What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အစုိးရ ပုဂၢလိက ဒသမအႀကိမ္ ပံုမွန္ အစည္းအေဝး

UNICODE+ZAWGYI

နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ ပုံမှန် အစည်းအဝေး (ဒသမအကြိမ်) တွင်ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များကို ဖော်ပြလိုက်ပါသည်။


ဒသမအကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် စာပေထုတေ်ဝမှုနှင့် ဖြန့်ချိမှုကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပရိဘောဂ စက်မှုလက်မှု လုပ်ငန်းကဏ္ဍ၊ ဆန်စပါးကဏ္ဍ၊ စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
စာပေထုတေ်ဝမှုနှင့်ဖြန့်ချိမှုကဏ္ဍ
*********************
မြန်မာနိုင်ငံစာပေထုတေ်ဝသူနှင့်ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦး တင်ပြပါသည်။
မြန်မာ့စာဖတ်ပရိတ်သတ်များအကြား Social Media အသုံးပြုမှု ပျံ့နှံ့လာမှုကြောင့် စာပေဖတ်ရှုမှုများ နည်းပါးလာသည့်အတွက် နိုင်ငံတကာတွင် အားပေးလုပ်ဆောင်နေသကဲ့သို့ အစိုးရမှ အားပေး ထောက်ပံမှုများ ပြုလုပ်ပေးပါရန်
စာပေလောကတွင် တွေ့ကြုံနေရသော မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းပေးရန်
စာအုပ်တန်ဖိုးများ လျော့နည်းသက်သာမှ စာပေဖတ်ရှုသူများ တိုးပွားလာနိုင်မည်ဖြစ်၍ စာအုပ်များ ရောင်းချမှု၊ တင်ပို့မှုများပြုလုပ်ရာတွင် ကုန်သွယ်ခွန် အခွန်အခများကို ကင်းလွတ် (သို့) လျော့ချမှုများ ပြုပေးရန်
နယ်စာဖတ်ပရိသတ်များအတွက် စာတိုက်များမှ တစ်ဆင့် စာအုပ်များကို ပို့ဆောင်ခ သက်သာစွာဖြင့် လွယ်ကူစွာ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးပါရန် တင်ပြခဲ့သည်။
စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
*********************
မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်လှိုင် တင်ပြပါသည်။
စက်မှုဇုန်များတွင် ကြုံတွေ့နေရသော အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်၊ အညစ်အကြေးစွန့်ပစ်မှုဆိုင်ရာ အခက်အခဲများအား ဖြေရှင်းခြင်းနှင့် စက်မှုဇုန်အဆင့်မြှင့်တင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်မှုဝန်ကြီးဌာန စသည့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေပါသဖြင့် သက်ဆိုင်ရာအစိုးရဌာန အသီးအသီး၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် စက်မှုဇုန်ကော်မတီများပါဝင်သော ဗဟိုဦးဆောင်အဖွဲ့တစ်ရပ် ဖွဲ့စည်းပေးနိုင်ရန်
ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာစေရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအား ဦးစားပေးသော အစီအမံများ (Local Preferences) များ စီစဉ်ထားရှိနိုင်ရေး၊ ဥပမာအားဖြင့် အစိုးရဌာနများက ခေါ်ယူသော တင်ဒါများတွင် “နိုင်ငံခြားဖြစ် ပစ္စည်းများသာ” ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ပေးပြီး၊ ကုန်ပစ္စည်းအရည်အသွေးနှင့် အဆင့်သတ်မှတ်ချက်တူညီပါက ပြည်တွင်းထုတ်ပစ္စည်းများအား ဦးစားပေး အသုံးပြုပေးပါရန် တင်ပြပါသည်။
ပရိဘောဂစက်မှုလက်မှုလုပ်ငန်းကဏ္ဍ
*********************
မြန်မာနိုင်ငံပရိဘောဂစက်မှုလက်မှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းမှ တင်ပြသည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား ပရိဘောဂထုတ်လုပ်တင်ပို့ရောင်းချမှုများ ပြုလုပ်ရာတွင် လာအိုနိုင်ငံပြီးလျှင် ဒုတိယအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ယှဉ်လျှင် ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၀၆၉.၈ သန်းခန့် တင်ပို့နိုင်ပြီး၊ မြန်မာနိုင်ငံအနေအဖြစ်မူ အမေရိကန်ဒေါ်လာ ၁၅.၂၈ သန်းခန့်သာ တင်ပို့ရောင်းချနိုင်သဖြင့် အလွန်နောက်ကျ ကျန်လျက်ရှိကာ ဖွံ့ဖြိုးတိုးတက်ရန် အလျင်အမြန်ဆောင်ရွက်နိုင်ရေး
ပရိဘောဂလုပ်ငန်းဖွံ့ဖြိုးတိုးတက်လျှင် လုပ်သားများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး တိုင်းပြည် GDP တက်လာရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း
