What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရိုနာဗိုင်းရပ်စ်အလဲထိုးချခဲ့တဲ့ Fashion နယ်ပယ်

ခါတိုင်းဆို ဒီအချိန်တွေက အနောက်နိုင်ငံတွေမှာ နွေရာသီ ပိတ်ရက်ရှည် နီးလို့ Summer Fashion တွေစတင်ပေါ်ထွက်တဲ့ အချိန်ဖြစ်ပြီးချွေးစုတ်တဲ့ အဝတ်စတွေ ၊ အပါးသားတွေခေတ်စားတဲ့ အချိန်ပေါ့။ယခုဆိုအင်္ဂလန်နိုင်ငံရဲ့ အဝတ်အထည်အရောင်းဟာ ပြီးခဲ့တဲ့ မတ်လတွင်တောင် ၃၄ ရာခိုင်နှုန်းကျလျက်ရှိပြီး ကမ္ဘာ့ လူဦးရေရဲ့ လူတိုင်းလိုလိုဟာ ကိုရိုနာ ဗိုင်းရစ်ကြောင့် ခရီးလည်းမသွားနိုင်သလို အိမ်ထဲက အိမ်ပြင် မထွက်ရပဲ နေရတဲ့ အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။

 

အင်္ဂလန်နိုင်ငံ Next အဝတ်အထည် လုပ်ငန်းစုကြီးရဲ့ အမှု့ဆောင်ချုပ်ကြီး Simon Wolfson ပြောစကားအရ '' အိမ်ထဲမှာ ထိုင်နေဖို့ကို ဘယ်သူက ဖက်ရှင်ကျကျ ဝတ်ပြီး ထိုင်နေမှာလဲ ဒီတော့ အိမ်မှာပဲ ထိုင်နေရတဲ့ အတွက်ကို ဘယ်သူကငွေကုန် ကြေးကျခံဝယ်မလဲ '' ဆိုကာ ခက်ရွတ်ရွတ် ပြောကြားခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတော်လေးထိခိုက်မှု့ရှိတာကတော့ ဖက်ရှင် နယ်ပယ်ပါပဲ ။ အဝတ်အထည် စက်ရုံတွေပိတ်သိမ်းတော့ ထုတ်လုပ်မှု့တွေက ရပ်ဆိုင်းသွားတယ် ၊ အဝတ်အထည်စက်ရုံမှ အလုပ်သမားတွေအလုပ်လက်မဲ့ ဖြစ်ကြရတယ် ၊ လက်လီရောင်းချသမားတွေက မရောင်းရလို့ ပိတ်လိုက်ကြတယ် ၊ ဝယ်ယူမှု့တွေ ကျဆင်းသွားတယ် ဒါဟာ အတော်ဆိုးတဲ့ အနေအထားတစ်ခုပါပဲ။

 

The Business Of Fashion မှ CEO ဖြစ်သူ Imran Amed ပြောကြားချက်အရ '' ဖက်ရှင်နယ်ပယ်မှာ အတော်လေးကို ထိခိုက်မှု့တွေရှိတယ် ၊ Export နဲ့ Import ကိစ္စရပ်တွေလဲမရှိတော့ အတော်လေး အေးနေတဲ့ အနေထားမျိုး " ပါလို့သိရပါတယ်။တကယ်တန်းမှာ ၈၀ ရာခိုင်နှုန်း ရောင်းချမှု့တွေက ဆိုင်ဖွင့်ပြီး လက်လီ ရောင်းချတာပါ ၊ အွန်လိုင်းကနေရောင်းချမှု့ က ၂၀ ရာခိုင်နှုန်း သာရှိတယ်လို့သိရပါတယ်။

 

လက်ရှိမှာ စားသုံးသူတွေအနေနဲ့ အဝတ်အစား ဝယ်ဖို့ အတွက် စိတ်အတော်လေးမရှိကျတော့ပါဘူး ။ သူတို့ အိမ်တွင်းနေထိုင်ရချိန်မှာ လိုအပ်မည့်ပစ္စည်းနဲ့ အစားအစာတွေကို အဓိကထားဝယ်ကျပါတယ်။ သူတို့စိတ်ထဲမှာက လက်ထဲငွေပျက်မှာဆိုးလို့အပိုငွေကို မသုံးကျတော့ဘူးလို့သိရပါတယ် ဒီတော့ကား ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတော်လေး အထိအနာဆုံးဟာ အဝတ်အထည်နယ်ပယ်ပဲဖြစ်နေပါတော့တယ်။

 

<<< Zawgyi >>>

 

ကို႐ိုနာဗိုင္းရပ္စ္အလဲထိုးခ်ခဲ့တဲ့ Fashion နယ္ပယ္

---------------------------

 

