မင်းသမီး ဖွေးဖွေး၊ ယွန်းယွန်း၊ ခီ မောင်နှ စတဲ့ အနုပညာရှင်များရဲ့ အင်္ကျီလှလှလေးတွေကို တီထွင်ချုပ်လုပ်ပေးနေသူ ဒီဇိုင်နာငြိမ်းကို Chic & Chic နှင့် တွေ့ဆုံ မေးမြန်းချက်တွေနဲ့
သူဖန်တီးထားတဲ့ ဖွေးဖွေးရဲ့ ဖက်ရှင်တွေကို ပရိသတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။
လက်ဦးဆရာ ဆရာဦးပြည့်စိုးအောင်ရဲ့ တပည့်ဖြစ်တဲ့ ဒီဇိုင်နာငြိမ်းကိုက ၂၀၀၉ မှာ ဖွင့်တဲ့ သုံးလသင်တန်း တက်ပြီးတော့ အိမ်မှာလဲ ပြန်ပြီးလေ့လာခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံခြားမှာ ဖက်ရှင်ပညာကို သွားရောက် လေ့လာဖူးဖြင်း မရှိပဲနဲ့ ဆိုင်စဖွင့်ခဲ့ပြီးတော့ ဒီလောက် အတိုင်းအတာအထိ အောင်မြင်လာတာပဲ ဖြစ်ပါတယ်။
Read: Victoria Beckham ရဲ့အမိုက်စား ဂျင်းဘောင်းဘီ အတွဲအစပ် (၇) မျိုး
ပရိသတ်တွေက ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ တူနေတဲ့အခါမျိုးမှာ ဝေဖန်ကြတဲ့အပေါ်မှာတော့ ဒီဇိုင်နာ ငြိမ်းကိုက ထပ်တူကြီး ကူးချတာမျိုးတော့ မလုပ်ပဲနဲ့ ဖက်ရှင်ဒီဇိုင်းတွေ မှီငြမ်းရတဲ့အခါမျိုးမှာ လက်ဒီဇိုင်းလေးတွေ၊ လည်ပင်းဒီဇိုင်းလေးတွေ တူသွားတာမျိုးတော့ ရှိတယ်လို့ ရှင်းပြထားပါတယ်။
အနုပညာရှင် မဟုတ်တဲ့လူတွေအတွက်က ချုပ်ပုံဒီဇိုင်းလေးတွေ ယူလာပြီး ချုပ်ခိုင်းတာက ချုပ်ပေးဖို့ ပြဿနာ မရှိပေမယ့် မင်းသား၊ မင်းသမီးတွေအတွက်ကိုတော့ အဲ့လိုမျိုးကို ရှောင်ပါတယ် လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင်တော့ ဒီဇိုင်နာ ငြိမ်းကို ဖန်တီးထားတဲ့ ဖက်ရှင်တွေထဲက ဖွေးဖွေးရဲ့ ဝတ်စုံတစ်ချို့ကို Textile ပရိသတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်ရှင်။