What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားသစ်ရွေးချယ်မှုအတွက် ကုန်ကျစရိတ် ဘယ်လိုလျော့ချမလဲ

အဝတ်အစားသစ်ရွေးချယ်မှုအတွက် ကုန်ကျစရိတ် ဘယ်လိုလျော့ချမလဲ Google

ဖက်ရှင်အတွက်ဖြစ်ဖြစ် လူနေမှုအတွက် လိုအပ်လို့ပဲဖြစ်ဖြစ် ဈေးဝယ်မထွက်ခင်မှာ အရင်ဆုံး ကြိုတင်စဉ်းစားသင့်ပါတယ်။

 

ဈေးဝယ်ထွက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ လက်ထဲမှာ ငွေကြေးလုံလောက်မှုရှိမယ်ဆိုရင် သွားရတာ ပိုအဆင်ပြေပါလိမ့်မယ်။ မိသားစုတိုင်းက တစ်နှစ်မှာ မိသားစုဘတ်ဂျက်ရဲ့ ၂ ရာခိုင်နှုန်းခန့်ကို အဝတ်အစားအတွက် ပျမ်းမျှသုံးစွဲလေ့ရှိပါတယ်။

 

ဖက်ရှင်ချစ်သူများအနေနှင့် မိမိကြိုက်နှစ်သက်တာတွေ အများကြီး ရှိနေပြီးပေမယ့်လည်း ပစ္စည်းများကို ထပ်ခါထပ်ခါ ဝယ်မိတတ်ပါတယ်။ အဲဒါတွေက မိမိအတွက် စိတ်ကျေနပ်မှု ဖြစ်နေပေမယ့် ငွေဖြုန်းတီးရာ ရောက်ပါတယ်။ အခုချိန်ကစပြီး အဲဒီလိုမျိုးတွေကို ရပ်တန့်ပစ်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

 

မိမိစိတ်ကြိုက် ဈေးနှုန်းနဲ့ အရည်အသွေး လိုက်ဖက်ညီတာမျိုးကို ရှာတွေ့နိုင်ဖို့ မိမိလိုချင်တာတွေ ရှိနေတဲ့ ဆိုင်မှန်သမျှကို တစ်ခေါက်လောက် အရင်ပတ်ကြည့်လိုက်ပါ။ ပြီးတော့မှ အသင့်တော်ဆုံးနေရာမှာ ဝယ်ပါ။ ဒါပေမယ့် မဝယ်ခင် နှစ်ခေါက်လောက် စဉ်းစားသင့်ပါတယ်။ မလိုအပ်တာတွေ မဝယ်မိအောင်ပါ။

 

ဒါက အကြီးမားဆုံးမိသားစု ကုန်ကျစရိတ်မဟုတ်ဘူး ဆိုပေမယ့် တစ်လမှာ ကုန်ကျစရိတ် ချွေတာလို့ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အဝတ်အစားကောင်းတွေလည်း ဝတ်နိုင်မယ်၊ တစ်ဆက်တည်းမှာပဲ ငွေချွေတာနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

“ ငွေချွေတာချင်ရင် အဝတ်အစား ထပ်မဝယ်နဲ့ပေါ့” လို့ သင်စဉ်းစားကောင်း စဉ်းစားမယ်။ တကယ်တော့ အဝတ်အစားဆိုတာက မြန်မြန်ဆန်ဆန်ပဲ မှိုတက် ဟောင်းနွမ်းပျက်စီးနိုင်ပြီး မိမိလုပ်တဲ့အလုပ်နဲ့ အခြားအခြေအနေတွေအရ လိုအပ်တဲ့အဝတ်အစားအတွက် ငွေရင်းရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ကိုယ်အလေးချိန်တက်တာ၊ လျှော့တာ နဲ့ လျင်လျင်မြန်မြန် ကြီးထွားလားနေတဲ့ ကလေးတွေအတွက် အဝတ်အစား ဆင်ယင်ပေးရတာတွေကလည်း ဖြစ်လေ့ရှိပါတယ်။

 

ဒါပေမယ့် မိမိနှစ်သက်တဲ့ အဝတ်အစားတွေကို ကြာရှည်ခံဝတ်လို့ရအောင် ထိန်သိမ်းခြင်းအားဖြင့် အဝတ်အစားအတွက် ငွေကုန်ရတာ တန်စေနိုင်သလိုပဲ အဝတ်အစားသစ်အတွက် ကုန်ကျစရိတ်ကိုလျှော့ချလို့ရပါတယ်။

 

အရည်အသွေး သာလွန်တဲ့ အဝတ်အစားတွေကိုဝယ်ပါ

 

အဝတ်အစားအတွက် ငွေပိုသုံးဖို့ ပြောနေတာလားလို့ မေးရင် ယေဘုယျအားဖြင့်တော့ မှန်တယ်လို့ ပြောရမှာပါ။ နှစ်တိုင်း တစ်ခါသုံး အဝတ်အစားတွေ လဲလှယ်ဝယ်ယူဝတ်ဆင်တာထက် အရည်အသွေးပိုမိုကောင်းမွန်ပြီး ကြာရှည်ဝတ်ဆင်လို့ရနိုင်မယ့် အဝတ်အစားမျိုးကို ဝယ်ယူတာက ကြာရှည်မှာ သင့်ငွေကုန်ပိုမိုသက်သာစေမှာဖြစ်ပါတယ်။ သို့ပေမယ့် ကလေးတွေအတွက်တော့ ဒီအကြံပေးချက်က အကျုံးမဝင်ပါဘူး။

