What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့အိမ်မှာ ရှိတဲ့ Leather ဖိနပ်တွေကို ဘယ်လိုသန့်ရှင်းအောင် ပြုလုပ်မလဲ

သင့်ရဲ့ leather ဖိနပ်တစ်စုံကို လုံးဝသန့်ရှင်းအောင် ပြုလုပ်ခြင်းဟာ ဘယ်အရာနဲ့မှ မတူတဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ဒီလို သန့်ရှင်းအောင်ပြုလုပ်ခြင်းဟာ သင့်ရဲ့ style ကိုဆွဲဆောင်မှုရှိအောင် ချက်ချင်းဆိုသလို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်မှာရှိတဲ့ဘွတ်ဖိနပ်တွေကို နေရာတော်တော်များများမှာ အသုံးပြု စီးခဲ့ပြီးတဲ့နောက်မှာတော့ ပွန်းရာခြစ်ရာတွေ၊ တွန့်ကြေရာတွေနှင့်အတူ အရောင်မှိန်သွားခြင်းတွေကိုပါ သင်မြင်တွေ့ရလိမ့်မယ်။ သန့်ရှင်းအောင်ပြုလုပ်တာတွေနှင့်အတူ ပြီးပြည့်စုံတဲ့ ဖိနပ်တစ်ရန်ကို ထိန်းသိမ်းဖို့အတွက် ဒါဟာခက်ခဲတဲ့ အရာမဟုတ်တော့ပါဘူး။အခုပြောပြပေးမဲ့နည်းလမ်းတွေကို သင့်ရဲ့အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်နော်။

1Toothpaste

1
သွားတိုက်ဆေးဟာ သင့်ရဲ့အိမ်မှာ အလွယ်တကူ ရနိုင်တဲ့ပစ္စည်းလေးပါ။ သွားတိုက်ဆေးအနည်းငယ်ကိုညစ်ပြီး နူးညံ့တဲ့ အဝတ်စတစ်ခုနဲ့ ဖိနပ်တစ်ပြင်လုံးကို သုတ်ပေးပါ။အားလုံးပွတ်တိုက်ပေးပြီးရင်တော့ brush သို့မဟုတ် အဝတ်စနဲ့ ပြန်လည်သန့်ရှင်းအောင်ပြုလုပ်ပေးပါ။ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ ဖိနပ်တစ်ရန်ကို ရပြီပေါ့။

2.Baking Soda

2
baking soda ကတော့သင့်ရဲ့ သားရေဖိနပ်ပေါ်မှာ စွန်းထင်းနေတဲ့ ဆီများကို ကူညီဖယ်ရှားပေးမှာပါ။ baking soda အနည်းငယ်ကို သင့်ရဲဖိနပ်မျက်နှာပြင် တစ်ခုလုံးကို ဖြန်းပေးပြီး ဂွမ်းစနဲ့ သုတ်ပေးပါ။ ချက်ချင်းဆိုသလို သင့်ရဲ့ဖိနပ်မှာကပ်နေတဲ့ဖုန်မှုန့်တွေဟာ သိသိသာသာ ပြောင်လက်သွားမှာပါ။

3.White Vinegar

3
ခွက်တစ်ခွက်ထဲမှာ ရေနှင့်အတူ အဖြူရောင်ရှာလကာရည်ကို ရောပေးပါ။ပြီးရင်တော့ ဂွမ်းစနဲ့ ဖိနပ်တစ်ပြင်လုံးကို ပြောင်လက်နေအောင် ပွတ်တိုက်ပေးပါ။ အဖြူရောင်ရှာလကာရည်ရဲ့ အကျိုးအာနိသင်ကတော့ စွန်းထင်းနေတဲ့ဆားဓာတ်တွေကို ဖယ်ရှားပေးမှာပါ။ဆောင်းရာသီမှာ အကယ်၍ သင်လမ်းလျှောက်ထွက်တဲ့အခါ နှင်းတွေကျလာရင် ဖိနပ်တစ်ခုလုံးမှာ ဆားဓာတ်တွေစွန်းထင် နေမှာအသေချာပဲ။အဲ့လို စွန်းထင်းနေရင်တော့ အဖြူရောင်ရှာလကာရည်နဲ့ သန့်ရှင်းပေးလိုက်မယ်ဆိုရင် လုံးဝအံသြသွားလောက်အောင် ဖြစ်သွားမှာနော်။

4.Alcohol

4
အရက်က သင့်ရဲ့ leather ဖိနပ်ပေါ်မှာ ပေကျံနေတဲ့ အစွန်းအကွက်တွေကို အလွယ်တကူ ဖယ်ရှားပေးနိုင်တဲ့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဂွမ်းစကို အရက်ခွက်ထဲနှစ်ပြီး စွန်းထင်းနေတဲ့ နေရာများကို ပွတ်တိုက်ပေးပါ။

5.Coconut Oil

5
အုန်းဆီက အသားရေစိုပြေမှုကို ပေးစွမ်းနိုင်တယ်ဆိုတာ အားလုံးလဲသိမှာပါ။ leather ဖိနပ်တွေအတွက်တော့ အကောင်းဆုံး နည်းလမ်းပါပဲ။ အုန်းဆီကို အသုံးမပြုခင် ပထမဆုံး ဖိနပ်ပေါ်မှာပေကျံနေတဲ့ ဖုန်မှုန့်တွေကို သန့်ရှင်းပေးပါ။ ပြီးရင်တော့ ဂွမ်းစကို အုန်းဆီထဲမှာ နှစ်ပြီး ပြောင်လက်နေအောင် ပွတ်တိုက်ပေးပါ။ အုန်းဆီအစွမ်းဟာ သင့်ဖိနပ်ကို ၃လ သို့မဟုတ် ၆လ အတွင်း အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးမဲ့ ပစ္စည်းကောင်းလေးတစ်ခုပါပဲနော်။

6.Vaseline

6
vaseline ကတော့နေရာတော်တော်များများမှာ အသုံးဝင်တဲ့ ပစ္စည်းဆိုတာ အားလုံးလဲသိပြီးသားဖြစ်မှာပါ။ vaseline ဘူးထဲသို့ ဂွမ်းစကို နှစ်ပြီးလျှင်တော့ ဖိနပ်များကို ပြောင်လက်အောင် ပွတ်တိုက်ပါ။ သင်ဖိနပ် ပြောင်လက်တောက်ပပြီး ပျော့ပျောင်းနေမှာ အမှနိတကယ်ပါပဲနော်။ သင်ရဲ့ဖိနပ် မှာ အက်ကွဲရာ ဒါမှမဟုတ် ပွန်းရာထင်နေမယ့်ဆိုရင်တော့ ဒီနည်းလမ်းလေးနဲ့ ထိန်းသိမ်းသင့်ပါတယ်။

အခုပြောပြပေးလိုက်တဲ့ နည်းလမ်းတွေက သင့်အတွက် အသုံးဝင်ပြီး အိမ်မှာလဲ အလွယ်တကူပြုလုပ်ပေးနိုင်ပါတယ်နော်။

Read 1361 times
Rate this item
(1 Vote)