What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဥေရာပ အဝတ္အစားေဈးကြက္အထာ

(Zaw+Uni)ဥေရာပ အဝတ္အစားေဈးကြက္က ဥေရာပမွာ စီးပြားပ်က္ကပ္ဆုိက္တဲ့ ၂ဝဝ၈ ခုႏွစ္ မတုိင္ခင္တုန္းက ေရခ်ိန္ကုိ ျပန္တက္လာေပမဲ့ ယခင္ကနဲ႔မတူ အႀကီးအက်ယ္ ေျပာင္းလဲသြားၿပီ။

အျမတ္အစြန္းက နည္းပါးေနၿပီး အၿပိဳင္အဆုိင္ေတြ အျပင္းထန္ဆုံး ျဖစ္ေနတယ္။ ေရာင္းခ်တဲ့အပုိင္းမွာလည္း ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္ေနတယ္။ ခ်ဳပ္လုပ္တဲ့အပုိင္းမွာလည္း ခ်ဳပ္ခ်င္ၾကတဲ့သူေတြအၾကား ၿပိဳင္ဆုိင္မႈေတြ ျပင္းထန္ေနတယ္။ အဲဒီအတြက္ အထည္ခ်ဳပ္တဲ့သူေတြဘက္မွာ လုပ္ရကုိင္ရ မေခ်ာင္ေတာ့တာေတြ လာျဖစ္တယ္။ 

ဝယ္လက္ေတြက အထည္ခ်ဳပ္လုပ္ငန္းရွိတဲ့ ႏုိင္ငံေတြဆီ သြားၿပီး စက္႐ုံေရြးတာမ်ဳိး သိပ္မလုပ္ၾကေတာ့ဘူး။ အဲဒီအစား ေပးသြင္းမယ့္သူေတြကုိ သူတုိ႔ကုမၸဏီဆီကုိ လာေဆြးေႏြးကမ္းလွမ္းတာကုိ ပုိလုိလားၾကတယ္။ ဝယ္လက္ေတြနဲ႔ တစ္ေနရာတည္းမွာ ဆုံေတြ႕ခ်င္ရင္ေတာ့ ျပပြဲေတြမွာ ျပခန္းဖြင့္ၿပီး ေစာင့္ေမွ်ာ္ေတြ႕ဆုံတာ အလုပ္အျဖစ္ဆုံးပဲဆုိတဲ့ ပုံစံနဲ႔ သြားေနတယ္။

ဥေရာပေဈးကြက္ကုိ ဘယ္လုိဝင္မလဲ။ ဘယ္လုိ အတားအဆီးေတြ ေတြ႕ႏုိင္သလဲ။
ဥေရာပရဲ႕ အဝတ္အစားေဈးကြက္က အဝင္ခက္တယ္။ ကမၻာေပၚမွာ အခက္တကာ့အခက္ဆုံးထဲမွာ ပါတယ္။ တရားဝင္ျပ႒ာန္းထားတဲ့ တင္းက်ပ္တဲ့စည္းကမ္းေတြ ဥပေဒေတြရွိေနၿပီး လုိက္နာဖုိ႔ လုိတယ္။ အဲဒါအျပင္ ဥပေဒမွာ မျပ႒ာန္းထားတဲ့ စည္းကမ္းေတြ လုိက္နာစရာေတြလည္း အမ်ားအျပား ရွိေနတယ္။ အဲဒီ ႏွစ္မ်ဳိးစလုံးကုိ လုိက္နာဖုိ႔ လုိတယ္။ ဥပေဒမွာ မျပ႒ာန္းထားတဲ့ လုိအပ္ခ်က္ေတြ သတ္မွတ္ခ်က္ေတြကုိ ဝယ္လက္က တိတိက်က် ျပ႒ာန္းထားတယ္။ စာနဲ႔ေပနဲ႔ ျပဳစုထားတယ္။ ေပးသြင္းသူမ်ားအတြက္ လက္စြဲစာအုပ္ suppliers’ manual ထားရွိတယ္။ အင္တာနက္မွာလည္း တင္ေပးထားတယ္။ အခါအားေလ်ာ္စြာ ျပင္ဆင္ခ်က္ေတြ ျဖည့္စြက္ခ်က္ေတြ ထည့္တယ္။ ဝယ္လက္ေတြက အနည္းဆုံး တစ္ႏွစ္တစ္ႀကိမ္ေတာ့ လက္စြဲစာအုပ္ကုိ ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း စတာေတြ လုပ္ၾကပါတယ္။
ေသေသခ်ာခ်ာ ဖတ္ပါ။ သေဘာတူစာခ်ဳပ္ လက္မွတ္ထုိးၿပီးရင္ ခင္ဗ်ားက တိတိက်က် လုိက္နာမယ္လုိ႔ သူ႔ဘက္က သံသယမရွိ ယုံၾကည္ထားလုိက္ၿပီ။