ပြည်တွင်းရှိ ဌာနများအလိုက် ချမှတ်ထားသော ဥပဒေစည်းမျဉ်းများကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့မှု မရှိသေးသဖြင့် ပရိဘောဂ ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ လျှင်မြန်စွာ တင်ပို့ရောင်းချနိုင်ရန်အတွက် ယခုကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများကို လျှော့ပေါ့ပေးရန်
ပရိဘောဂပစ္စည်းများကို ပြည်ပကုန်စည်ပြပွဲသို့ သွားရောက်၍ နမူနာများ ပြသရာတွင် လျှင်မြန်မှုမရှိပဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဌာနတို့ ပူးပေါင်းကာ ပရိဘောဂ ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြခဲ့သည်။
ဆန်စပါးကဏ္ဍ
*************
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင် တင်ပြသည်။
ဒေသအခြပြေု လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်၍ ပြည်နယ်-တိုင်းဒေသကြီး (၁၀) ခုရှိ စီမံကိန်း ၃၃ နေရာတွင် တည်ထောင်နိုင်ရန် လေးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ အစိုးရဌာနများမှ ပူးပေါင်းပါဝင်ပေးပါရန်
လယ်ယာသီးနှံဆိုင်ရာ ဓာတ်ခွဲခန်းတည်ထောင်နိုင်ရေးအတွက် လှည်းကူးမြို့၌ မြေနေရာစီစဉ်ပေးပါရန်
ဆန်စပါးအရည်အသွေး စံချိန်စံနှုန်းနှင့် ချိန်တွယ်စနစ်အား နိုင်ငံတကာစနစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေရာတွင် နိုင်ငံတော်အစိုးရမှ ပူးပေါင်းပါဝင်ပေးရန်
နှစ်ဖက်အစိုးရများအကြား အရောင်းအဝယ်စာချုပ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချရာတွင် ကြိုတင်ဝင်ငွေခွန် ၂ % ပေးဆောင်နေရခြင်းအား ပယ်ဖျက်ပေးရန်
နိုင်ငံခြားသို့ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိဆိပ်ကမ်းများအပြင် ပုသိမ်နှင့် စစ်တွမြေို့များရှိ ဆိပ်ကမ်းများအား အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန်
ပြည်တွင်းလယ်ယာထွက်ကုန်များအနဖြေင့် ပြည်ပဈေးကွက်တစ်ရပ်တည်းကိုသာ အားထားနေရခြင်း၊ ပြည်တွင်း လက်လီလက်ကား ဈေးကွက်များအားနည်းနခြေင်း စသည်တို့ကို ဖြေရှင်းပေးနိုင်ရန် ဆန်စပါးမူဝါဒ ပြန်လည် ပြင်ဆင် ရေးဆွဲရန်
ပြည်တွင်းကုမ္ပဏီများအနဖြေင့် နိုင်ငံတွင်းရှိ ပြည်ပဘဏ် (၁၃) ဘဏ် ထံမှ ကုန်သွယ်မှုငွေကြေးအထောက်အပံ့ (Trade Financing) နှင့် လုပ်ငန်းငွေကြေးထောက်ပံ့မှု (Corporate Financing) ရရှိနိုင်ရေးအတွက် ဥပဒဖြေင့် ခွင့်ပြုပေးပါရန်
ကန်ထရိုက်လယ်ယာစနစ်အဖြစ် တောင်သူလယ်သမားများနှင့် ကုမ္ပဏီများအကြား စာချုပ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းတွင် နိုင်ငံတော်အစိုးရပါ ခုံသမာဓိသဘောဖြင့် ပါဝင်၍ သုံးဦးသုံးဖလှယ်စာချုပ်တွင် ပါဝင်နိုင်ရန်
ရန်ကုန်တိုင်းအတွင်းနှင့် အခြားဒေသများတွင် ဆန်၊ စပါးနှင့် အခြား လယ်ယာထွက်ကုန် သိုလှောင်ရုံများ တည်ဆောက်ပြီး တောင်သူလယ်သမားနှင့် ကုန်သည်များအား အခနှုန်းသက်သာစွာဖြင့် ဌားရမ်းပေးနိုင်ရန်
အိန္ဒိယမှ ဝယ်ယူမှု လျှော့ချခဲ့သည့် မတ်ပဲအစား ပြည်တွင်၌ နွေစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးနိုင်ရန် တင်ပြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
*********************
စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်း တင်ပြသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံအများဆုံးထွက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၌ အဓိကစိုက်ပျိုးသည့် ကုလားပဲဖြူလုံးကြီးသည် နိုင်ငံတကာဈေးကွက်ရရှိနေသော်လည်း မျိုးရိုးဗီဇ၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းလာခြင်းကြောင့် အရည်အသွေးကောင်း ပဲမျိုးစေ့များ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ရေး နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရန်
ကုန်သွယ်မှုမြင့်တက်လာရာတွင် မုံရွာကုန်စည်ဒိုင်နှင့် ပွဲရုံများသည် မြို့အတွင်းတွင်တည်ရှိနခြေင်းကြောင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများ ကြုံတွေ့လာရသဖြင့် မြို့ပြင်တွင် စနစ်ကျသော ကုန်စည်ဒိုင်နှင့် ပွဲရုံတန်းများ ဖော်ဆောင်ပေးရန်

