What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ ကမ္ဘာကျော်မော်ဒယ်လ်၊ တေးသံရှင်နဲ့စီးပွားရေးလုပ်ငန်းရှင် ဗစ်တိုးရီးယားဘက်ခမ်း

ဒီဇိုင်နာ ကမ္ဘာကျော်မော်ဒယ်လ်၊ တေးသံရှင်နဲ့စီးပွားရေးလုပ်ငန်းရှင် ဗစ်တိုးရီးယားဘက်ခမ်း google

 ဧပြီလဖွား တစ်မူထူးခြားတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးရဲ့အကြောင်းကို တင် ဆက်ပေးဖို့ရှိပါတယ်။ 


သူဟာဆိုရင်တော့ ဒီဇိုင်နာသက်သက် မဟုတ်ဘဲ ကမ္ဘာကျော်မော်ဒယ်လ်၊ တေးသံရှင်နဲ့စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်နေပါတယ်။ သူ့အမျိုးသားဟာလည်း ကမ္ဘာ ကျော်ဘောလုံးသမားတစ်ဦး ဖြစ်နေပြန်တယ်။ တခြားလူမဟုတ် ပါဘူး။ သူကတော့ ဒေးဗစ်ဘက်ခမ်းကတော် ဗစ်တိုးရီးယားဘက် ခမ်းပဲဖြစ်ပါတယ်။

 ငယ်ဘဝ

ဗစ်တိုးရီးယားဘက်ခမ်းကို ၁၉၇၄ခုနှစ်၊ ဧပြီလ ၁၇ ရက် နေ့က အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ နာမည်အပြည့်အစုံကတော့ Victoria Caroline Beckham ဖြစ်ပါတယ်။ အဖေက လျှပ်စစ်အင်ဂျင်နီယာ၊ အမေက အာမခံလုပ်ငန်းစာရေးနဲ့ ဆတ္တာသည်တစ်ယောက်ဖြစ်ပါတယ်။

 ပညာရေး

၁၉၈၀ပြည့်နှစ်မှာ နာမည်ကျော် Laine Theratre Arts ကျောင်းကြီးမှာ မော်ဒယ်လ်နဲ့အကပညာရပ်တွေ သင်ကြားခဲ့ပါတယ်။ ပြီးတော့ St Mary's Chruch of England School မှာ ဆည်းပူးခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ Persuasion ဆိုတဲ့ တီးဝိုင်းအဖွဲ့ဝင်ဖြစ်လာခဲ့ပါတော့တယ်။

770040c79ce5804268b16ab46e8910e8 victoria beckham target

 ဖက်ရှင်ဒီဇိုင်နာဘ၀အစ

ဗစ်တိုးရီးယားဘက်ခမ်းတစ်ယောက် ၂၀၀၀ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ဗြိတိသျှအမျိုးသမီးဖက်ရှင်ဒီဇိုင်နာ Maria Grachvogel ရဲ့ဖက်ရှင်ရှိုးမှာ ဧည့်သည်တစ်ဦးအနေနဲ့ စင်ပေါ်တက်ပြီး လျှောက်လှမ်းခဲ့ရပါတယ်။ မှတ်မှတ်ရရအနေနဲ့တော့ လန်ဒန်မှာကျင်းပတဲ့ ကမ္ဘာကျော် London Fashion Week မှာ မော်ဒယ်လျှောက်ခဲ့ရပါတယ်။

သူဟာ မော်ဒယ်လ်အပြင် အားကျစရာအလုပ်တစ်ခုလည်း ထမ်းဆောင်ရပါသေးတယ်။ အဲဒါကတော့ D & G လို့ အများသိကြတဲ့ ကမ္ဘာကျော်ဖက်ရှင်တံဆိပ် Dolce and Gabbana ရဲ့ ဗြိတိသျှသံတမန်တစ်ဦး၊ အမေရိကန် Rocawear ဖက်ရှင်ရဲ့ မျက်နှာဖုံးပုဂ်္ဂိုလ်တစ်ဦး ဖြစ်ခြင်းပါပဲ။

