သတို့သမီးဝတ်စုံလေးတွေ ချုပ်တာလှသလို အခြားဝတ်စုံလေးတွေချုပ်ရင်လဲ အရမ်းကို လှပသေသပ်တဲ့ ဒီဇိုင်နာ ကစ်ကစ်(Zenith Fashion School& Bridal Bliss)ကို ဒီဇိုင်းလုပ်ငန်းများနှင့် ပတ်သတ်ပြီးမေးမြန်းထားတာကတော့…………………..
-အမဒီဇိုင်နာလောကမှာရပ်တည်လာခဲ့တာဘယ်လောက်ကြပြီလဲ။
3နှစ်ကျော်လောက်၇ှိပါပြီ။
-ဒီဇိုင်နာအလုပ်ကိုဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲ။
ငယ်ငယ်လေးကတည်းက၀ါသနာပါခဲ့တာပါ ပိတ်စလေးတွေကို စိတ်ကြိုက်ဖန်တီးရရင် ကျေနပ်နေရောလေ။
-၀တ်စုံတွေဖန်တီးတဲ့အခါဘယ်လိုစိတ်ကူးနဲ့ ပုံဖော်ဖြစ်လဲ။
စိတ်ကူးပေါ်လာတဲ့အပေါ်မှာ လှပအောင်ဖန်တီးဖြစ်ပါတယ် ဘယ်သူ့ဒီဇိုင်းကိုမှ dependမလုပ်ချင်ဘူး။
-ဒီဇိုင်းတွေဆန်းသစ်အောင် ဘယ်လိုလေ့လာဖြစ်လဲ။
လိုချင်တဲ့ informationမှန်သမျှ အချိန်ရတာနဲ့ onlineပေါ်မှာရှာဖြစ်တယ်။ နိုင်င်္ငခြား fashion show တွေကြည့်ပြီးလေ့လာပါတယ်။
-အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲ။
အခက်အခဲတွေကတော့ အများင်္ကြီးကြုံခဲ့ရပါတယ် ဇွဲမလျော့ပဲ ကိုယ်ကိုကိုယ်အားပေးရင်းဖြေရှင်းပါတယ်။
-ဒီဇိုင်နာကောင်းတယောက်ဖြစ်ဖို့ဘာလိုအပ်မယ်ထင်လဲ။
ပညာနဲ့ စေတနာ တသားတည်းရှိရမယ်လို့ယုံကြည်ပါတယ်။
-ဘယ်လိုဒီဇိုင်းတွေ ထွင်ရတာ ပိုသဘောကျလဲ။
myanmar traditional dressတွေပိုလုပ်ဖြစ်ပါတယ်။
-အမ ၀ါကျွတ်သတို့သမီးလေးတွေတွက် ဘာတွေလုပ်ကိုင်ဖြစ်နေလဲ။
wedding dress orderတွေလုပ်နေပါတယ်။
-ဒီနှစ်သတို့သမီးဝတ်စုံအရောင်ဘယ်လိုအရောင်လေးတွေခေတ်စားမလဲ။
အဖြူနဲ့ ငွေရောင်ပါ။
-သတို့သမီးဝတ်စုံလေးတွေရော ဘယ်လိုဒီဇိုင်းတွေထွင်ဖြစ်လဲ။
ချိတ်ကလေးတွေနဲ့မဟုတိပဲ ကနုတ်လေးတွေထွင်ဖြစ်တယ်။ပုလဲလေးတွေနဲ့လဲထွင်ဖြစ်တယ်။
-ဆိုင်ရောဖွင့်ထားသေးလား။သင်တန်းတွေရောဖွင့်ထားရင်ပြောပါဦး။
ဆိုင်က အမှတ် ၃A ရှင်စောပုလမ်းမကြီး စမ်းချောင်းမှာပါ။ဖက်ရှင်သင်တန်းကျောင်းလည်းတွဲ လျက်ဖွင့်ထားပါတယ်။
-မျိုးဆက်သစ်ဒီဇိုင်နာတွေကို အကြံပေးစကားလေးပြောပေးပါဦး။
ပညာဆိုတာ ဘယ်တော့မှဆုံးခန်းတိုင်တယ်ဆိုတာမရှိပါဘူး ကိုယ်တကယ်ဝါသနာပါရင် ဘယ်လိုအခက်ခဲပဲရှိရှိ ဆက်လက်ကြိုးစားပါလို့။