ခါတိုင္းဆို ဒီအခ်ိန္ေတြက အေနာက္ႏိုင္ငံေတြမွာ ေႏြရာသီ ပိတ္ရက္ရွည္ နီးလို႔ Summer Fashion ေတြစတင္ေပၚထြက္တဲ့ အခ်ိန္ျဖစ္ၿပီးေခြၽးစုတ္တဲ့ အဝတ္စေတြ ၊ အပါးသားေတြေခတ္စားတဲ့ အခ်ိန္ေပါ့။ယခုဆိုအဂၤလန္ႏိုင္ငံရဲ႕ အဝတ္အထည္အေရာင္းဟာ ၿပီးခဲ့တဲ့ မတ္လတြင္ေတာင္ ၃၄ ရာခိုင္ႏႈန္းက်လ်က္ရွိၿပီး ကမာၻ႔ လူဦးေရရဲ႕ လူတိုင္းလိုလိုဟာ ကို႐ိုနာ ဗိုင္းရစ္ေၾကာင့္ ခရီးလည္းမသြားႏိုင္သလို အိမ္ထဲက အိမ္ျပင္ မထြက္ရပဲ ေနရတဲ့ အတြက္ေၾကာင့္ျဖစ္ႏိုင္ပါတယ္။

 

အဂၤလန္ႏိုင္ငံ Next အဝတ္အထည္ လုပ္ငန္းစုႀကီးရဲ႕ အမႈ႕ေဆာင္ခ်ဳပ္ႀကီး Simon Wolfson ေျပာစကားအရ '' အိမ္ထဲမွာ ထိုင္ေနဖို႔ကို ဘယ္သူက ဖက္ရွင္က်က် ဝတ္ၿပီး ထိုင္ေနမွာလဲ ဒီေတာ့ အိမ္မွာပဲ ထိုင္ေနရတဲ့ အတြက္ကို ဘယ္သူကေငြကုန္ ေၾကးက်ခံဝယ္မလဲ '' ဆိုကာ ခက္႐ြတ္႐ြတ္ ေျပာၾကားခဲ့ပါတယ္။

 

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေတာ္ေလးထိခိုက္မႈ႕ရွိတာကေတာ့ ဖက္ရွင္ နယ္ပယ္ပါပဲ ။ အဝတ္အထည္ စက္႐ုံေတြပိတ္သိမ္းေတာ့ ထုတ္လုပ္မႈ႕ေတြက ရပ္ဆိုင္းသြားတယ္ ၊ အဝတ္အထည္စက္႐ုံမွ အလုပ္သမားေတြအလုပ္လက္မဲ့ ျဖစ္ၾကရတယ္ ၊ လက္လီေရာင္းခ်သမားေတြက မေရာင္းရလို႔ ပိတ္လိုက္ၾကတယ္ ၊ ဝယ္ယူမႈ႕ေတြ က်ဆင္းသြားတယ္ ဒါဟာ အေတာ္ဆိုးတဲ့ အေနအထားတစ္ခုပါပဲ။

 

The Business Of Fashion မွ CEO ျဖစ္သူ Imran Amed ေျပာၾကားခ်က္အရ '' ဖက္ရွင္နယ္ပယ္မွာ အေတာ္ေလးကို ထိခိုက္မႈ႕ေတြရွိတယ္ ၊ Export နဲ႔ Import ကိစၥရပ္ေတြလဲမရွိေတာ့ အေတာ္ေလး ေအးေနတဲ့ အေနထားမ်ိဳး " ပါလို႔သိရပါတယ္။တကယ္တန္းမွာ ၈၀ ရာခိုင္ႏႈန္း ေရာင္းခ်မႈ႕ေတြက ဆိုင္ဖြင့္ၿပီး လက္လီ ေရာင္းခ်တာပါ ၊ အြန္လိုင္းကေနေရာင္းခ်မႈ႕ က ၂၀ ရာခိုင္ႏႈန္း သာရွိတယ္လို႔သိရပါတယ္။

 

လက္ရွိမွာ စားသုံးသူေတြအေနနဲ႔ အဝတ္အစား ဝယ္ဖို႔ အတြက္ စိတ္အေတာ္ေလးမရွိက်ေတာ့ပါဘူး ။ သူတို႔ အိမ္တြင္းေနထိုင္ရခ်ိန္မွာ လိုအပ္မည့္ပစၥည္းနဲ႔ အစားအစာေတြကို အဓိကထားဝယ္က်ပါတယ္။ သူတို႔စိတ္ထဲမွာက လက္ထဲေငြပ်က္မွာဆိုးလို႔အပိုေငြကို မသုံးက်ေတာ့ဘူးလို႔သိရပါတယ္ ဒီေတာ့ကား ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေတာ္ေလး အထိအနာဆုံးဟာ အဝတ္အထည္နယ္ပယ္ပဲျဖစ္ေနပါေတာ့တယ္။

 

Ref ; BBC 

Read 1276 times
Rate this item
(0 votes)