What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒုသမ္မတနှင့် ပုဂ္ဂလိကကဏ္ဍ ၁၅ ကြိမ်မြောက် တွေ့ဆုံပွဲ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး နှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းနိုင်တို့က

နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ (၁၅)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် တွေ့ကြုံရသော ဥပဒေပြင်ပအကြမ်းဖက် ပိတ်ဆို့ဆန္ဒပြခြင်းကိစ္စရပ်ကို တင်ပြခဲ့ပါသည်။

(၁) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် တွေ့ကြုံနေရသော ဥပဒေပြင်ပ ပိတ်ဆို့ဆန္ဒပြမှုများတွင် စက်ရုံ စီမံအုပ်ချုပ်သူများအား စက်ရုံပြင်ပသို့ နေရောညပါ ထွက်ခွင့်မရအောင် ပိတ်ဆို့ထားခြင်း၊ အလုပ်လုပ်ကိုင်လိုသော အလုပ်သမားများ၏ လုပ်ငန်းခွင် ဝင်ရောက်ခွင့်ကို တားဆီးခြင်း၊ အကျပ်ကိုင်ခြင်းနှင့် သွေးထွက်သံယိုဖြစ်စေသည်အထိ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း တို့ကိုပါ ပြုလုပ်လျက်ရှိပါကြောင်း

(၂) အဆိုပါ ပိတ်ဆို့ဆန္ဒပြမှုများကြောင့် ကုန်ထုတ်လုပ်မှုများ ကျဆင်းလျက်ရှိခြင်း၊ ထုတ်ကုန် အချိန်မီတင်ပို့မှုများ မပြုလုပ်နိုင်ခြင်းတို့ကို ကြုံတွေ့ရပြီး နိုင်ငံခြားဝယ်လက် (Buyer) များထံမှ အမှာစာ (Order) များ ရပ်တန့်သွားခြင်း၊ ရပ်တန့်တော့မည်ဟု အကြောင်းကြားစာ ပေးပို့ခြင်းများ ရှိလာပါသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လည်ပတ်နိုင်ရန်ခြိမ်းခြောက်ခံနေရသည်။ ထို့အပြင် ဆန္ဒပြမှုတွင် မပါဝင်သော အလုပ်သမားများ၏ လုံခြုံရေးသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်ပါကြောင်း

(၃) သို့ဖြစ်ပါ၍ အစိုးရအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားအကြား မျှတစွာ ဥပဒေနှင့်အညီ အမြန်ဆုံး ထိရောက်စွာ အရေးယူဖြေရှင်းပေးပါရန်

(၄) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ထုတ်ပြန်ချင်းမပြုမီ အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ၌ ညှိနှိုင်းခဲ့စဉ်က စာချုပ်ပါ ခေါင်းစဉ် ၂၁ ချက်ကို မပြောင်းလဲပဲ လုပ်ငန်းသဘောသဘာဝအလိုက် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူပြင်ဆင် ပြောင်းလဲနိုင်သည်ဟု ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း၊ လက်ရှိအချိန်တွင် မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနများသည် ပြဋ္ဌာန်းစာချုပ်ပါအတိုင်း တစ်လုံးတစ်ပါဒမျှမပြောင်းလဲပဲ ချုပ်ဆိုခြင်းမရှိပါက လက်ခံခြင်း မရှိပါကြောင်း

(၅) ထို့ကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုမှုများတွင် ဥပဒေနှင့် သွေဖည်ခြင်း မရှိပဲ လုပ်ငန်းသဘာဝနှင့် ဆီလျော်ကိုက်ညီအောင် ချုပ်ဆိုခွင့် ရရှိနိုင်စေရေး ညွှန်ကြားချက်ထုတ်ပြန်ပေးပါရန်

Read 817 times
Rate this item
(0 votes)