စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် Coronavirus Disease 2019(COVID-19) ကူးစက်ပျံ့နှံမှု မရှိစေရန် သတိပေး နှိုးဆော်ပန်ကြားချက်
မြန်မာနိုင်ငံတွင် (၃၁-၈-၂၀၂၀)ရက်နေ့၊ ည(၈:၀၀)နာရီအထိ coviD-19 ဓာတ်ခွဲအတည်ပြု လူနာ (၈၈၂)ဦး ရှိပြီး၊ (၆)ဦး သေဆုံးခဲ့ပါသည်။
ယခုအခါ ရောဂါလက္ခဏာ မပြသော ကူးစက်မှုများလည်း ရှိနေပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများသည် လုပ်ငန်းသဘာဝအရ ကူးစက်ပျံ့နှံ့မှု အလားအလာ ပိုမိုများပြားနိုင်သည့်အတွက် မိမိတို့၏ လုပ်ဖော်ကိုင်ဘက်များအကြား
• ဖျားခြင်း၊
• ချောင်းဆိုးခြင်း၊
• အသက်ရှူရ ခက်ခဲခြင်းနှင့်
• အားအင်ကုန်ခမ်းခြင်း၊
• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် လွန်ခဲ့သော (၁၄)ရက်အတွင်း ထိတွေ့ မှုရှိခဲ့ခြင်း၊
• COVID-19 ရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရသူ၊
• အသွားအလာ ကန့်သတ် ခြင်းခံရသူတို့နှင့် တစ်အိမ်တည်းတွင် အတူတကွ နေထိုင်ခြင်း၊
• COVID-19 ဓာတ်ခွဲ အတည်ပြု လူနာနှင့် ၃ ပေအကွာအဝေးအတွင်းတွင် ၁၅ မိနစ် ကျော်ကြာအောင် မျက်နှာချင်းဆိုင် ရှိခဲ့ဖူးခြင်း၊
• COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှု ရှိခဲ့ဖူးခြင်းတို့ရှိပါက ဝန်ထမ်း ကြီးကြပ်ရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေး ဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပို့၍ ကျန်းမာရေးစစ်ဆေးမှု ခံယူစေ နိုင်ရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။
• လုပ်ငန်းခွင်အတွင်းတွင် တတ်နိုင်သမျှ မျက်နှာချင်းဆိုင် အလုပ်မလုပ်ဘဲ ဘေးတိုက်နေရာ ချထားပြီး (၆)ပေခွာ၍ အလုပ်လုပ်ကိုင်ခြင်း၊ မဖြစ်မနေ မျက်နှာချင်းဆိုင် အလုပ်လုပ်ကိုင် ရမည်ဆိုပါက အများဆုံး(၁၅)မိနစ်ထက် မပိုစေခြင်း စသည့် Physical Distancing လမ်းညွှန်ကို တိကျစွာ လိုက်နာဆောင်ရွက်ရပါမည်။
• ရေနှင့်ဆပ်ပြာကို အသုံးပြု၍ စက္ကန့် (၂၀)ကြာအောင် လက်ဆေးခြင်း သို့မဟုတ် Alcohol အနည်းဆုံး ၆၀ ပါဝင်သော လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏလက်ဆေးခြင်း ပြုလုပ်ရ ပါမည်။
• ပါးစပ်နှင့်နှာခေါင်းစည်းများ အပါအဝင် လိုအပ်သော တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများကို မဖြစ်မနေ ဝတ်ဆင်ရပါမည်။
သို့မှသာ မိမိကိုယ်တိုင်နှင့် လုပ်ဖော်ကိုင်ဘက်များအကြား၊ မိသားစုနှင့်နီးစပ်ရာများအကြား ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်နိုင်ပြီး ရောဂါကူးစက်မှု ရှိပါကလည်း အချိန်မီ ကုသမှု ခံယူနိုင်မည် ဖြစ်ပါကြောင်း သတိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။
လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ
ပြည်သူ့ကျန်းမာရေးဦးစီးဌာန
By Myanmar Textile & Garment Guide