပရဟိတလုပ်သားများ အခွင့်အရေးကွန်ယက်က ဆိုသည်။ Sheico သည် တိုင်ဝမ်တွင် ရုံးချုပ် ထားရှိသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

ထိုင်းဥပဒေအရ ဗီဇာကုန်ကျစရိတ်၊ ကျန်းမာရေးစစ်ဆေးမှုနှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်များအတွက် ဘတ် ၂,၉၁၀ ဘတ်အထိ ကုန်ကျစရိတ် ရှိသည်။

ကယ်လီဖိုးနီးယားအခြေစိုက် Patagonia မှ မန်နေဂျာ Thuy Nguyen က လျော်ကြေး ပေးဆောင်ခဲ့သည်ကို အတည်ပြုပြောကြားသည်။


Patagonia သည် လူသစ်စုဆောင်းခကို ဖယ်ရှားခြင်းကို ၎င်း၏ ပေးသွင်းမှုကွင်းဆက်တစ်လျှောက် ၂၀၁၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သည်။


ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့်ရှိသည်။ အများစုမှာ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအို နိုင်ငံတို့မှ ဖြစ်သည်။ တရားမဝင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ဦးရေမှာ အနည်းဆုံး ၂ သန်း ရှိမည်ဟု ကုလသမဂ္ဂက ခန့်မှန်း ထားသည်။ အကြွေးဖြင့် ချည်နှောင်ခြင်း၊ အလုပ်ရဖို့ ပွဲစားခ အလွန်အကျွံ ရယူခြင်းများ ဖြစ်ပွားနေသော်လည်း ထိထိရောက်ရောက် အရေးယူခြင်း မရှိချေ။

HP Inc ကဲ့သို့သော နည်းပညာလုပ်ငန်းကြီးများသို့ ပစ္စည်းပေးသွင်းသော Cal-Comp Electronics သည် ၎င်းထံ၌ လုပ်ကိုင်လျက်ရှိသော မြန်မာလုပ်သားများသည် အလုပ်ရဖို့ ပွဲစားခများ တနင့်တပိုး ပေးခဲ့ရကြောင်း သိရှိသောအခါ ငွေစိုက်ထုတ်ပြီး ပေးအပ်ခဲ့သည်။

Bangkok Post

Read 995 times
Rate this item
(0 votes)