What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာ့ပိုးထည်နှင့် အော်ဂဲနစ် ချည်ထည် ထုတ်လုပ်ရေး အတွက် UK မှ $ 1.4 သန်း ရင်းနှီးမြှုပ်နှံမည်

မြန်မာ့ပိုးထည်နှင့် အော်ဂဲနစ် ချည်ထည် ထုတ်လုပ်ရေး အတွက် UK မှ $ 1.4 သန်း ရင်းနှီးမြှုပ်နှံမည် google

မြန်မာ့ပိုးထည်လုပ်ငန်းနှင့် အော်ဂဲနစ် ချည်ထည် ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ယူကေ အစိုးရမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း

သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို လာမည့်နှစ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ အမျိုးသမီးတောင်သူများနှင့်အတူ ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ရာ ချင်းပြည်နယ်ရှိ တောင်သူ လယ်သမား များနှင့် ရန်ကုန်မြို့ရှိ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများအတွက် ရေရှည်ခိုင်မြဲသော အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ Pragma Ventures Myanmar ကုမ္ပဏီ၊ ဂျာမဏီအခြေစိုက် Pure Sense Organics Ltd နှင့် ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) ၏ လုပ်ငန်းအစီအစဉ် တစုဖြစ်သော Dana Facility တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပိုးထည်နှင့် အော်ဂဲနစ်ချည်ထည် ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ ထိုမှတစ်ဆင့် စီးပွါးရေးအရ အောင်မြင်သော ပိုးထည်ထုတ်လုပ်ရေးလုပ်ငန်းမှ အရည်အသွေးမြင့် ပိုးထည် ကုန်အမှတ်တံဆိပ်များကို ဥရောပ၊ မြောက်အမေရိက နှင့် သြစတေးလျရှိ အိမ်အလှဆင် ဈေးကွက်သို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Read: အဝတ်လျှော်ခြင်း အနုပညာ

"ချည်ထည်လုပ်ငန်းဆိုတာ မြန်မာနိုင်ငံအတွက် စီးပွါးရေးကဏ္ဍအသစ်တစ်ရပ် မဟုတ်ပေမယ့် အခွင့်အလမ်းကောင်းတွေ အများကြီး ရှိပါတယ်။ အရင်ကတည်းကလည်း သေသပ်ပြီး အရည်အသွေး မြင့်တဲ့ အထည်အလိပ်တွေကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂဒေသ အစရှိသဖြင့် နိုင်ငံတစ်ဝန်းမှာ ထုတ်လုပ်နေတာကြောင့် အထည်အလိပ်ထုတ်လုပ်မှု အရည်အသွေးကို တိုးတက်အောင် လုပ်ဆောင်ဖို့ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်မှာ ပါဝင်နေတဲ့ တောင်သူတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ခြင်းအားဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေပါ ဝင်ငွေတိုးလာနိုင်မှာ ဖြစ်ပါတယ်ဓ ဟု ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Dr. GrilMazetti က ပြောသည်။

Source: MYANTRADE
Myanmar Textile and Garment Directory

Read 2190 times
Rate this item
(2 votes)