What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မုံရွာ ချည်ထည်စက်ရုံများစုပေါင်း၍ အဆင့်မြင့်စက်ရုံ ကြီးတစ်ရုံတစ်ထောင်ရန် စီစဉ်

မုံရွာ ချည်ထည်စက်ရုံများစုပေါင်း၍ အဆင့်မြင့်စက်ရုံ ကြီးတစ်ရုံတစ်ထောင်ရန် စီစဉ် Google

မုံရွာစောင် နှင့်အတူ ချည်ထည်လုပ်ငန်းများ တစ်ခေတ် ဆန်းကာ ဈေးကွက်ပြန်လည် တွင်ကျယ်လာသောကြောင့် ချည်ထည်စက်ရုံများ

 

စုပေါင်းပြီး တန်ဖိုးမြင့် ထုတ်ကုန်များထုတ်လုပ်နိုင်မည့် အဆင့်မြင့်စက်ရုံကြီးတစ်ရုံ တည်ထောင်ရန် လိုကြောင်း

 

မုံရွာစက်မှု ဇုန် ချည်ထည်လုပ်ငန်းအစုအဖွဲ့ ဥက္ကဌ ဦးခင်မောင်ညိုထံ မှ သိရသည်။

“၂၀၁၉ ခုနှစ်ကစပြီး ဂွမ်းကပ် စောင် အမျိုးမျိုးအပြင် အရင်ထုတ်လုပ်ခဲ့တဲ့မုံရွာစောင်တွေ ရောင်းမလောက်အောင်ဖြစ်ခဲ့တယ်။

 

ဈေးကွက်က ပြန်လည်တောင်းဆိုပါတယ်လိုပြောချင် ပါတယ်။


မုံရွာစောင်ကို ၁၂ ဈေးသည်တွေ၊ ရှမ်းပြည်နယ်ပအိုဝ်းဒေသတွေကအမှာများလာတာကြောင့် ၂၀၁၉ ခုနှစ်ကစပြီး

 

ထုတ်လုပ်ရောင်းချမှုက ပြန်တွင်ကျယ်လာတာပါ” ဟု ဦးခင်မောင်ညိုကပြောကြားခဲ့သည်။

 

မုံရွာစောင်သည် ၁၉၇၀ ပြည့်နှစ်မှ ၁၉၈၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ စောင်အသုံးပြုမှု ၈၀ ရာခိုင်နှုန်းအထိ

 

ထုတ်လုပ်ရောင်းချခဲ့ပြီး ထိုစဉ်က ရက်ကန်းစင် ပေါင်း တစ်သိန်းကျော်ရှိကာ ချည်မျှင်စက်ရုံ၁၅၀ ကျော်ဖြင့်

 

ကြီးမာသော စက်မှုလုပ်ငန်းကြီးအဖြစ်ရပ်တည်ခဲ့သည်။

 

“ ၁၉၈၅ ခုနှစ်မှာ မုံရွာမြို့မှ လူငယ်တစ်ဦး ဂျပန်အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပြီး ဂျပန်နိုင်ငံကို လိုက်သွားတယ်။

 

သူတို့မြန်မာနိုင်ငံကိုပြန်လာတော့ ဂျပန်နည်းပညာတွေကို ယူလာပြီး မုံရွာစောင် အဆင့်အတန်းအရည်အသွေးကို

 

မြှင့်လိုက်တာ အတော်အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီကစလိုက်တာ မုံရွာမှာ ကြီးမားတဲ့ စက်မှုလုပ်ငန်းကြီးအဖြစ်

 

ထူထောင်ရပ်တည်နိုင်ခဲ့တယ်”ဟု ဦးခင်မောင်ညိုက ရှင်းပြခဲ့သည်။

 

“လက်ရှိ မုံရွာ စက်မှုဇုန် ချည်ထည်အစုအဖွဲ့မှာ စက်ရုံ ၅၅ ရုံလောက်ရှိပြီး တစ်လကို ကုန်ကြမ်း ( အထည်ဖြတ်စ ၊ ညှပ်စ )

 

၁၄၂၈ တန်လောက်သုံးစွဲနေပြီး ကုန်ချော ၁၁၆၄တန်လောက် ထွက်နေပါတယ်၊


ကုန်ချောတွေက တစ်ပြန်ဂွမ်း ၊ နှစ်ပြန်ဂွမ်း နဲ့ ဆေးရောင်စုံချည်တွေဖြစ်ပါတယ်” ဟု ဦးခင်မောင်ညိုကပြောကြားခဲ့သည်။

 