ဗစ်တိုးရီးယားဘက်ခမ်းဟာ ၂၀၀၄ခုနှစ်မှာ အမေရိကန်ထုတ် Rock & Republic ဖက်ရှင်အတွက် "VB Rocks" ဆိုတဲ့ ၀တ်စုံတွေကို အရေအတွက်အကန့်အသတ်နဲ့ ဒီဇိုင်းထုတ်လုပ်ပေးခဲ့ရပါတယ်။ အရည်အသွေးမြင့်ဖက်ရှင်မို့လို့ အဲဒီနှစ် ပေါက်ဈေးတန်ဖိုးဟာ ဒေါ်လာ ၃၀၀ လောက်ထိ ပေါက်ခဲ့ပါသတဲ့။

18193950 1585175421525127 2971243428428180014 n

 ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းအစ

ဗစ်တိုးရီးယားဘက်ခမ်းဟာ Rock & Republic မှာ လုပ် ပြီးနောက်ပိုင်း ၂၀၀၆ခုနှစ်၊ စက်တင်ဘာလမှာ DVB (Denim by Victoria Beckham)ဆိုတဲ့ ဂျင်းဖက်ရှင်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဖက်ရှင်ကို ၂၀၀၇ခုနှစ်၊ ဇွန်လ ၁၄ရက်၊ နယူးယောက် မြို့တော် Saks Fifth Avenue အဆင့်မြင့်ကုန်တိုက်ကြီးမှာ မိတ်ဆက်ပြသနိုင်လိုက်ပါပြီ။ ဖက်ရှင်တင်မဟုတ်ပါဘူး။ မျက် မှန်တစ်လိုင်းလည်း ပါပါသေးတယ်။

သူ့ရဲ့ပထမဆုံးသွင်ပြင်တွေကို ချပြနိုင်ခဲ့တဲ့ နောက်ထပ်လှုပ်ရှားမှုလည်းရှိပါသေးတယ်။ လန်ဒန်မှာ နှစ်စဉ်ကျင်းပတဲ့ Graduate Fashion Week မှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ခြင်းပါပဲ။ အဲဒီပွဲမှာ လန်ဒန်ရဲ့အထင်ကရ River Island ဖက်ရှင်ရဲ့ရွှေဆုကိုချီးမြှင့်ပေးအပ်ဖို့ပါပဲ။ ဆုကြေးငွေကတော့ လက်ဖျားခြေဖျား ခါလောက်ပါပေတယ်။ အဲဒီကာလကြေးငွေက ယူရိုငွေ ၂၀၀၀ ပါတဲ့ဗျာ။ မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့ ကျပ်သုံးသန်းလောက်ရှိခဲ့ပါတယ်။

18193950 1585175421525127 2971243428428180014 n

 တိုးတက်ပြောင်းလဲလာသောလုပ်ငန်း

သူ့ရဲ့လုပ်ငန်းတွေဟာ သူ့ရဲ့ကနဦးကျော်ကြားမှုတွေနဲ့အတူ ပိုမိုအောင်မြင်လာခဲ့ပါတယ်။ နောက်ခြေတစ်လှမ်းကတော့ ဗစ်တိုးရီးယားဘက်ခမ်းရေမွှေးလို့ ကမ္ဘာ ကျော်စေတဲ့ ကိုယ်ပိုင်ရေမွှေးတံဆိပ် စတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်းနဲ့အတူ ရေမွှေးတွေထုတ်ခဲ့တာ အမျိုးပေါင်း ၂၀ ကျော်တယ်လို့ သိရပါတယ်။

၂၀၀၇ခုနှစ်၊ သြဂုတ်လမှာ V Sculpt နာမည်နဲ့ အလှကုန်တွေထုတ်လုပ်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖြန့်ချိခဲ့ပြန်ပါတယ်။ သူ့လုပ်ငန်းတွေ တိုးတက်အောင်မြင်လာမှုက တစ်နှစ်ပြီးတစ်နှစ် အားရစရာကောင်းလှပါတယ်။