 

president

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
*********************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဇော်ဇော်မှ တင်ပြသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသသည် နယ်စပ်ကုန်သွယ်ရေးအတွက် မူဆယ် (၁၀၅) မိုင်နှင့် ချင်းရွှေဟော် စခန်းနှစ်ခုတို့မှ အများဆုံး ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စု လမ်းမကြီးဖြစ်သည့် (မန္တလေး-လားရှိုး-မူဆယ်) လမ်းမကြီးသည် ယိုယွင်းပျက်စီးလာခြင်း၊ မိုးကာလ၌ တောင်ပြို၊ လမ်းချော်မှုများရှိသဖြင့် ကုန်တင်နောက်တွဲ ယာဉ်ကြီးများ စက်ချို့ယွင်းမှုများ၊ တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသဖြင့် ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းများဖြစ်ကာ ကုန်သည်များ နစ်နာမှုများ ကြုံတွေ့နေရခြင်းကြောင့် ပြည်ထောင်စု လမ်းမကြီးအား ပြုပြင်ပေးရန်
ရှမ်းမြောက်ဒေသတွင် အားထားစိုက်ပျိုးထုတ်လုပ်နေသော ဆန်စပါးနှင့် ပြောင်းသီးနှံအပြင် အခြားစီးပွားဖြစ်သီးနှံများအား တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ၌ တစ်ဖက်နိုင်ငံ၏ ဝယ်လိုအား အပေါ်မူတည်၍ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ သတ်မှတ်ဈေးနှုန်းထက်လျော့၍ တင်ပို့ရောင်းချ နေရခြင်းကြောင့် တောင်သူများနှင့် ကုန်သည်များ နစ်နာလျက်ရှိကြောင်း
စိုက်ပျိုးထုတ်လုပ်သည့် သီးနှံကုန်ကြမ်းများအပေါ် ကုန်ချောထုတ်လုပ် တင်ပို့ရောင်းချနိုင်မည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်၍ သွင်းကုန်အစားထိုး ကုန်ချောများ တင်ပို့နိုင်ရန်
ရှမ်းမြောက်ဒေသတွင် စက်မှုဇုန်များတည်ထောင်နိုင်မှု မရှိသေးသော်လည်း နိုင်ငံပိုင်စက်ရုံ (၃) ရုံ၊ ပုဂ္ဂလိကစက်ရုံ (၁၃၀) ရုံ၊ အလုပ်ရုံ (၄၆၁) ရုံ နှင့် အိမ်တွင်းလုပ်ငန်းလုပ်ကိုင်မှု (၅၆၅) ခု တို့ဖြင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက စက်မှုဇုန်များတည်ထောင်ပေးပြီး စက်မှုလက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးမည်ဆိုပါက ကျွမ်းကျင်လုပ်သားများ ရရှိနိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ပြည်ပသွားရောက်လုပ်ကိုင်မှုနှင့် အလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်မည်ဖြစ်ကြောင်း
ရှမ်းမြောက်ဒေသတွင် ထင်ရှားသော နေရာများစွာရှိသဖြင့် တရုတ်နိုင်ငံသားများသာမက ကမာ္ဘလှည့် ခရီးသွားများပါ လာရောက်လည်ပတ်လျက်ရှိရာ မန္တလေးမှတစ်ဆင့် လာရောက်ရသည့်အတွက် လုံခြုံရေးအားနည်းမှုနှင့် ခရီးလမ်းကြန့်ကြာမှုများရှိနေကြောင်း
လားရှိုးဒေသသို့တိုက်ရိုက်လည်ပတ်နိုင်ပါက ခရီးသွားလုပ်ငန်းများ ကျယ်ပြန်လာနိုင်သည်နှင့်အမျှ ဒေသတွင်း ဟိုတယ်လုပ်ငန်းများ၊ မော်တော်ယာဉ်ပြေးဆွဲမှုများလည်း တိုးတက်လာကာ နိုင်ငံခြားဝင်ငွေလည်း တိုးမြှင့်ရရှိမည်ဖြစ်ပါကြောင်း
လားရှိုးလေယာဉ်ကွင်းအား အလတ်စားဂျက်လေယာဉ်များ ဆင်းသက်နိုင်ရေးနှင့် တစ်ဖက်နိုင်ငံ တိုက်ရိုက် ခရီးစဉ်သစ်တစ်ခု ဖွင့်လှစ်ဆောင်ရွက်နိုင်ပါက ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြပါသည်။
အထွေထွေဆွေးနွေးခြင်းတွင် တောင်သူလယ်သမားများအနဖြေင့် မတ်ပဲအစား၊ စပါးအား လွတ်လပ်စွာ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဈေးကွက်သတင်းအချက်အလက်များအား မြို့နယ် ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပညာရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး၊ ကရင်ပြည်နယ် သံတောင်ဒေသ၌ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဖွဲ့စည်းရေး၊ စက်မှုဇုန်များတွင် အညစ်အကြေးစွန့်ပစ်မှုကို စနစ်တကျထိန်းချုပ်စီမံနိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တော်ဘဏ်မှတစ်ဆင့် SME များအား ငွေချေးပေးနိုင်ရေးနှင့် ထိုင်းနိုင်ငံနှင့် မြဝတီနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်ရေးထိုးရာတွင် ပြည်တွင်းလုပ်ငန်းများအား ထိခိုက်နိုင်မှုလျှော့ချရေး အစီအမံများ ထည့်သွင်းနိုင်ရေး တို့ကိုပါ ဆွေးနွေးခဲ့ကြပါသည်။
ကုန်သည်စက်မှုအသင်းချုပ်

