What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လာမည့်ဘဏ္ဍာနှစ်သုံးနှစ်အတွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှနိုင်ငံခြားဝင်ငွေငါးဘီလီယံထိရရှိအောင်ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းကဏ္ဍမှ လာမည့် ဘဏ္ဍာနှစ်သုံးနှစ်အတွင်း နိုင်ငံခြားဝင်ငွေ ငါးဘီလီယံထိ ရရှိ အောင် ဆောင်ရွက်နေသလို လုပ်သားတစ်သန်းခွဲအထိ အလုပ်ခန့်ထားနိုင်ရေးအတွက်လည်း ရည်မှန်း ဆောင် ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းများအရသိရပါတယ်။

အထည်ချုပ်လုပ်ငန်းကဏ္ဍရဲ့ ပြည်ပတင်ပို့မှု အခြေအနေဟာ (၂၀၁၂)ခုနှစ်မှ စတင်ကာ တစ်နှစ်လျှင် (၃၀) ရာခိုင်နှုန်းတိုးတက်လာတာကြောင့် လာမည့် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ကဏ္ဍ မှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ငါးဘီလီယံရရှိအောင် ဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမား တစ်သန်း ခွဲကို လည်း အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ရှာဖွေပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အထည်ချုပ်လုပ်ငန်းကဏ္ဍမှ (၂၀၁၆-၂၀၁၇)ခုနှစ်တွင် နိုင်ငံခြားဝင်ငွေပမာဏ အမေရိကန်ဒေါ်လာ (၁ဒသမ၆၈) ဘီလီယံ ရှာဖွေပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ (၂၀၁၇-၂၀၁၈)ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ တရုတ်(တိုင်ပေ)နှင့် ထိုင်ဝမ်တို့မှ မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လာရောက် ရင်းနှီး မြှုပ်နှံလုပ်ကိုင်ရန် ကမ်းလှမ်းထားပြီး မြန်မာနိုင်ငံ၏ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းကဏ္ဍအတွက်လည်း နှစ်ရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ (၂၀၁၄)ခုနှစ်မတိုင်မီက အထည်ချုပ်စက်ရုံပေါင်း (၃၀၀)ခန့်သာရှိခဲ့ပြီး အလုပ်သမား နှစ်သိန်း ငါးသောင်းကိုသာ အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ အထည်ချုပ် စက်ရုံပေါင်း (၅၀၀)ကျော်ကို တည်ထောင်နိုင်ခဲ့သလို အလုပ်သမားလေးသိန်းခွဲကျော်ကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ပို့ကုန်တင်ပို့မှုကဏ္ဍတွင် အများဆုံးတင်ပို့နိုင်တဲ့ ပို့ကုန်စာရင်း ၀င်လာခဲ့ကြောင်း သိရပါတယ်။

source:myanmaplatform

Read 845 times
Rate this item
(0 votes)