What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပုံတုံးတုံး အဝတ်အစားအဟောင်းတွေကို အလန်းစားဒီဇိုင်း ဖန်တီးကြည့်ရအောင်

ပုံတုံးတုံး အဝတ်အစားအဟောင်းတွေကို အလန်းစားဒီဇိုင်း ဖန်တီးကြည့်ရအောင် google

        ပျိုမေတို့မှာ မဝတ်ဖြစ်တော့ဘဲ ချောင်ထိုးထားတဲ့ အဝတ်အစား အဟောင်းတွေ ရှိရင် ဒီလို ဒီဇိုင်း အလန်းလေးတွေ ဖန်တီး

လို့ရတယ်နော်။

(၁) ဂျင်းဘောင်းဘီကို စကတ်ပုံစံပြောင်းမယ်
        သင့်ဂျင်းဘောင်းဘီကို ဂျင်းစကတ်ဖက်ရှင်အဖြစ်ပြောင်းလဲလို့ရပါတယ်။

1

 

(၂) ပုခုံးပျောက်ရှပ်အင်္ကျီ
        ရိုးရိုးတီရှပ်တစ်ထည်ကို ပုခုံးပျောက်ရှပ်အင်္ကျီပုံစံပြောင်းဖို့ တီရှပ်အင်္ကျီကော်လာကို ညှပ်ထုတ်ပါ။ အနားစွန်းတွေကို ချုပ်ပါ။ သားရေကြိုး/မျော့ကြိုးထည့်ချုပ်ပြီး ဝတ်ဆင်နိုင်ပါတယ်။

2

 

(၃) စကတ်ကိုအတွန့်လေးတွေနဲ့ အလှဆင်မယ်
        သင့်မှာ ရှိတဲ့ စကတ်အဟောင်းက အရမ်းရှည်နေလို့ မဝတ်ချင်ဘူးဆိုရင် ဒီဇိုင်းလန်းလန်း အတိုလေးကို ပြောင်းလဲနိုင်ပါတယ်။ စကတ်ကို ကိုယ်လိုသလောက်ဖြတ်ပြီး ဖြတ်စနဲ့ စကတ်မှာ အတွန့်လေးတွေ အလှဆင်နိုင်ပါတယ်။

3

 

(၄) ဂါဝန်တစ်ထည်ကို အင်္ကျီအဖြစ်ပြောင်းမယ်
        မိန်းကလေးတိုင်းမှာ မဝတ်ဖြစ်တော့တဲ့ ဂါဝန်တစ်ထည်တော့ ရှိကြပါတယ်။ ဂါဝန်တစ်ထည်ကို အလွန်လှပတဲ့ အင်္ကျီအဖြစ် ဖန်တီးလို့ရပါတယ်။

4

 

(၅) တောက်ပတဲ့ ဖဲကြိုး
        သင့်ရဲ့သာမန်တီရှပ်ပေါ်ကို ဖဲကြိုးအရောင်တောက်တောက်လေးတွေ ကပ်မယ်ဆိုရင် သင့်အင်္ကျီကို ထူးထူးခြားခြားလေးဖြစ်စေမှာပါ။

5

 

(၆) ကတ္တီပါဖဲကြိုး
        သင့်မှာ ဆွယ်တာအင်္ကျီလေးရှိရင် ကတ္တီပါဖဲကြိုးလေးကိုသုံးပြီး အချိန်၁၅မိနစ်လောက်နဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးဖန်တီးလို့ရပါတယ်။

6

 

Source: Lifestyle Myanmar

Myanmar Textile and Garment Directory

Read 1691 times
Rate this item
(1 Vote)
Tagged under