What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင် စက်ရုံများ လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး ညွှန်ကြားချက်များကို အသိပေးနှိုးဆော်

ယာယီရပ်နားကာလအပြီး ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင် စက်ရုံများ လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး ညွှန်ကြားချက်များကို အသိပေးနှိုးဆော် ခြင်း

 


MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

gh Floor, UMFCCI, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon. Tel: +95 1 2314829, 2300253, Email: This email address is being protected from spambots. You need JavaScript enabled to view it., Website: www.myanmargarments.org

အသိပေး နှိုးဆော်ခြင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

 

အကြောင်းအရာ။ ။ယာယီရပ်နားကာလအပြီး ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင် စက်ရုံများ လိုက်နာဆောင်ရွက်ရမည့်  Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များကို အသိပေးနှိုးဆော်ခြင်း။

 

 ၁။ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားမှုဒုတိယလှိုင်း၏ သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့် အမှတ် - ၁၀၇/၂ဝ၂ဝ ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံ များမှာ ၂၄-၉-၂၀၂၀ ရက်မှ ၇-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ ၁၄ ရက်ကြာ ယာယီရပ်နားထားခဲ့ရပါသည်။

 

 ၂။ ထို့နောက် ၅-၁ဝ-၂ဝ၂ဝ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆက်လက်၍ အမိန့်အမှတ် - ၁၁၃/၂ဝ၂ဝ ကို ထုတ်ပြန်ပြီး ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၈-၁ဝ-၂ဝ၂ဝ ရက်နေ့မှ ၂၁-၁ဝ-၂ဝ၂ဝ ရက်နေ့အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ထပ်မံကြေငြာခဲ့ပါသည်။ ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) လုပ်ငန်းဆောင်ရွက်ကြသော မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင်စက်ရုံများသည် မိမိတို့၏ စက်ရုံလုပ်ငန်းများအား ၈-၁ဝ-၂ဝ၂ဝ ရက်မှ ၂၁-၁၀-၂၀၂၀ ရက် အထိ ဆက်လက်၍ ယာယီရပ်နားထားရမည် ဖြစ်ပါသည်။ 

 

၃။ သို့ပါ၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အသင်းဝင် စက်ရုံများအနေဖြင့် ယာယီ ရပ်နားကာလအပြီး စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ကြသောအခါ ကျန်းမာရေး နှင့် အား ကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် (Guideline) များအား လေးစားလိုက်နာ ဆောင် ရွက်ကြရန် အောက်ပါအတိုင်း အသိပေးနှိုးဆော်အပ်ပါသည်။ 

(က) ကိုယ်အပူချိန်တိုင်းကိရိယာများ ထားရှိ၍ ဝန်ထမ်းများအားလုံးကို ကိုယ်အပူချိန်တိုင်းပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုပါ။ 

(ခ) ဝန်ထမ်းများ စနစ်တကျလက်ဆေးနိုင်ရန် လက်ဆေးဘေစင်၊ ရေ၊ ဆပ်ပြာနှင့် Hand Sanitizer တို့ကို အလုံအလောက်ထားရှိပေးပါ။ လက်ဆေးရာ နေရာတိုင်းတွင် စနစ်တကျ လက်ဆေးနည်း ပိုစတာများ ကပ်ထားပါ။ 

(ဂ) လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့် အကွာအဝေး (Social Distancing) တွင် အလုပ်လုပ်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ထားရှိပြီး လူစုလူဝေးနှင့် လုပ်ကိုင်ခြင်းကို ရှောင်ကြဉ်ပါ။

(ဃ) ဝန်ထမ်းများအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို အချိန်ပြည့် စနစ်တကျ တပ်ဆင်ကြစေရန် ကြီးကြပ်ပါ။ 

(င) အလုပ်သမားများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် Face Shield များ စနစ်တကျ ဝတ်ဆင်ပြီးမှသာ ကြိုပို့ယာဉ် (ဖယ်ရီကား) များပေါ် တက်ရောက်ခွင့်ပေးပါ။ ဖယ်ရီကားများ ပေါ်တွင် အလုပ်သမားအချင်းချင်းပူးကပ်မနေစေရန်နှင့် ၎င်းတို့အချင်းချင်း စကားပြောဆို ခြင်း မပြုလုပ်ကြစေရန် စီမံရေးရာဌာနဝန်ထမ်းတစ်ဦးအား သီးသန့်တာဝန်ပေး၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါ။ 

(စ) ပိုစတာနှင့် လက်ကမ်းစာစောင်များကို သက်ဆိုင်ရာ လုပ်ငန်းခွင်အလိုက် ဖြန့်ဝေပေးခြင်း၊ အသံဖိုင်များ အသုံးပြု၍ သက်ဆိုင်ရာလုပ်ငန်းခွင်အလိုက် နားဆင်နိုင်ရန်စီစဉ်ပေးပါ။ ဝန်ထမ်းများအချင်းချင်း သို့မဟုတ် ဝန်ထမ်းအုပ်စုငယ်များအကြား ကျန်းမာရေးအသိပညာ မျှဝေပါ။ 

(ဆ) ထုတ်ပြန်ထားသော - 

(၁) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ wâ:zzsalns (Version 4.0) (26-6-2020) 

(၂) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 4.1) 

(၃) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍  စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများသို့ အသိပေးညွှန်ကြားချက်(၁၅-၉-၂၀၂၀) နှင့် 

(၄) အခြား သက်ဆိုင်ရာ အမိန့်၊ ညွှန်ကြားချက် နှင့် လမ်းညွှန်ချက်များအားလုံးကို လိုက်နာဆောင်ရွက်ကြပါ။

 (ဈ) မိမိ ဝန်ထမ်းများထဲတွင် COVID-19 ရောဂါ သံသယရှိသူတွေ့ရှိပါက Fever Clinic သို့မဟုတ် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းသွားရောက် စစ်ဆေးမှုခံယူစေပြီး သက်ဆိုင်ရာ၏ ညွှန်ကြားချက်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပါ။

(ဇ) COVID-19 ရောဂါ သံသယရှိသူ သို့မဟုတ် ဓါတ်ခွဲအတည်ပြုလူနာအပြင် ၎င်းတို့နှင့်ထိတွေ့မှု (Close Contact) ရှိသဖြင့် သီးသန့်ထား စောင့်ကြည့်ခြင်း ခံရသူများအားလုံးကို လစာမဲ့ခွင့်ဖြင့် ခွင့်ပြုပေးပြီး အလုပ်အကိုင်တည်မြဲရေးအတွက် အာမခံချက်ပေးပါ။

 

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

 

 

 

 

#Myanmar Garment Manufacturers Association

Read 763 times
Rate this item
(0 votes)