What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ ကောင်းမြတ် ဖန်တီးခဲ့တဲ့ ဝတ်စုံများ

ဒီဇိုင်နာ ကောင်းမြတ် ဖန်တီးခဲ့တဲ့ ဝတ်စုံများ google

ဒီနေ့မှာတော့ နာမည်ကြီး ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Kaung Myat-Haute Couture ဖန်တီးထားတဲ့ ဝတ်စုံ ဒီဇိုင်းလေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

(၁) ဒီဝတ်စုံမှာကတော့ သဘာဝအတိုင်း ပင်လယ်ရေအောက် under sea water မှာ အရောင်အသွေးစုံလင်စွာတည်ရှိနေတဲ့ သန္တာကျောက်တန်းအပွင့်အခက်များကို ကိုယ်စားပြုတဲ့ဒီဇိုင်းကို အခြေခံထားတဲ့ Silk Organza လို့ ခေါ်တဲ့ fabric ကို အဓိကအသုံးပြုထားပြီး မတူညီတဲ့ fabric ၅မျိုး တိတိကို တွဲဖက်ကာ သေချာအချိန်ယူ ဖန်တီးချုပ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။

km1

 Read: အမြဲ ဖက်ရှင်ကျနေတတ်တဲ့ Bella Hadid

(၂) အရောင်လေးကတော့ Coral Orange ဖြစ်ပြီး Coral ဆိုတဲ့ ပင်လယ်ရေအောက်သတ္တဝါတစ်မျိုးရဲ့ အရောင်ကိုအစွဲပြုသတ်မှတ်ထားကာ ပင်မလိမ္မော်ရောင်ကနေပဲ ခွဲဖြာဆင်းသက်လာတဲ့ အရောင်ဆန်းလေးတစ်ခုဖြစ်ပါတယ်။ ဒီအရောင်လေးကို အခြေပြုပြီး ဒီဇိုင်း ဖန်တီး ချုပ်လုပ်ထားတာပါ။

km2

 

(၃) သတို့သမီးလေးရဲ့ ပုခုံးအလှကို ပေါ်လွင်စေအောင် အမြင်ဆန်းတဲ့ off shoulder ပုံဆံလေး ဖန်တီးထားတာဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ ထူးခြားချက်ဟာဆိုရင်တော့ ဝတ်စုံတစ်ခုလုံး cathedral veil အထိ ပိတ်စအမျိုးပေါင်း (၅)မျိုးကို အချိုးကျရောစပ်ကာ စီမံဖန်တီးထားတာပဲ ဖြစ်ပါတယ်။

km3

 

(၄) ဒီဝတ်စုံလေးတွေကတော့ Kaung Myat Couture ရဲ့ နွေရာသီ collection အသစ်ထဲက ဝတ်စုံအချို့ပဲ ဖြစ်ပါတယ်။ နွေရာသီဖက်ရှင် ဆိုတဲ့အတိုင်း အပူဒဏ်ကိုအံတုနိုင်ဖို့သာမက ဝတ်ရတာ သက်တောင့်သက်သာရှိစေတဲ့ Tulle ဇာအသားနဲ့ ချုပ်လုပ်ထားပြီး ဒီဇိုင်းဆန်းတဲ့ ဝတ်စုံလေးတွေပဲ ဖြစ်ပါတယ်။ နွေရာသီပိတ်ရက်တွေမှာ ခရီးသွားဖို့လည်းအဆင်ပြေအောင် ပေါ့ပါးသွက်လက်စွာ ချုပ်ထားပါတယ်။ ဒီဝတ်စုံလေးတွေရဲ့ ထူးခြားချက်ကတော့ 2019 မှာ ခေတ်စားမယ့် ကာလာအရောင်လေးတွေကို သေသေချာချာ research လုပ်ပြီးမှ သုံးထားတာ ဖြစ်ပါတယ်။

km6

Source:Designer Kaung Myat - Haute Couture
Myanmar Textile and Garment Directory

Read 1429 times
Rate this item
(0 votes)