Source: ကြေးမုံ

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

မံုရြာေစာင္ ႏွင့္အတူ ခ်ည္ထည္လုပ္ငန္းမ်ား တစ္ေခတ္ ဆန္းကာ ေစ်းကြက္ျပန္လည္ တြင္က်ယ္လာေသာေၾကာင့္

ခ်ည္ထည္စက္ရံုမ်ား စုေပါင္းၿပီး တန္ဖိုးျမင့္ ထုတ္ကုန္မ်ားထုတ္လုပ္ႏိုင္မည့္ အဆင့္ျမင့္စက္ရံုႀကီးတစ္ရံု တည္ေထာင္ရန္

လိုေၾကာင္း မံုရြာစက္မႈ ဇုန္ ခ်ည္ထည္လုပ္ငန္းအစုအဖြဲ႕ ဥကၠဌ ဦးခင္ေမာင္ညိဳထံ မွ သိရသည္။

 

“၂၀၁၉ ခုႏွစ္ကစၿပီး ဂြမ္းကပ္ ေစာင္ အမ်ိဳးမ်ိဳးအျပင္ အရင္ထုတ္လုပ္ခဲ့တဲ့မံုရြာေစာင္ေတြ ေရာင္းမေလာက္ေအာင္ျဖစ္ခဲ့တယ္။

စ်းကြက္က ျပန္လည္ေတာင္းဆိုပါတယ္လိုေျပာခ်င္ ပါတယ္။

မံုရြာေစာင္ကို ၁၂ ေစ်းသည္ေတြ၊ ရွမ္းျပည္နယ္ပအိုဝ္းေဒသေတြကအမွာမ်ားလာတာေၾကာင့္ ၂၀၁၉ ခုႏွစ္ကစၿပီ

း ထုတ္လုပ္ေရာင္းခ်မႈက ျပန္တြင္က်ယ္လာတာပါ” ဟု ဦီးခင္ေမာင္ညိဳကေျပာၾကားခဲ့သည္။

မံုရြာေစာင္သည္ ၁၉၇၀ ျပည့္ႏွစ္မွ ၁၉၈၀ ျပည့္ႏွစ္အတြင္း ျမန္မာႏိုင္ငံ၏ ေစာင္အသံုးျပဳမႈ ၈၀ ရာခိုင္နႈန္းအထိ

ထုတ္လုပ္ေရာင္းခ်ခဲ့ၿပီး ထိုစဥ္က ရက္ကန္းစင္ ေပါင္း တစ္သိန္းေက်ာ္ရွိကာ ခ်ည္မွ်င္စက္ရံု၁၅၀ ေက်ာ္ျဖင့္

ႀကီးမာေသာ စက္မႈလုပ္ငန္းႀကီးအျဖစ္ရပ္တည္ခဲ့သည္။

“ ၁၉၈၅ ခုႏွစ္မွာ မံုရြာၿမိဳ႕မွ လူငယ္တစ္ဦး ဂ်ပန္အမ်ိဳးသမီးတစ္ဦးႏွင့္ လက္ထပ္ၿပီး ဂ်ပန္ႏိုင္ငံကို လိုက္သြားတယ္။

သူတို႔ျမန္မာႏိုင္ငံကိုျပန္လာေတာ့ ဂ်ပန္နည္းပညာေတြကို ယူလာၿပီး မံုရြာေစာင္ အဆင့္အတန္းအရည္အေသြးကို ႁမွင့္လိုက္တာ

အေတာ္ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒီကစလိုက္တာ မံုရြာမွာ ႀကီးမားတဲ့ စက္မႈလုပ္ငန္းႀကီးအျဖစ္ ထူေထာင္ရပ္တည္ႏိုင္ခဲ့တယ္”

ဟု ဦးခင္ေမာင္ညိဳက ရွင္းျပခဲ့သည္။

“လက္ရွိ မံုရြာ စက္မႈဇုန္ ခ်ည္ထည္အစုအဖြဲ႕မွာ စက္ရံု ၅၅ ရံုေလာက္ရွိၿပီး တစ္လကို ကုန္ၾကမ္း ( အထည္ျဖတ္စ ၊ ၫွပ္စ )

၁၄၂၈ တန္ေလာက္သံုးစြဲေနၿပီး ကုန္ေခ်ာ ၁၁၆၄တန္ေလာက္ ထြက္ေနပါတယ္။

ကုန္ေခ်ာေတြက တစ္ျပန္ဂြမ္း ၊ ႏွစ္ျပန္ဂြမ္း နဲ႕ ေဆးေရာင္စံုခ်ည္ေတြျဖစ္ပါတယ္” ဟု ဦးခင္ေမာင္ညိဳကေျပာၾကားခဲ့သည္။

Myanmar Textile and Garment Directory

 
Read 1392 times
Rate this item
(0 votes)
Tagged under

Related items