 

ႏိုင္ငံေတာ္ဒုတိယသမၼတ (၁) ဦးျမင့္ေဆြ ဦးေဆာင္ေသာ ပုဂၢလိကက႑ ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကက႑ကိုယ္စားလွယ္မ်ား ပံုမွန္ အစည္းအေဝး (ဒသမအၾကိမ္) တြင္

ပုဂၢလိကက႑မွ တင္ျပခ်က္မ်ားကို ေဖာ္ျပလိုက္ပါသည္။

ဒသမအႀကိမ္ေျမာက္အျဖစ္ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ က်င္းပသည့္ ႏိုင္ငံေတာ္ ဒုတိယသမၼတ(၁) ဦးျမင့္ေဆြ ဦးေဆာင္ေသာ ပုဂၢလိကက႑ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကက႑ကိုယ္စားလွယ္မ်ား၏ လစဥ္ပံုမွန္ အစည္းအေဝးတြင္ စာေပထုတ္ေ၀မႈႏွင့္ ျဖန္႕ခ်ိမႈက႑၊ စက္မႈကုန္ထုတ္လုပ္မႈက႑၊ ပရိေဘာဂ စက္မႈလက္မႈ လုပ္ငန္းက႑၊ ဆန္စပါးက႑၊ စစ္ကိုင္းတိုင္းေဒသႀကီး စီးပြားေရး ဖြံ႔ျဖိဳးတိုးတက္ေရး က႑ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး က႑မ်ားကို ေဆြးေႏြးခဲ့ၾကသည္။

စာေပထုတ္ေ၀မႈႏွင့္ျဖန္႕ခ်ိမႈက႑
*********************

ျမန္မာႏိုင္ငံစာေပထုတ္ေ၀သူႏွင့္ျဖန္႕ခ်ိသူမ်ားအသင္း ဥကၠ႒ ေဒါက္တာသာထြန္းဦး တင္ျပပါသည္။

? ျမန္မာ့စာဖတ္ပရိတ္သတ္မ်ားအၾကား Social Media အသံုးျပဳမႈ ပ်ံ႕ႏွံ႕လာမႈေၾကာင့္ စာေပဖတ္ရႈမႈမ်ား နည္းပါးလာသည့္အတြက္ ႏိုင္ငံတကာတြင္ အားေပးလုပ္ေဆာင္ေနသကဲ့သို႕ အစိုးရမွ အားေပး ေထာက္ပံမႈမ်ား ျပဳလုပ္ေပးပါရန္

? စာေပေလာကတြင္ ေတြ႕ႀကံဳေနရေသာ မူပိုင္ခြင့္ဆိုင္ရာ ျပႆနာမ်ားအား ေျဖရွင္းေပးရန္

? စာအုပ္တန္ဖိုးမ်ား ေလ်ာ့နည္းသက္သာမွ စာေပဖတ္ရႈသူမ်ား တိုးပြားလာႏိုင္မည္ျဖစ္၍ စာအုပ္မ်ား ေရာင္းခ်မႈ၊ တင္ပို႕မႈမ်ားျပဳလုပ္ရာတြင္ ကုန္သြယ္ခြန္ အခြန္အခမ်ားကို ကင္းလြတ္ (သို႔) ေလ်ာ့ခ်မႈမ်ား ျပဳေပးရန္

? နယ္စာဖတ္ပရိသတ္မ်ားအတြက္ စာတိုက္မ်ားမွ တစ္ဆင့္ စာအုပ္မ်ားကို ပို႕ေဆာင္ခ သက္သာစြာျဖင့္ လြယ္ကူစြာ တင္ပို႕ႏိုင္ေအာင္ ေဆာင္ရြက္ေပးပါရန္ တင္ျပခဲ့သည္။

စက္မႈကုန္ထုတ္လုပ္မႈက႑ဖြံ႔ျဖိဳးတိုးတက္ေရး
*********************

ျမန္မာႏိုင္ငံ စက္မႈကုန္ထုတ္လုပ္သူမ်ားအသင္း တြဲဖက္အတြင္းေရးမွဴး ဦးတင္လႈိင္ တင္ျပပါသည္။