ဥေရာပ အဝတ္အစားေဈးကြက္ CSR အေရးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html

အီးယူေဈးကြက္ ဝင္လမ္းသာေစတဲ့အခ်က္မ်ား
http://www.textiledirectory.com.mm/articles/item/697-eu-market-entry-point-guide.html


အဲဒီလက္စြဲမွာ ပါတဲ့ အခ်က္ေတြထဲမွာ လက္ေတြ႕မက်တာေတြ ပါေနတတ္တယ္။ အဲဒီလုိ ပါေနရင္ သေဘာတးလက္မွတ္မထုိးခင္ အားမနာစတမ္း ေမးျမန္းပါ။ ေသခ်ာေအာင္ ေမးပါ။ ၿပီးေတာ့ ေလ်ာ္ေၾကးရယူတာေတြ လုပ္ထုံးလုပ္နည္းကုိလည္း ေလ့လာပါ။ ခင္ဗ်ားရမယ့္ အျမတ္ထဲကေန အႀကီးအက်ယ္ ပဲ့ပါသြားမယ့္ကိစၥျဖစ္ေနတယ္။ သတ္မွတ္ရက္မွာ မတင္ပုိ႔ႏုိင္တာ၊ ျပႆနာရွိတာေတြေၾကာင့္ ေလ်ာ္ေၾကး ဘယ္လုိ ယူသလဲ ေလ့လာထားပါ။
ေနာက္ေတာ့မွ ဖတ္ရမယ့္ လက္စြဲစာအုပ္မ်ဳိး မဟုတ္ဘူး။ ဥပေဒေၾကာင္းအရ လုပ္ကုိင္တဲ့ စာခ်ဳပ္စာတမ္းေတြနည္းတူ အေရးပါတယ္။ သူ ယူရမယ့္ တာဝန္ေတြ အကုန္လုံး ကုိယ့္ပခုံးေပၚ တင္ထားတာမုိ႔ ကုိယ့္မွာ တာဝန္ႀကီးတယ္။ သူ႔မွာ တာဝန္ေပါ့တယ္။
ဆက္လက္ၿပီးေတာ့ ဥေရာပ အဝတ္အစားေဈးကြက္မွာ CSR အေရးပါပုံကုိ တင္ျပပါမယ္။

textile supplier manual 3j

 

 

ဥရောပ အဝတ်အစားဈေးးကွက်အထာ Suppliers’ Manual

============================

ဥရောပ အဝတ်အစားဈေးးကွက်က ဥရောပမှာ စီးပွားပျက်ကပ်ဆိုက်တဲ့ ၂ဝဝ၈ ခုနှစ် မတိုင်ခင်တုန်းက ရေချိန်ကို ပြန်တက်လာပေမဲ့ ယခင်ကနဲ့မတူ အကြီးအကျယ် ပြောင်းလဲသွားပြီ။ အမြတ်အစွန်းက နည်းပါးနပြေီး အပြိုင်အဆိုင်တွေ အပြင်းထန်ဆုံး ဖြစ်နေတယ်။ ရောင်းချတဲ့အပိုင်းမှာလည်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်။ ချုပ်လုပ်တဲ့အပိုင်းမှာလည်း ချုပ်ချင်ကြတဲ့သူတွေအကြား ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်။ အဲဒီအတွက် အထည်ချုပ်တဲ့သူတွေဘက်မှာ လုပ်ရကိုင်ရ မချောင်တော့တာတွေ လာဖြစ်တယ်။
ဝယ်လက်တွေက အထည်ချုပ်လုပ်ငန်းရှိတဲ့ နိုင်ငံတွေဆီ သွားပြီး စက်ရုံရွေးတာမျိုး သိပ်မလုပ်ကြတော့ဘူး။ အဲဒီအစား ပေးသွင်းမယ့်သူတွေကို သူတို့ကုမ္ပဏီဆီကို လာဆွေးနွေးကမ်းလှမ်းတာကို ပိုလိုလားကြတယ်။ ဝယ်လက်တွေနဲ့ တစ်နေရာတည်းမှာ ဆုံတွေ့ချင်ရင်တော့ ပြပွဲတွေမှာ ပြခန်းဖွင့်ပြီး စောင့်မျှော်တွေ့ဆုံတာ အလုပ်အဖြစ်ဆုံးပဲဆိုတဲ့ ပုံစံနဲ့ သွားနေတယ်။

