What's new

×

Warning

JUser: :_load: Unable to load user with ID: 845


School of Fashion Technology စက်ချုပ်သင်တန်းကျောင်း ဖွင့်လှစ်ရန် ညှိနှိုင်း

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ School of Fashion Technology သင်တန်းကျောင်းတစ်ခုကို ရန်ကုန်တိုင်းေးသကြီး အင်းစိန်မြို့နယ်ရှိ GTI ကျောင်း၌ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ထံမှ သိရသည်။

"GTI ကျောင်းထဲမှာ School of Fashion Technology သင်တန်းကျောင်းတစ်ခု ဖွင့်နိုင်ဖို့ ညှိနှိုင်းနေတာ ရှိပါတယ်။ ဒီသင်တန်းကျောင်း အကောင်အထည်ဖော်ဖြစ်ရင် ကျောင်းထဲမှာ အခြေခံစက်ချုပ်သင်တန်း၊ ထုတ်လုပ်မှုသင်တန်း၊ အုပ်ချုပ်မှုသင်တန်း၊ ဒီဇိုင်းရေးဆွဲတာ၊ ပါကင်ထုတ်ပိုးတာနဲ့ စက်ပြင်တွေပါ ထားနိုင်မှာပါ။ ဒါ့ပြင် ဝယ်သူနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးလို့ရမယ့် နေရာတွေလည်း ထည့်ထားတာရှိပါတယ်" ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
နိုင်ငံတစ်ဝန်း၌ အထည်ချုပ်စက်ရုံများ တိုးတက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်းနှင့် ပို့ကုန်တန်ဖိုး မြှင့်တင်နိုင်ခြင်းတို့ကြောင့် လက်ရှိတွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ကောင်းမွန်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံပြီး အာဆီယံနိုင်ငံများအနေဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှလည်း အထည်ချုပ်လုပ်ငန်းများ လာရောက်လုပ်ကိုင်ကြောင်း သိရသည်။
"ကျွန်မတို့ လေ့လာရသလောက်ကတော့ ဥရောပသမဂ္ဂပေါ့၊ အထူးသဖြင့် ဂျာမနီဆိုရင် ၂ဝ၁၇ ခုနှစ် ပထမလေးလပိုင်း ပို့ကုန်နဲ့ ၂ဝ၁၈ ခုနှစ် ပထမလေးလပိုင်း ပို့ကုန်က နှစ်ဆတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ သန်း ၉ဝ လောက်ရှိမယ်ထင်တယ်။ ဒီနှစ်မှာဆိုရင် ဂျာမနီတစ်နိုင်ငံတည်း အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ဖြစ်သွားပြီ။ အထည်ချုပ်လုပ်ငန်းရဲ့ ပို့ကုန်တန်ဖိုး စုစုပေါင်းက အရင်နှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ လောက်ရှိပါတယ်။ ဒီနှစ်ဆိုရင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်လောက်ရှိမယ်လို့ မှန်းပါတယ်" ဟု ဒေါ်ခိုင်ခိုင်နွယ်ကပြောသည်။
နိုင်ငံတစ်ဝန်း၌ အထည်ချုပ်စက်ရုံ ၅ဝဝ ကျော်ရှိပြီး ယင်းအထည်ချုပ်စက်ရုံများ၌ ဝင်ရောက်လုပ်ကိုင်နေသည့် အလုပ်သမား ငါးသိန်းဝန်းကျင်ရှိကြောင်း၊ အထည်ချုပ်စက်ရုံများအနက် ရန်ကုန်တိုင်းဒေသကြီး၌ စက်ရုံ ၄ဝဝ ကျော်ရှိကာ အလုပ်သမား လေးသိန်းခန့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အခည်ချုပ်လုပ်ငန်းသည် အလုပ်သမားများစွာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းပိုမိုအောင်မြင်စေရန် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးကို လက်ရှိထက် ပိုမိုကောင်မွန်စေရေး အထူးဂရုစိုက်ရမည်ဖြစ်ပြီး လုပ်သားများ၏ ထုတ်လုပ်မှုကောင်းမွန်စေရန်လည်း ဂရုပြုရမည်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း လုပ်သားများ တိုးမြှင့်ထုတ်ပေးနိုင်ရန် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းသိရသည်။

 

Source:myawaddy

Read 1279 times
Rate this item
(1 Vote)