? စက္မႈဇုန္မ်ားတြင္ ႀကံဳေတြ႕ေနရေသာ အေျခခံအေဆာက္အအံု၊ လမ္း၊ တံတား၊ လွ်ပ္စစ္၊ အညစ္အေၾကးစြန္႔ပစ္မႈဆိုင္ရာ အခက္အခဲမ်ားအား ေျဖရွင္းျခင္းႏွင့္ စက္မႈဇုန္အဆင့္ျမွင့္တင္ရာတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ စက္မႈဝန္ႀကီးဌာန စသည့္ အစိုးရဌာနမ်ားအၾကား ေပါင္းစပ္ညွိႏႈိင္းမႈ အားနည္းေနပါသျဖင့္ သက္ဆိုင္ရာအစိုးရဌာန အသီးအသီး၊ ပုဂၢလိကက႑အသင္းအဖြဲ႕မ်ားႏွင့္ စက္မႈဇုန္ေကာ္မတီမ်ားပါဝင္ေသာ ဗဟိုဦးေဆာင္အဖြဲ႕တစ္ရပ္ ဖြဲ႕စည္းေပးႏိုင္ရန္

? ျပည္တြင္းထုတ္လုပ္မႈ ျမင့္တက္လာေစရန္အတြက္ ျပည္တြင္းကုန္ထုတ္လုပ္ငန္းမ်ားအား ဦးစားေပးေသာ အစီအမံမ်ား (Local Preferences) မ်ား စီစဥ္ထားရွိႏိုင္ေရး၊ ဥပမာအားျဖင့္ အစိုးရဌာနမ်ားက ေခၚယူေသာ တင္ဒါမ်ားတြင္ “ႏိုင္ငံျခားျဖစ္ ပစၥည္းမ်ားသာ” ဟူေသာ သတ္မွတ္ခ်က္အား ပယ္ဖ်က္ေပးၿပီး၊ ကုန္ပစၥည္းအရည္အေသြးႏွင့္ အဆင့္သတ္မွတ္ခ်က္တူညီပါက ျပည္တြင္းထုတ္ပစၥည္းမ်ားအား ဦးစားေပး အသံုးျပဳေပးပါရန္ တင္ျပပါသည္။

ပရိေဘာဂစက္မႈလက္မႈလုပ္ငန္းက႑
*********************

ျမန္မာႏုိင္ငံပရိေဘာဂစက္မႈလက္မႈအသင္း ဥကၠ႒ ဦးေက်ာ္ေက်ာ္၀င္းမွ တင္ျပသည္။

? ျမန္မာႏုိင္ငံသည္ အာဆီယံႏိုင္ငံမ်ားအၾကား ပရိေဘာဂထုတ္လုပ္တင္ပို႔ေရာင္းခ်မႈမ်ား ျပဳလုပ္ရာတြင္ လာအိုႏိုင္ငံၿပီးလွ်င္ ဒုတိယအနည္းဆံုးႏိုင္ငံအျဖစ္ ရပ္တည္ေနေၾကာင္း၊ အိမ္နီးခ်င္း ထိုင္းႏိုင္ငံႏွင့္ယွဥ္လွ်င္ ၂၀၁၆ ခုႏွစ္တြင္ ထိုင္းႏိုင္ငံသည္ အေမရိကန္ေဒၚလာ ၁၀၆၉.၈ သန္းခန္႔ တင္ပို႔ႏိုင္ၿပီး၊ ျမန္မာႏိုင္ငံအေနအျဖစ္မူ အေမရိကန္ေဒၚလာ ၁၅.၂၈ သန္းခန္႕သာ တင္ပို႕ေရာင္းခ်ႏိုင္သျဖင့္ အလြန္ေနာက္က် က်န္လ်က္ရွိကာ ဖြံ႕ၿဖိဳးတိုးတက္ရန္ အလ်င္အျမန္ေဆာင္ရြက္ႏိုင္ေရး

? ပရိေဘာဂလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လွ်င္ လုပ္သားမ်ားကိုလည္း အလုပ္အကိုင္ အခြင့္အလမ္းမ်ားစြာ ပံ့ပိုးေပးႏိုင္မည္ျဖစ္ၿပီး တုိင္းျပည္ GDP တက္လာရန္ အေထာက္အကူ ျဖစ္ေစမည္ျဖစ္ေၾကာင္း

? ျပည္တြင္းရွိ ဌာနမ်ားအလိုက္ ခ်မွတ္ထားေသာ ဥပေဒစည္းမ်ဥ္းမ်ားေၾကာင့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ လြယ္ကူေခ်ာေမြ႕မႈ မရွိေသးသျဖင့္ ပရိေဘာဂ ထုတ္လုပ္တင္ပို႕ေရာင္းခ်မႈမ်ားႏွင့္ ပတ္သက္၍ လွ်င္ျမန္စြာ တင္ပို႔ေရာင္းခ်ႏိုင္ရန္အတြက္ ယခုက်င့္သံုးလ်က္ရွိေသာ လုပ္ထံုးလုပ္နည္းမ်ားကို ေလွ်ာ့ေပါ့ေပးရန္

? ပရိေဘာဂပစၥည္းမ်ားကို ျပည္ပကုန္စည္ျပပြဲသို႔ သြားေရာက္၍ နမူနာမ်ား ျပသရာတြင္ လွ်င္ျမန္မႈမရွိပဲ ၾကန္႔ၾကာေနသျဖင့္ သက္ဆိုင္ရာ ၀န္ႀကီးဌာန၊ သစ္ေတာဦးစီးဌာန၊ အေကာက္ခြန္ဌာနတို႔ ပူးေပါင္းကာ ပရိေဘာဂ ထုတ္လုပ္တင္ပို႔ေရာင္းခ်မႈမ်ားႏွင့္ ပတ္သက္၍ ညွိႏိႈင္းေဆာင္ရြက္ေပးရန္ တင္ျပခဲ့သည္။