ဥရောပဈေးးကွက်ကို ဘယ်လိုဝင်မလဲ။

ဘယ်လို အတားအဆီးတွေ တွေ့နိုင်သလဲ။
ဥရောပရဲ့ အဝတ်အစားဈေးးကွက်က အဝင်ခက်တယ်။ ကမ္ဘာပေါ်မှာ အခက်တကာ့အခက်ဆုံးထဲမှာ ပါတယ်။

တရားဝင်ပြဋ္ဌာန်းထားတဲ့ တင်းကျပ်တဲ့စည်းကမ်းတွေ ဥပဒေတွေရှိနပြေီး လိုက်နာဖို့ လိုတယ်။ အဲဒါအပြင် ဥပဒေမှာ မပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေ လိုက်နာစရာတွေလည်း အများအပြား ရှိနေတယ်။

အဲဒီ နှစ်မျိုးစလုံးကို လိုက်နာဖို့ လိုတယ်။ ဥပဒေမှာ မပြဋ္ဌာန်းထားတဲ့ လိုအပ်ချက်တွေ သတ်မှတ်ချက်တွေကို ဝယ်လက်က တိတိကျကျ ပြဋ္ဌာန်းထားတယ်။ စာနဲ့ပေနဲ့ ပြုစုထားတယ်။

ပေးသွင်းသူများအတွက် လက်စွဲစာအုပ် suppliers’ manual ထားရှိတယ်။ အင်တာနက်မှာလည်း တင်ပေးထားတယ်။ အခါအားလျော်စွာ ပြင်ဆင်ချက်တွေ ဖြည့်စွက်ချက်တွေ ထည့်တယ်။

ဝယ်လက်တွေက အနည်းဆုံး တစ်နှစ်တစ်ကြိမ်တော့ လက်စွဲစာအုပ်ကို

ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စတာတွေ လုပ်ကြပါတယ်။
သေသေချာချာ ဖတ်ပါ။ သဘောတူစာချုပ် လက်မှတ်ထိုးပြီးရင်

ခင်ဗျားက တိတိကျကျ လိုက်နာမယ်လို့ သူ့ဘက်က သံသယမရှိ ယုံကြည်ထားလိုက်ပြီ။
အဲဒီလက်စွဲမှာ ပါတဲ့ အချက်တွေထဲမှာ လက်တွေ့မကျတာတွေ ပါနေတတ်တယ်။

အဲဒီလို ပါနေရင် သဘောတူ

လက်မှတ်မထိုးခင်

အားမနာစတမ်း မေးမြန်းပါ။ သေချာအောင် မေးပါ။

ပြီးတော့ လျော်ကြေးရယူတာတွေ လုပ်ထုံးလုပ်နည်းကိုလည်း လေ့လာပါ။

ခင်ဗျားရမယ့် အမြတ်ထဲကနေ အကြီးအကျယ် ပဲ့ပါသွားမယ့်ကိစ္စဖြစ်နေတယ်။

သတ်မှတ်ရက်မှာ မတင်ပို့နိုင်တာ၊ ပြဿနာရှိတာတွေကြောင့် လျော်ကြေး ဘယ်လို ယူသလဲ လေ့လာထားပါ။
နောက်တော့မှ ဖတ်ရမယ့် လက်စွဲစာအုပ်မျိုး မဟုတ်ဘူး။ ဥပဒေကြောင်းအရ လုပ်ကိုင်တဲ့ စာချုပ်စာတမ်းတွေနည်းတူ အရေးပါတယ်။ သူ ယူရမယ့် တာဝန်တွေ အကုန်လုံး ကိုယ့်ပခုံးပေါ် တင်ထားတာမို့ ကိုယ့်မှာ တာဝန်ကြီးတယ်။ သူ့မှာ တာဝန်ပေါ့တယ်။
ဆက်လက်ပြီးတော့ ဥရောပ အဝတ်အစားဈေးးကွက်မှာ CSR အရေးပါပုံကို တင်ပြပါမယ်။

ဥရောပ အဝတ်အစားဈေးကွက် CSR အရေးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html

အီးယူဈေးကွက် ဝင်လမ်းသာစေတဲ့အချက်များ
http://www.textiledirectory.com.mm/articles/item/697-eu-market-entry-point-guide.html

Read 1923 times
Rate this item
(0 votes)