What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Made in Ethiopia by China (Part Four)

အီသီယိုးပီးယားမှာ ကမ္ဘာ့ဘဏ်ချေးငွေတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီး တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံ ချေးငွေတွေနဲ့လည်း လုပ်ဆောင်နေတယ်။

နိုင်ငံအနေဖြင့် ပြည်ပကြွေးမြီ ပိနေတယ်။ တစ်နည်းပြောရရင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှု ရရှိအောင် ပြည်ပကြွေးမြီနဲ့ ကျားကန်ထားတယ်။
အဲဒီလို ပိနေစေတဲ့ ချေးငွေ နှစ်ရပ်မှာ ကွာခြားချက် ရှိနေတယ်။ တရုတ်ချေးငွေက ပရဟိတ မဟုတ်ဘူး။ အီသီယိုးပီးယားရဲ့ စီးပွားရေး ကြီးထွားမှုကို အီသီယိုးပီးယားက ထိန်းကျောင်းမောင်းနှင်နေတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေစေတယ်။ တရုတ်နိုင်ငံထံမှ ကန်ဒေါ်လာ ဘီလျံချီပြီး ယူထားတဲ့ ချေးငွေတွေနဲ့ ပင့်အားယူပြီး ပျံတက်ဖို့ ကြိုးစားနေတာသာ ဖြစ်နေလို့ အချိန်မရွေး လန်ကျသွားနိုင်တယ်။
ကုန်းတွင်းပိုင်းနိုင်ငံ ဖြစ်နေတာရယ်၊ ဆိုခဲ့တဲ့အတိုင်း ကုန်လမ်းပို့ဆောင်ရေးမှာလည်း နိုင်ငံရေး မတည်ငြိမ်တာ၊ စစ်ဆေးရေးဂိတ်တွေ ကြာမြင့်တာတွေကြောင့် သိုလှောင်ထောက်ပို့ logistic အတွက် ကုန်ကျစရိတ်တွေက ရှစ်ဆ မြင့်တက်သွားတယ်။
ဒါပေမဲ့ လုပ်သားအင်အားစုထဲကို အသစ်ဝင်ရောက်လာခါစ လူငယ်တွေမှာတော့ မျှော်လင့်ချက်တွေ ထားလို့ ရနေတယ်။ ကျေးလက်ကို ကျောခိုင်းပြီး စက်မှုဇုန်တွေမှာ အလုပ်ရနိုင်တယ်။ အသက် ၁၈ နှစ်ရှိသူ စက်ချုပ်သမတစ်ဦးက မြို့မှာ နေရတာ ကျဉ်းကျပ်ပေမဲ့ တောမှာ နေရတာထက်တော့ သာတယ်လို့ ဆိုတယ်။ သူမက Indochine မှာ ဘောင်းဘီအနားသတ် ချုပ်တဲ့သူ။ မွေးချင်း ၇ ယောက်နဲ့အတူ ကျေးလက်မှာ လူလားမြောက်ခဲ့တယ်။ သူ့အိမ်က နှစ်ဧက်ခွဲ လယ်မြေ ပိုင်ဆိုင်တယ်။ ‘‘တောမှာ အခုလို သန့်သန့်ပြန့်ပြန့် နေဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီမှာ လုပ်ကိုင်တဲ့အတွက် အတွေ့အကြုံတွေရတယ်။ အမြင်ကျယ်တယ်’’ သူမက လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့အတူ တိုက်ခန်းတစ်ခန်း စပ်တူငှားပြီး နေထိုင်တယ်။ သူမအနေဖြင့် တစ်လကို လခ ကန်ဒေါ်လာ ၂၃.၇ နဲ့ ညီမျှတဲ့ နိုင်ငံသုံးငွေ ဘီရာ ပမာဏကို ရရှိတယ်။ ကုမ္ပဏီက စားစရိတ်ကို သီးခြားထောက်ပံ့လို့ တစ်လကို ကန်ဒေါ်လာ ၇.၃၀ နဲ့ ညီမျှတဲ့ ဘီရာ ပမာဏကို ရရှိတယ်။ ရက်ပျက်မရှိရင် ရက်မှန်ကြေး ဆုကြေးက ကန်ဒေါ်လာ ၇.၃၀ ထပ်ရတယ်။ အခု အခန်းငှားနေတာက တစ်လကို ၁၈ ကန်ဒေါ်လာ ပေးရတယ်။ တစ်ယောက်တစ်ဝက် စပ်တူငှားတာဆိုတော့ သူမက ၉ ကန်ဒေါ်လာ ပေးရတယ်။ စားသောက်တာက တစ်နေ့ကို ကန်ဒေါ်လာဝက် ကုန်တယ်။ သူမအဖို့ ဈေးကြီးတာက ဆပ်ပြာ။ ပြည်ပသွင်းကုန် ဖြစ်နေလို့ ဈေးမြင့်နေတယ်။ ဒီတော့ ဆပ်ပြာကို ချွေတာ သုံးရတယ်။ နေထိုင်မကောင်လို့ အလုပ်ပျက်ရက် ရှိတဲ့လဆိုရင် ရက်မှန်ဆုကြေး ၇.၃၀ မရတော့ဘူး။ ဘယ်လိုပဲပဲ လောက်ငပါတယ်။ ပြီးတော့ သူ့မမှာ အနာဂတ်စိတ်ကူးရှိတယ်။
‘‘ကျမ ဘ၀က အဆင်ပြေပြေ မပြေပြေ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ တစ်နေ့ကျရင် ကိုယ်ပိုင် အပ်ချုပ်စက် ၀ယ်မယ်။ ကျမ အပ်ချုပ်ဆိုင် ဖွင့်မယ်။ ကျမ ကိုယ်တိုင် ချုပ်မယ်။ အ၀တ်ချုပ်စားမယ်’’

Made in Ethiopia by China အပိုင်း(၁) လင့်ခ်

http://www.textiledirectory.com.mm/articles/item/756-hawassa-industrial-park.html

600x 1

Read 782 times
Rate this item
(0 votes)