ဆန္စပါးက႑
*************

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အတြင္းေရးမွဴး ဦးရဲမင္းေအာင္ တင္ျပသည္။

? ေဒသအေျချပဳ လယ္ယာစီးပြားေရး ဝန္ေဆာင္မႈစင္တာမ်ားအား ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဦးေဆာင္၍ ျပည္နယ္-တိုင္းေဒသၾကီး (၁၀) ခုရွိ စီမံကိန္း ၃၃ ေနရာတြင္ တည္ေထာင္ႏိုင္ရန္ ေလးႏွစ္စီမံကိန္းျဖင့္ ေဆာင္ရြက္လ်က္ရွိရာ အစိုးရဌာနမ်ားမွ ပူးေပါင္းပါဝင္ေပးပါရန္

? လယ္ယာသီးႏွံဆိုင္ရာ ဓါတ္ခြဲခန္းတည္ေထာင္ႏိုင္ေရးအတြက္ လွည္းကူးၿမိဳ႕၌ ေျမေနရာစီစဥ္ေပးပါရန္

? ဆန္စပါးအရည္အေသြး စံခ်ိန္စံႏႈန္းႏွင့္ ခ်ိန္တြယ္စနစ္အား ႏိုင္ငံတကာစနစ္ႏွင့္ ကိုက္ညီေအာင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္ရြက္ေနရာတြင္ ႏိုင္ငံေတာ္အစိုးရမွ ပူးေပါင္းပါဝင္ေပးရန္

? ႏွစ္ဖက္အစိုးရမ်ားအၾကား အေရာင္းအဝယ္စာခ်ဳပ္ျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ဆန္တင္ပို႔ေရာင္းခ်ရာတြင္ ၾကိဳတင္ဝင္ေငြခြန္ ၂ % ေပးေဆာင္ေနရျခင္းအား ပယ္ဖ်က္ေပးရန္

? ႏိုင္ငံျခားသို႔ အထူးသျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ဆန္တင္ပို႔ရာတြင္ ရန္ကုန္ၿမိဳ႕ရွိဆိပ္ကမ္းမ်ားအျပင္ ပုသိမ္ႏွင့္ စစ္ေတြျမိဳ႕မ်ားရွိ ဆိပ္ကမ္းမ်ားအား အသံုးခ်ႏိုင္ေရး ေဆာင္ရြက္ေပးရန္

? ျပည္တြင္းလယ္ယာထြက္ကုန္မ်ားအေနျဖင့္ ျပည္ပေစ်းကြက္တစ္ရပ္တည္းကိုသာ အားထားေနရျခင္း၊ ျပည္တြင္း လက္လီလက္ကား ေစ်းကြက္မ်ားအားနည္းေနျခင္း စသည္တို႔ကို ေျဖရွင္းေပးႏိုင္ရန္ ဆန္စပါးမူဝါဒ ျပန္လည္ ျပင္ဆင္ ေရးဆြဲရန္

? ျပည္တြင္းကုမၸဏီမ်ားအေနျဖင့္ ႏိုင္ငံတြင္းရွိ ျပည္ပဘဏ္ (၁၃) ဘဏ္ ထံမွ ကုန္သြယ္မႈေငြေၾကးအေထာက္အပံ့ (Trade Financing) ႏွင့္ လုပ္ငန္းေငြေၾကးေထာက္ပံ့မႈ (Corporate Financing) ရရွိႏိုင္ေရးအတြက္ ဥပေဒျဖင့္ ခြင့္ျပဳေပးပါရန္

? ကန္ထရိုက္လယ္ယာစနစ္အျဖစ္ ေတာင္သူလယ္သမားမ်ားႏွင့္ ကုမၸဏီမ်ားအၾကား စာခ်ဳပ္ျဖင့္ စိုက္ပ်ိဳးထုတ္လုပ္ျခင္းတြင္ ႏိုင္ငံေတာ္အစိုးရပါ ခံုသမာဓိသေဘာျဖင့္ ပါဝင္၍ သံုးဦးသံုးဖလွယ္စာခ်ဳပ္တြင္ ပါဝင္ႏုိင္ရန္

? ရန္ကုန္တိုင္းအတြင္းႏွင့္ အျခားေဒသမ်ားတြင္ ဆန္၊ စပါးႏွင့္ အျခား လယ္ယာထြက္ကုန္ သိုေလွာင္ရံုမ်ား တည္ေဆာက္ျပီး ေတာင္သူလယ္သမားႏွင့္ ကုန္သည္မ်ားအား အခႏႈန္းသက္သာစြာျဖင့္ ဌားရမ္းေပးႏိုင္ရန္

? အိႏၵိယမွ ဝယ္ယူမႈ ေလွ်ာ့ခ်ခဲ့သည့္ မတ္ပဲအစား ျပည္တြင္၌ ေႏြစပါးေျပာင္းလဲစိုက္ပ်ိဳးႏိုင္ေရးအတြက္ ျမစ္ေရတင္စီမံကိန္းမ်ား ေဆာင္ရြက္ေပးႏိုင္ရန္ တင္ျပပါသည္။

