လှလှပပ သပ်သပ်ရပ်ရပ် ဖြစ်အောင် နေဖို့အတွက် အရေးကြီးတဲ့ အချက်တွေထဲမှာ အဝတ်အစားတွေကို အစွန်းအထင်း ကင်းအောင် လျှော်ဖွတ်တာနဲ့ ဗီဒိုထဲမှာ
သေသေသပ်သပ် ခေါက်သိမ်းတတ်ဖို့ ဆိုတဲ့ အချက်တွေလဲ ပါဝင်ပါတယ်။ အဝတ်အစားတွေ စွန်းထင်းနေရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ ပြီးတော့ အဝတ်အစားတွေကို ဗီဒိုထဲမှာ ဘောင်းဘီဆို ဘောင်းဘီ၊ အက်ႌဆို အက်ႌ သပ်သပ် ခွဲထားတာမျိုးက အပြင်သွားခါနီးရင် ရှာစရာ မလိုတော့ပဲ အလွယ်တကူ ဝတ်ဆင်လို့ ရစေမှာပါ။
ဒီအချက်တွေ ပြောပြပြီးပြီဆိုတော့ အဝတ်အထည်တွေမှာ အစွန်းအထင်းတွေ ပေနေရင် ပျောက်ကင်းအောင် လုပ်တဲ့နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။
(၁) ရှောက်ရည် (သို့မဟုတ်) သံပုရာရည် သုံးပါ။
အင်္ကျီမှာ ချွေးတွေ စွန်းထင်သွားရင် အဲ့ဒီ အင်္ကျီပေါ်ကို မလျှော်ခင် ရှောက်ရည် (သို့မဟုတ်) သံပုရာရည် အစက်ချပေးပါ။ ရှောက်သီး မျိုးနွယ်ဝင်တွေထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ ပေနေတဲ့ ချွေးကွက် အဝါကို ပျောက်ကင်းစေမှာပါ။
Read: ဒီဇိုင်နာ ကောင်းမြတ် ဖန်တီးခဲ့တဲ့ ဝတ်စုံများ
(၂) ရေကူးဝတ်စုံကို အဝတ်လျှော်စက်နဲ့ မလျှော်ပါနဲ့။
ရေကူးဝတ်စုံကို အဝတ်လျှော်စက်ထဲ ထည့်လျှော်တာမျိုး မလုပ်သင့်ပါဘူးနော်။ လက်နဲ့လျှော်တာ အကောင်းဆုံးပါ။ စက်ထဲ ထည့်လျှော်ရင် ဝတ်စုံပျက်စီးတတ်ပြီး ပုံပျက်သွားမှာ မို့လို့ပါ။
(၃) ကုတ်တွေကို နေပူလှန်းပါ။
ကုတ်တွေကို ဗီဒိုထဲ ထည့်မသိမ်းခင် အခြောက်လျှော်ပါ။ နေပူထဲမှာ ချိတ်နဲ့ ချိတ်ထားပါ။ အထည်လည်း မပျက်စီးတဲ့အပြင် အင်္ကျီမှာ ကပ်နေတဲ့ ပိုးမွှားတွေကိုလဲ သေစေမှာ ဖြစ်ပါတယ်။
(၄) လျှော်ဖို့ အဝတ်အစားတွေကို သပ်သပ်စီထားပါ။
အဝတ်တွေကို ရေလျှော်နဲ့ အခြောက်လျှော်ဆိုပြီး နှစ်ပုံ သပ်သပ် ခွဲထားပါ။ လျှော်လိုက်ရင် တခြားအဝတ်အစားတွေကို စွန်းပေသွားစေမယ့် အထည်တွေကိုလဲ ခွဲထားပါ။ အဝတ်အထည်တွေ စွန်းပေသွားပြီဆိုရင် ချက်ချင်း လျှော်ပါ။ မလျှော်ချင်သေးရင်လဲ ပုံမထားပါနဲ့။ ချိတ်နဲ့ ဖြစ်ဖြစ်၊ ခေါက်ထားတာမျိုးဖြစ်ဖြစ် သပ်သပ်ရပ်ရပ် ဖြစ်အောင် ထားပါ။
(၅) ဆီကွက်အတွက် ကလေးပေါင်ဒါကို သုံးပါ။
သင် သဘောကျတဲ့ လက်ဆွဲအိတ်ပေါ်မှာ အဆီကွက်တွေစွန်းထင်းကုန်ရင် ဘယ်လိုလုပ်မလဲ။ မပူပါနဲ့နော်။ ဆီကွက်ပေါ်ကနေ ကလေးပေါင်ဒါ ဖြူးထားပြီး တစ်ညလောက် ထားလိုက်ပါ။ မနက်ရောက်ရင် အစွန်းအထင်းတွေ ပျောက်သွားမှာပဲ ဖြစ်ပါတယ်။
Author- SYH
Myanmar Textile and Garment Directory