What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Victoria Beckham ရဲ့အမိုက်စား ဂျင်းဘောင်းဘီ အတွဲအစပ် (၇) မျိုး

Victoria Beckham ရဲ့အမိုက်စား ဂျင်းဘောင်းဘီ အတွဲအစပ် (၇) မျိုး google

မင်္ဂလာပါရှင်။ ပျိုမေလေးတို့ အားလုံးသိတဲ့အတိုင်း Victoria Beckham ဆိုတာ ဖက်ရှင်လောကမှာ မေ့ထားလို့မရတဲ့ ဖက်ရှင်ကျတဲ့ အမျိုးသမီးတစ်ဦးပါ။

သူမဟာ ထသွားထလာကနေ ပွဲတက်အထိ ဘယ်တော့ မှ ဖြစ်သလို ဝတ်စားလေ့မရှိပဲ အမြဲ ဖက်ရှင် ကျအောင် ကြိုးစားအားထုတ်တတ်တဲ့သူမို့ လည်း သူမရဲ့ဖက်ရှင်စတိုင်တွေက ဖက်ရှင်လောကရဲ့ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့ပါ တယ်။

ဒီနေ့တော့ သူမရဲ့ဂျင်းဘောင်းဘီ ရွေးချယ်မှု နဲ့ အတွဲအစပ်ကို အထာကျအောင် ဘယ်လို ရွေးချယ်တွဲစပ်ထားတယ် ဆိုတဲ့ အကြောင်း လေးကို သူမဝတ်ဆင်ခဲ့ဖူးတဲ့ ဂျင်းဖက်ရှင် (၇) မျိုးနဲ့ တင်ပြပေးထားပါတယ်။

(၁) Wide- leg jeans ကို အပေါ်က tee နဲ့ တွဲဖက် ဆင်မြန်းထားတာပါ။ ဒီဖက်ရှင်ကို အဓိကပံ့ပိုးပေး ထားတာက Oversize Blazerပဲပေါ့။ ဖိနပ်အတွက် တော့ Pumps ကိုမှ ခရမ်းနုရောင်လေး ရွေးထား တာကလည်း သဘောကျစရာပါ။

1

 

(၂) Jeans တွေထဲမှာ Light-wash jeans မျိုး သဘောကျတဲ့သူတွေ၊ ပြီးတော့ နည်းနည်းပွပွ loose ဖြစ်တဲ့ Mom jeans.တွေ Boyfriend jeans မျိုး ကြိုက်သူတွေအတွက် ဒီအတွဲအဖက်လေးက ချစ်စရာပါ။ အပေါ်က turtleneck ဆွယ်တာလေး နဲ့ တွဲဝတ်ထားတာကလည်း မထင်မှတ်ရအောင် မိုက်နေပါတယ်။ ဒါကိုမှ boot လေးနဲ့ တွဲစီးလိုက် တဲ့အခါမှာတော့ ပေါ့ပါးပြီး အထာကျတဲ့ ဖက်ရှင် ဖြစ်သွားတာပေါ့။

2

 

(၃) T- shirt ချစ်သူတွေအတွက် ဒီလိုလေးလည်း ဆင်မြန်းနိုင်တယ်နော်။ ကာလာလေးတွေကို အိတ်ရော ဖိနပ်ကအစ အနုဘက်ရောက်တာ လေးတွေနဲ့ချည်း ထူးခြားအောင် တွဲပစ်လိုက်ပါ။

3

 

Read:  ပြေတီဦးနဲ့ အူဝဲရဲ့ ပွဲတက်ဖက်ရှင်

(၄) jean on jean မို့ ကြောင်တယ်လို့ ပြောတဲ့သူ တွေကို ဒီပုံလေး ပြလိုက်နော်။ ခန္ဓာကိုယ် ကောက်ကြောင်း ပေါ်လွင်ပြီး အထာကျလွန်း တယ် မဟုတ်လား။

4

 

(၅) Jean ဘောင်းဘီနဲ့ အဖြူရောင် tee/shirt စတာတွေက အခြေခံအကျဆုံး အတွဲအစပ်ပဲပေါ့။ ဒါကို ထူးခြားချင်တယ်ဆိုရင် Victoria Beckhan လို accessory တွေနဲ့ ဖိနပ် အိတ်စတာတွေကို ထူးခြားတဲ့ အရောင်လေး တွေ ရွေးလိုက်ပါ။

5

 

(၆) Skinny jeans တွေကလည်း Victoria.Beckham အတွက် မရှိမဖြစ်ပဲဆိုတာ ဒီပုံလေးကြည့်ရင် သိနိုင်ပါတယ်။

6

 

(၇) Straight-leg jeans ဘောင်းဘီကို အပေါ်က camo tee လက်ခေါက်ပြီး အထာကျကျ ဝတ်ထား တဲ့ သူမရဲ့ပုံစံက လုံးဝကို လွတ်လပ်ပေါ့ပါးနေ တာပဲနော်။

7

 

Source: I am fashion
Myanmar Textile and Garment Directory

Read 1472 times
Rate this item
(2 votes)