စစ္ကိုင္းတိုင္းေဒသႀကီး ပုဂၢလိကက႑ဖြံ႕ျဖိဳးတိုးတက္ေရး 
*********************

စစ္ကိုင္းတိုင္းေဒသႀကီး ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးမင္း တင္ျပသည္။

? ျမန္မာႏိုင္ငံတြင္ ပဲမ်ိဳးစံုအမ်ားဆံုးထြက္ရွိသည့္ စစ္ကိုင္းတိုင္းေဒသၾကီး၌ အဓိကစိုက္ပ်ိဳးသည့္ ကုလားပဲျဖဴလံုးၾကီးသည္ ႏိုင္ငံတကာေစ်းကြက္ရရွိေနေသာ္လည္း မ်ိဳးရိုးဗီဇ၊ အထြက္ႏႈန္းႏွင့္ အရည္အေသြး က်ဆင္းလာျခင္းေၾကာင့္ အရည္အေသြးေကာင္း ပဲမ်ိဳးေစ့မ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ရရွိႏိုင္ေရး ႏိုင္ငံေတာ္အစိုးရမွ ကူညီေဆာင္ရြက္ေပးရန္

? ကုန္သြယ္မႈျမင့္တက္လာရာတြင္ မံုရြာကုန္စည္ဒိုင္ႏွင့္ ပြဲရံုမ်ားသည္ ျမိဳ႕အတြင္းတြင္တည္ရွိေနျခင္းေၾကာင့္ သယ္ယူပို႔ေဆာင္ေရးအခက္အခဲမ်ား ၾကံဳေတြ႕လာရသျဖင့္ ျမိဳ႕ျပင္တြင္ စနစ္က်ေသာ ကုန္စည္ဒိုင္ႏွင့္ ပြဲရံုတန္းမ်ား ေဖာ္ေဆာင္ေပးရန္


ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ပုဂၢလိကက႑ဖြံ႕ျဖိဳးတိုးတက္ေရး
*********************

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဒုဥကၠ႒ ဦးေဇာ္ေဇာ္မွ တင္ျပသည္။

? ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေဒသသည္ နယ္စပ္ကုန္သြယ္ေရးအတြက္ မူဆယ္ (၁၀၅) မိုင္ႏွင့္ ခ်င္းေရႊေဟာ္ စခန္းႏွစ္ခုတို႕မွ အမ်ားဆံုး ကုန္သြယ္မႈ ေဆာင္ရြက္လ်က္ရွိရာ ျပည္ေထာင္စု လမ္းမႀကီးျဖစ္သည့္ (မႏၱေလး-လားရိႈး-မူဆယ္) လမ္းမႀကီးသည္ ယိုယြင္းပ်က္စီးလာျခင္း၊ မိုးကာလ၌ ေတာင္ၿပိဳ၊ လမ္းေခ်ာ္မႈမ်ားရွိသျဖင့္ ကုန္တင္ေနာက္တြဲ ယာဥ္ႀကီးမ်ား စက္ခ်ိဳ႕ယြင္းမႈမ်ား၊ တိမ္းေမွာက္မႈမ်ား မၾကာခဏျဖစ္ပြားေနသျဖင့္ ကုန္စည္စီးဆင္းမႈၾကန္႕ၾကာျခင္းမ်ားျဖစ္ကာ ကုန္သည္မ်ား နစ္နာမႈမ်ား ႀကံဳေတြ႕ေနရျခင္းေၾကာင့္ ျပည္ေထာင္စု လမ္းမႀကီးအား ျပဳျပင္ေပးရန္

? ရွမ္းေျမာက္ေဒသတြင္ အားထားစိုက္ပ်ိဳးထုတ္လုပ္ေနေသာ ဆန္စပါးႏွင့္ ေျပာင္းသီးႏွံအျပင္ အျခားစီးပြားျဖစ္သီးႏွံမ်ားအား တရုတ္ႏိုင္ငံသို႔ တင္ပို႕ေရာင္းခ်ရာ၌ တစ္ဖက္ႏိုင္ငံ၏ ၀ယ္လိုအား အေပၚမူတည္၍ ေစ်းႏႈန္းတည္ျငိမ္မႈမရွိျခင္း၊ သတ္မွတ္ေစ်းႏႈန္းထက္ေလ်ာ့၍ တင္ပို႕ေရာင္းခ် ေနရျခင္းေၾကာင့္ ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ား နစ္နာလ်က္ရွိေၾကာင္း

? စိုက္ပ်ိဳးထုတ္လုပ္သည့္ သီးႏွံကုန္ၾကမ္းမ်ားအေပၚ ကုန္ေခ်ာထုတ္လုပ္ တင္ပို႕ေရာင္းခ်ႏိုင္မည့္ စက္ရံု၊ အလုပ္ရံုမ်ား တည္ေထာင္၍ သြင္းကုန္အစားထိုး ကုန္ေခ်ာမ်ား တင္ပို႔ႏိုင္ရန္