 

ဝယ်သင့်တဲ့အချိန်မှာ ဝယ်ပါ

 

အဝတ်အစားကို ဝယ်သင့်တဲ့အချိန်မှ ဝယ်ယူတာက ကုန်ကျစရိတ်ကို ရာခိုင်နှုန်းနဲ့ သက်သာစေမှာဖြစ်ပါတယ်။ ကလေးအဝတ်အစားတွေ ဝယ်ဖို့ဆိုရင် ဇန်နဝါရီ နဲ့ သြဂုတ်လတွေက အကောင်းဆုံးဖြစ်ပြီး ကြာသပတေးကတော့ အဝတ်အစားအတွက် ရှော့ပင်ထွက် ဖို့အကောင်းဆုံးနေ့ဖြစ်ပါတယ်။ ထို့အပြင် ရက်သတ္တပတ်မှာ သီးသန့်အဝတ်အထည်မျိုးတွေအတွက် အကောင်းဆုံးဝယ်ယူသင့်တဲ့နေ့တွေ ရှိတတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အဝတ်အစားတစ်ခု လတ်သလောရေပန်းစားနေချိန်မှာ မဝယ်ယူသင့်ပဲ ၎င်းရေပန်းစားချိန်ရာသီကုန်မှ ဝယ်ယူတာက လိမ္မာပါးနပ်မှုတစ်ခုဖြစ်ပါတယ်။

 

ဈေးအချိုဆုံးအချိန်မှာ ဝယ်ယူပါ

 

အရောင်းပြပွဲအချိန်တွေမှာ အဝတ်အစားဝယ်တာက လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြပွဲတစ်ပတ်ကြားပြီးနောက် အခြားအချိန်မှာ ဒီထက်ပိုဈေးချိုသာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဒါကြောင့် လုံးဝဈေးအချိုသာဆုံးဖြစ်မယ့် အချိန်ကို စောင့်ဝယ်စေချင်ပါတယ်။ ငွေကုန်ကြေးကျ သက်သာပြီး တကယ်အချိန် မရတဲ့အခါမှာလည်း အဆင်ပြေတဲ့ ဖက်ရှင်တစ်ခုအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိနေတာကို ခံစားရပါလိမ့်မယ်။

 

မကြာခဏဆိုသလို မလျှော်ဖွတ်ပါနှင့်

အကောင်းဆုံး အကြံပေးချက်ပဲလို့ ထင်လို့ရပါတယ်။ ဒါပေမယ့် လျှော်ဖွတ်တာလျှော့ခြင်းက မကြာမကြာဆိုသလို သင့်အင်္ကျီကို ကြာရှည်ခံစေနိုင်တာတော့ အမှန်ဖြစ်ပါတယ်။ (အချိန်ကုန်သက်သာသလို လျှော်ဖွတ်ဖို့ ပစ္စည်းပစ္စယအတွက် လည်း ကုန်ကျစရိတ် သက်သာပါတယ်)။ ဂျင်းနဲ့ ဆွယ်တာလို အဝတ်အစားတွေက သိပ်လျှော်ဖွတ်စရာ မလိုလှပါဘူး။ သိုးမွှေးထည်တွေကတော့ စွန်းထင်းလွယ်သောကြောင့် မကြာမကြာ လျှော်ဖွတ်သင့်ပါတယ်။

 

သင့်အဝတ်အစားတွေကို ပိုမိုဂရုစိုက်ပေးပါ

သင်နှစ်သက်တဲ့ ဆွယ်တာ (သို့) ရှပ်အင်္ကျီကို အဝတ်အစားစတိုခန်းကနေ ထုတ်ယူလိုက်ချိန်မှာ ပိုးဖလံတွေ၊ ပင့်ကူမျှင်တွေနဲ့ စွန်းပေရစ်ပတ်နေတာကို မြင်ရရင် စိတ်ပျက်စရာဖြစ်မှာ အမှန်ဖြစ်ပါတယ်။ ထို့ကြောင့် မိမိနှစ်သက်တဲ့ အဝတ်အစားတွေကို ပိုးမွှေးလုံးတွေ၊ အဖုံးအကာတွေနဲ့ ကောင်းမွန်တဲ့ အင်္ကျီအိတ်၊ ဘီရိုတွေထဲမှာ သပ်သပ်ရပ်ရပ် သိမ်းထားစေချင်ပါတယ်။ ဆွယ်တာတွေကို ဘယ်လို သန့်သန့်ရှင်းရှင်းထားရမယ် ဆိုတာသိပြီး လက်နဲ့လျှော်ဖွတ်ရတဲ့ အဝတ်အစားတွေ၊ အိမ်မှာရှိတဲ့ အဝတ်အစားခြောက်တွေကို ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်း ထားပါ။

 

သင်နှစ်သက်တဲ့ အဝတ်အစားတွေကို ဘယ်လိုလျှော်ဖွတ်သန့်စင်ရမယ်ဆိုတာသိပြီး သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားစေချင်ပါတယ်။

 

By Myanmar Textile & Garment Guide

Read 828 times
Rate this item
(0 votes)