What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်(၃)ခုနှင့် အတည်ပြုမိန့်(၅)ခု

CMP စနစ်ဖြင့် အ၀တ်အစားချုပ်လုပ်မည့် ထုတ်လုပ်မည့်လုပ်ငန်း ၂ ခု အပါအ၀င်
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုကို ၂၀၁၈ ခုနှစ် မတ်လဆန်းတွင် အတည်ပြုခဲ့ပါသည်။

အဆိုပါ လုပ်ငန်းနှစ်ခုမှာ Jade Blue Company Limited (China)နှင့် Tato Enterprise Limited (Hong Kong) တို့ဖြစ်ပြီး တည်နေရာမှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၃/၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုပြုရန် တင်ပြလာသည့် လုပ်ငန်းများအား ခွင့်ပြုမိန့်(၃)ခုနှင့် အတည်ပြုမိန့်(၅)ခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ၂ ခု ပါဝင်ပါသည်။

ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
====================

Construction of the Bulk LPG Terminal & Bottling Plant, Importation, Storage, Distribution and Sales of LPG လုပ်ကိုင်သည့် Apex Union Gas Co.,
Ltd. နှင့် KMA SIAM Limited တို့ဖြစ်ပြီး သီလ၀ါဆိပ်ကမ်းတွင် အဆိုပါလုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု
====================
ဂျုံထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းဖြစ်သည့် U Kyu Family Company Limited (ရန်ကုန်တိုင်းဒေသကြီး သန်လျင်ကျောက်တန်း)

Fixed & Wireless Broadband Service Provider using Fiber Infrastructure and 2600MHz Spectrum လုပ်ငန်း ဖြစ်သည့် Fortune Telecom Company Limited. သည် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် လုပ်ကိုင်သွားမည် ဖြစ်သည်။


အတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ခု၊ ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂ ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ၁ ခု ပါဝင်သည်။

ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
==================
CMP စနစ်ဖြင့် အ၀တ်အထည် အမျိုးမျိုး ချုပ်လုပ်သည့် Jade Blue Company Limited (China) (ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့)

CMP စနစ်ဖြင့် သိုးမွေးထည် အမျိုးမျိုး ချုပ်လုပ်သည့် Tato Enterprise Limited (Hong Kong) (ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့)

ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
=================
ပဲခူးတိုင်းဒေသကြီးအတွင်း ဘောနတ်ကြီး ကျေးရွာအနီးရှိ iland Industrial Zone တွင် တည်ဆောက်ထားသည့် iland Industrial Estate ကို လျှပ်စစ်ဓာတ်အား ၁၉ မီဂ္ဂါဝပ်ပေးရန် လုပ်ကိုင်သည့် i-Land Park Myanmar Limited

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းတွင် ဒီဇယ်မီးစက်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀ မီဂ္ဂါဝပ် ပေးရန် လုပ်ကိုင်မည့် Southern Myanmar Development Co., Ltd.

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု
====================
Courtyard Marriott Hotel Yangon လုပ်ကိုင်သည့် Hotel Sule Square
Co., Ltd. (ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့)

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခွင့်ပြုခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ ၅.ဝ ဘီလီယံရှိပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမှန်စီးဝင်မှု တန်ဖိုးပမာဏမှာ အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံ ရှိပါသည်။

ဖေဖော်ဝါရီ ၂၀၁၈ တွင် ခွင့်ပြုခြင်းနှင့် အတည်ပြုခြင်း ပြုခဲ့သည့် လုပ်ငန်းများစာရင်းကို အောက်ပါလင့်ခ်တွင် ဖော်ပြထားပါသည်။

http://www.textiledirectory.com.mm/articles/item/639-mic-approve.html

Read 939 times
Rate this item
(0 votes)