၂၀၀၇ခုနှစ်မှာ သူချုပ်တဲ့ဝတ်စုံဟာ LA Galaxy သတင်းစာရှင်းလင်းပွဲမှာ ရေပန်းစားခဲ့ပြန်ပါတယ်။ ဒါ့အပြင် ဖက်ရှင်မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ သူပါဝင်တဲ့ အရေအတွက်ဟာ ရေတွက်လို့မရတော့ပါဘူးတဲ့။ Vogue မဂ္ဂဇင်းတို့၊ I-D မဂ္ဂဇင်းနဲ့ ဗြိတိသျှ၊ ဂျာမန်၊ ရုရှား၊ သြစတြေးလျ၊ ထိုင်ဝမ်၊ တရုတ်၊ စပိန် စတဲ့ဘာသာနဲ့ပြန်ဆိုထုတ်ဝေတဲ့ Vogue မဂ္ဂဇင်းတွေမှာလည်း ပါဝင်တယ်လို့ သိရပါတယ်။

18192691 1585175694858433 7897654660483563217 o

 ကိုယ်ပိုင်ဖက်ရှင်တံဆိပ်စတင်

သူရဲ့ ကိုယ်ပိုင်ဖက်ရှင်တံဆိပ်ကိုတော့ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ် လုပ်ခဲ့ပါတယ်။ ၂၀၁၁တုန်းက နယူးယောက်ဖက်ရှင်ရက်သတ္တပတ်မှာ ဈေးနှုန်းနည်းတဲ့ Victoria by Victoria Beckham တံဆိပ်ကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၁ - ၂၀၁၂ ခုနှစ်ရဲ့ ပထမသုံးလပတ်စာရင်းအရ နှစ်စဉ်ရောင်းရငွေက ယူရိုငွေ သန်း ၆၀ ကျော်ရရှိခဲ့ပါတယ်။

သူထုတ်တဲ့ ဂျင်းဖက်ရှင်၊ မျက်မှန်နဲ့ ရေမွှေးထုတ်ကုန်တွေဟာ တစ်မျိုးနဲ့တစ်မျိုး ယှဉ်လျက်ကျော်ကြားပေါက်မြောက်ခဲ့တာပါ။ The Whispr အဖွဲ့ရဲ့ သုတေသနပြုလုပ် ချက်အရဆိုရင် ၂၀၁၂ခုနှစ်အတွင်း Twitter သုံးစွဲနေတဲ့ ငါးသောင်းခုနစ်ထောင်ကျော် သော ပရိသတ်တွေကြား အပြောများဆုံးသော ဖက်ရှင်ဒီဇိုင်နာဟာ ဗစ်တိုးရီးယား ဘက်ခမ်းပဲဖြစ်ခဲ့ပါတယ်။

၂၀၁၄ခုနှစ် ဖေဖော်ဝါရီထုတ် ဗြိတိသျှအွန်လိုင်းသတင်းစာကြီး The Independent မှာ Alexander Fury က သူဟာ လေးစားဖွယ်ရာ ဖက်ရှင်ဒီဇိုင်နာဖြစ်ကြောင်း တခမ်းတနားရေးသား ဖော်ပြခဲ့ပြန်ပါတယ်။

18195050 1585175184858484 6616951277434492952 n


 အပ်နှင်းခံရသောဆုများ

ဗစ်တိုးရီးယားဘက်ခမ်းဟာ ဂီတ၊ ဖက်ရှင်၊ ကျော်ကြားမှုဒါတွေအတွက် ဆုတွေ အပ်နှင်းခံခဲ့ရပါတယ်။

☻ British Fashion Award ၂၀၁၁
☻ Harper's Bazaar Women Of The Year Award ၂၀၁၃

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာများစွာရှိပေမယ့် ထိပ်တန်းစာရင်းဝင်ဆိုတာ လက်ချိုး ရေလို့ရပါတယ်။ အဲဒီစာရင်းထဲမှာ ဗစ်တိုးရီးယားဘက်ခမ်းလည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။ စွယ်စုံရအနုပညာရှင် ဗစ်တိုးရီးယားဘက်ခမ်းတစ်ယောက် ချစ်လှစွာသော ခင်ပွန်းသည် ဒေးဗစ်ဘက်ခမ်း၊ ချစ်လှစွာသော ရင်သွေးများနဲ့အတူ သေတစ်ဖန်သက်တစ်ဆုံး ကျန်းမာချမ်းသာစွာကျော်ဖြတ်သွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ။

source :the chic magazine

Read 1366 times
Rate this item
(1 Vote)