What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စင်ကာပူမှ ဖက်ရှင်ဒီပလိုမာ သင်တန်း

Fashion and Textile Design သင်တန်း စင်ကာပူနိုင်ငံ MDIS တွင် တက်ရောက်နိုင်ကြောင်း သိရသည်။


အင်္ဂလန်မှတက္ကသိုလ် တစ်ခု ဖြစ်သော University of Portsmouth မှပေးအပ်မည့် Bachelor of Arts (Hons) Fashion and Textile Design ဘာသာရပ်ကို စင်ကာပူနိုင်ငံ MDIS ၏ ဖက်ရှင်ဒီဇိုင်းကျောင်းတွင် သင်တန်းတက်ရောက်နိုင်သည်။
အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊ IGCSE အောင်မြင်ထားသူများသည် MDIS Foundation Diploma Programme ကိုတက်ရောက်ပြီး ဖက်ရှင်နဲ့ပတ်သက်သည့် အခြေခံဗဟုသုတနှင့် ဆန်းသစ်သောဒီဇိုင်းပညာရပ်များကို သင်ယူလေ့လာနိုင်ပါသည်။ လက်ရှိ ဖက်ရှင် စီးပွားရေး နယ်ပယ်၏ တိုးတက်ပြောင်းလဲမှုတွေကို နားလည်ဆည်းပူးပြီး Fashion နဲ့ပတ်သတ်သော ပညာရပ်အဆင့်ဆင့်ကို အခြေခံမှ သင်ယူနိုင်မည် ဖြစ်ပါသည်။

ဒီပလိုမာတန်းတွင်Basic 2D and 3D design ဆွဲတဲ့နည်းစနစ် ၊ Sketching ၊Technical Drawing ၊Colouring ၊ Fabric handling ၊ Drafting၊ Draping ၊Sewing and Finishing အစရှိသည်တို့ကို သင်ကြားပြသပေး မှာ ဖြစ်ပါသည်။ Adobe Illustrator Software၊ Photoshop အစရှိသည့် digital software များအသုံးပြု၍ 3D design ရေးဆွဲရမည်ဖြစ်သည်။ လက်တွေ့အတွေ့အကြုံအဖြစ် MDIS ၏ Industry Partners များနှင့် ပူးပေါင်းကျင်းပသော ဖက်ရှင်ပြပွဲများတွင် လေ့လာခြင်း၊ ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ဘွဲ့ဒီဂရီတန်းတွင်လည်း (၁၀)ပတ် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ ကို စင်ကာပူရှိ ကုမ္ပဏီများတွင် လက်တွေ့လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့၏ ကိုယ်ပိုင်ဒီဇိုင်းများကို ဒီဇိုင်နာအရောင်းဆိုင်များရှိရာ စင်ကာပူ၏နာမည်ကျော် Orchard Road တွင် Live Projects ဖြင့် တင်ဆက်ပြသခံရခြင်း စသည့် အခွင့်အရေးများ ရရှိနိုင်ပါသည်။

ကျောင်းသား/ကျောင်းသူများသည် Fide’ Fashion Weeks Asia ရဲ့ Fashion ပွဲများကို တက်ရောက်နိုင်ခြင်း၊ ဒီဇိုင်နာများအား Digital Platform များမှ တစ်ဆင့်ကြော်ငြာပေးခြင်း ၊ ကမ္ဘာ့ထိပ်တန်း ဒီဇိုင်နာများ ဖြစ်သော Hermes ၊ Prada၊ Dolce & Gabbana ကဲ့သို့ နာမည်ကျော် ဖက်ရှင်လုပ်ငန်းများ သို့ သွားရောက်လေ့လာနိုင်ခြင်း၊ Bata ၊ Blum & Co စသည့် ဖက်ရှင်လုပ်ငန်းများနှင့် ပူပေါင်းပြီး ထူးချွန်ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ပိုင်ဒီဇိုင်းများအား ကုမဏီများမှ ခေါ်ယူ၍ အသုံးပြုခြင်း ၊ နာမည်ကြီး Fashion Designers များ အားဖိတ်ကြား၍ ကျောင်းသား/ ကျောင်းသူများ၏ ကိုယ်ပိုင် ဒီဇိုင်းများ အပေါ်အကြံပြုအကဲဖြတ်ပေးခြင်း ၊ ဖက်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်း၊ Fashion Show အတွေ့အကြုံများစွာ ရယူဆည်းပူးနိုင်ရန် Singapore Fashion Week ကို နှစ်စဉ်ကျင်းပ ပေးခြင်း စသည့်အချက်များ ပါဝင်သည်ဟု သိရပါသည်။

Foundation Diploma in Fashion Design and Marketing ဘာသာရပ်ကို MDIS တွင် ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ ၂၀၁၉ မှာ ဖွင့်လှစ်တော့မည် ဖြစ်သည်။
တက်ရောက်လိုသူများ အနေဲဖြင့် အသေးစိတ်အချက်အလက်များစုံစမ်းမေးမြန်းလိုပါက MDIS ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော AT&S (နိုင်ငံတကာတက္ကသိုလ်ဝန်ဆောင်မှု)၊ အဆောင် (၅) ၊ အခန်း (၄)၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း- ၀၉-၅၀၆ ၂၁၆၁ ၊၀၉ ၇၇၇ ၂၂၃ ၂၂၅ သို့ဆက်သွယ်နိုင်ပါသည်။

Read 2643 times
Rate this item
(1 Vote)