What's new

×

Warning

JUser: :_load: Unable to load user with ID: 845


DJ Soda ရဲ့ ဖက်ရှင်ကြောင့် အမေရိကန်လေကြောင်းလိုင်းတစ်ခုမှ မောင်းထုတ်ခံရ

DJ Soda ရဲ့ နာမည်ရင်းမှာ Hwang So-hee ဖြစ်ပြီး တောင်ကိုရီးယား၏ နာမည်ကြီး အမျိုးသမီး DJ Artist တစ်ယောက်ဖြစ်ပါတယ်။ သူမသည် သူမရဲ့ Twitter နှင့် Instagram တို့တွင် အမေရိကန်လေးကြောင်းလိုင်းတစ်ခုက သူမအားအရှက်ခွဲခဲ့သည့် ဖြစ်စဉ်အသေးစိတ်ကို ရေးသားပြောပြခဲ့ပါသည်။

သူမသည် လွန်ခဲ့သောသုံးရက်လောက်က New York ကနေ Los Angeles ကိုသွားမယ့် လေကြောင်းလိုင်းတစ်ခုမှာ သူမဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီဒီဇိုင်းကြောင့် အနှောင့်ယှက်ခံခဲ့ရပါသည်။ သူမဝတ်ဆင်ထားသည့် ဘောင်းဘီသည် မသင့်လျော်ဘူး၊ မသတီစရာကောင်းတယ် ဆိုသည့် အကြောင်းပြချက်တွေနဲ့ သူမကို လေယာဉ်ပေါ်တက်ခွင့်မပေးဘဲ သူမရဲ့ဘောင်းဘီကို ဂိတ်၀ရှိ လေယာဉ်အမှုထမ်းတွေအရှေ့မှာ ချွတ်ခိုင်းခဲ့ပါတယ်။

ပြသနာဖြစ်နေစဉ် သူမဝတ်ဆင်ခဲ့သော ဘောင်းဘီမှာ “FU*K” “FU*K YOU” “FU*CKIN” စာတန်းပါ အနက်ရောင် SweatPant ဖြစ်ပါသည်။ ထိုစာတန်းများကို ဘောင်းဘီတစ်ထည်လုံးမှာ နေရာလွတ်မကျန်အောင် ပုံနှိပ်ထားပါသည်။ ထိုဘောင်းဘီကို နာမည်ကြီး Clothing Brand တစ်ခုဖြစ်တဲ့ Ripndip မှ Sponsor ပေးခဲ့တာဖြစ်ပါတယ်။

dj

သူမသည် ထိုဘောင်းဘီကို သူမရဲ့လက်ရှိ မြောက်အမေရိက ဂီတဖျော်ဖြေရေးခရီးစဉ်မှာ ဝတ်ဆင်ခဲ့သော်လည်း ဘာပြသနာမှမရှိခဲ့ဟုဆိုပါသည်။ “Check-in လုပ်တဲ့နေရာမှာရော၊ လေယာဉ်ပေါ်က ငါ့နေရာမှာ ထိုင်နေတဲ့အချိန်ထိ အဆင်ပြေခဲ့ပြီး ပြသနာက အဲ့နောက်မှစခဲ့တာ” ဟု 4.3 Million Followers ရှိသော သူမ၏ Instagram နှင့် 126,000 Followers ရှိသော Twitter ပေါ်တွင် ရေးသားခဲ့ပါသည်။ ထို့နောက် “ ဝန်ထမ်းတစ်ယောက် ကျွန်မနားရောက်လာတယ်။ ကျွန်မရဲ့အထုတ်အပိုးတွေကို ဆွဲချပြီး လေယာဉ်ပေါ်က ဘာရှင်းပြချက်မှမပေးဘဲ ဆင်းခိုင်းခဲ့တယ်။ ပြီးမှ မင်းရဲ့ဘောင်းဘီက ရိုင်းစိုင်းတယ်၊ အမြင်မတင့်ဘူး ဆိုပြီး နောက်လေယာဉ်ချိန်ကို ထပ်စောင့်ခိုင်းခဲ့တယ်။” ဟုလည်း ရေးသားခဲ့ပါသည်။

သူမသည် Los Angeles သို့ သွားရန် အရေးကြီးအစည်းအဝေးရှိနေသောကြောင့် ဘောင်းဘီပြောင်းဝတ်ပေးမည်ဟု တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးတွင် သူမသည် ဝန်ထမ်းအားလုံးရှေ့မှာ ဘောင်းဘီချွတ်ပေးပြီး ကိုယ်တစ်ပိုင်းအလွတ်နှင့် ပြသနာကို အဆုံးသတ်ခဲ့ရပါသည်။ ထိုပြသနာကြောင့် သူမ၏ Los Angeles သို့ အပြန်ခရီးမှာ နာရီခြောက်နာရီကြာ နှောင့်နှေးခဲ့ရပါတယ်။

သူမသည် ထိုလေကြောင်းလိုင်း (@AmericanAir) ကို သပိတ်မှောက်မည်ဖြစ်ကြောင်းနှင့် ဒီလိုဆိုးရွားမှုမျိုး နောက်ထပ်ဘယ်သူမှ မကြုံတွေ့ရပါစေနှင့် ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုနှင့် ပတ်သတ်ပြီး လေကြောင်းလိုင်းတွင် ဖြစ်ပွားခဲ့သည့်ပြသနာမှာ မြောက်များစွာရှိခဲ့ပါတယ်။ DJ Soda က ပထမဆုံးတော့ မဟုတ်ပါ။

Reference - INSIDER

Read 662 times
Rate this item
(0 votes)