? ရွမ္းေျမာက္ေဒသတြင္ စက္မႈဇုန္မ်ားတည္ေထာင္ႏိုင္မႈ မရွိေသးေသာ္လည္း ႏိုင္ငံပိုင္စက္ရံု (၃) ရံု၊ ပုဂၢလိကစက္ရံု (၁၃၀) ရံု၊ အလုပ္ရံု (၄၆၁) ရံု ႏွင့့္ အိမ္တြင္းလုပ္ငန္းလုပ္ကိုင္မႈ (၅၆၅) ခု တို႔ျဖင့္ စက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိရာ ႏိုင္ငံေတာ္အစိုးရက စက္မႈဇုန္မ်ားတည္ေထာင္ေပးၿပီး စက္မႈလက္မႈသင္တန္းေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားေပးမည္ဆိုပါက ကၽြမ္းက်င္လုပ္သားမ်ား ရရွိႏိုင္မည့္အျပင္ အလုုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္လာကာ ျပည္ပသြားေရာက္လုပ္ကိုင္မႈႏွင့္ အလုပ္လက္မဲ့ဦးေရကို ေလ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း

? ရွမ္းေျမာက္ေဒသတြင္ ထင္ရွားေသာ ေနရာမ်ားစြာရွိသျဖင့္ တရုတ္ႏိုင္ငံသားမ်ားသာမက ကမာၻလွည့္ ခရီးသြားမ်ားပါ လာေရာက္လည္ပတ္လ်က္ရွိရာ မႏၱေလးမွတစ္ဆင့္ လာေရာက္ရသည့္အတြက္ လံုၿခံဳေရးအားနည္းမႈႏွင့္ ခရီးလမ္းၾကန႔္ၾကာမႈမ်ားရွိေနေၾကာင္း

? လားရိႈးေဒသသို႕တိုက္ရိုက္လည္ပတ္ႏိုင္ပါက ခရီးသြားလုပ္ငန္းမ်ား က်ယ္ျပန္လာႏိုင္သည္ႏွင့္အမွ် ေဒသတြင္း ဟိုတယ္လုပ္ငန္းမ်ား၊ ေမာ္ေတာ္ယာဥ္ေျပးဆြဲမႈမ်ားလည္း တိုးတက္လာကာ ႏိုင္ငံျခား၀င္ေငြလည္း တိုးျမွင့္ရရွိမည္ျဖစ္ပါေၾကာင္း

? လားရိႈးေလယာဥ္ကြင္းအား အလတ္စားဂ်က္ေလယာဥ္မ်ား ဆင္းသက္ႏိုင္ေရးႏွင့္ တစ္ဖက္ႏိုင္ငံ တိုက္ရိုက္ ခရီးစဥ္သစ္တစ္ခု ဖြင့္လွစ္ေဆာင္ရြက္ႏိုင္ပါက ေဒသစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္း တင္ျပပါသည္။

အေထြေထြေဆြးေႏြးျခင္းတြင္ ေတာင္သူလယ္သမားမ်ားအေနျဖင့္ မတ္ပဲအစား၊ စပါးအား လြတ္လပ္စြာ ေျပာင္းလဲစိုက္ပ်ိဳးႏိုင္ေရးအတြက္ ေစ်းကြက္သတင္းအခ်က္အလက္မ်ားအား ၿမိဳ႕နယ္ ေက်းရြာမ်ားအထိေရာက္ရွိေအာင္ ျဖန္႔ျဖဴးေပးႏိုင္ေရးႏွင့္ ပညာေရးအစီအစဥ္မ်ား ေဆာင္ရြက္ႏိုင္ေရး၊ ကရင္ျပည္နယ္ သံေတာင္ေဒသ၌ ပုဂၢလိကလုပ္ငန္းမ်ား ဖြံ႔ျဖိဳးလာေစေရး၊ အေသးစားအလတ္စားစီးပြားေရးလုပ္ငန္းမ်ား (SME) ဖြံ႔ျဖိဳးတိုးတက္ေရး ေအဂ်င္စီဖြဲ႕စည္းေရး၊ စက္မႈဇုန္မ်ားတြင္ အညစ္အေၾကးစြန္႔ပစ္မႈကို စနစ္တက်ထိန္းခ်ဳပ္စီမံႏိုင္ေရး၊ ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕ေတာ္ဘဏ္မွတစ္ဆင့္ SME မ်ားအား ေငြေခ်းေပးႏိုင္ေရးႏွင့္ ထုိင္းႏိုင္ငံႏွင့္ ျမဝတီနယ္စပ္ျဖတ္ေက်ာ္ ကုန္သြယ္မႈစာခ်ဳပ္ေရးထိုးရာတြင္ ျပည္တြင္းလုပ္ငန္းမ်ားအား ထိခိုက္ႏိုင္မႈေလွ်ာ့ခ်ေရး အစီအမံမ်ား ထည့္သြင္းႏိုင္ေရး တို႔ကိုပါ ေဆြးေႏြးခဲ့ၾကပါသည္။

ကုန္သည္စက္မႈအသင္းခ်ဳပ္

Read 933 times
Rate this item
(0 votes)