What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ဈေးကြီးသော Brand အဝတ်အစားတွေကို ဘယ်လိုရွေးချယ်ဝယ်သင့်သလဲ"

မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် သူတို့အတွက် အဝတ်အစား ဝယ်တဲ့အခါ Brand နာမည်ကြီးတာတွေဆို ကြိုက်နှစ်သက်ကြတာ များပါတယ်။ သို့သော် Brand အဝတ်အစားတွေက ဈေးကြီးတာကြောင့် အများစုဟာ ဒီလို Brand အဝတ်အစားတွေကို တခါတလေမှပဲ ဝယ်ဝတ်နိုင်ပါတယ်။

 

ကိုယ့်ရဲ့ ၃လ ၄လလောက် စုထားတဲ့ ပိုက်ဆံလေးနဲ့ Brand အဝတ်အစားတွေကို ဝယ်တော့မယ်ဆိုရင် ရွေးချယ်မှု မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ဈေးကြီးပေးဝယ်ပြီးတော့မှ နောင်တရတာတွေ ဖြစ်တတ်လို့ပါ။ အဲဒါကြောင့် Brand အဝတ်အစားတွေကို ဘယ်လိုရွေးချယ်ဝယ်ယူသင့်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

 

-Logo ပါရုံနဲ့ မဝယ်ပါနဲ့

အချို့လူတွေက brand အဝတ်အစား ဝယ်ပြီဆိုရင် Logo ပါတာကိုပဲရွေးဝယ်ပါတယ်။ ဥပမာ Next Generation Brand တီရှပ် ဝယ်တယ်ဆိုပါစို့။Brand ဝတ်ထားမှန်းသူများတွေသိအောင် Next Generation logo ကြီးရိုက်ထားအင်္ကျီကိုမှရွေးဝယ်တာမျိုး မလုပ်သင့်ပါဘူး။ Logo ဆိုတာ အလွယ်တကူ ရိုက်လို့ ရပြီး အတုတွေလဲပေါ်နေတာကြောင့် logo ကြွားချင်ရုံသပ်သပ်နဲ့တော့ Brand အထည်တွေ မဝယ်သင့်ပါဘူး။

 

- Quality နဲ့ ဒီဇိုင်း

Brand အထည်တွေ ဈေးကြီးရတဲ့အကြောင်းအရင်းက အရည်အသွေးနဲ့ဒီဇိုင်းကြောင့်ပါ။ Brand အထည် ဝယ်တော့မယ်ဆိုရင် အသား ဘယ်လောက်ကောင်းလဲ၊ ကြာရှည်ခံမှာလား၊ ဒီဇိုင်းဆန်းရဲ့လား ဆိုတာတွေကို ဂရုတစိုက်ကြည့်ပါ။ ဈေးကြီးပေးဝယ်မှတော့ ဒီဇိုင်းဆန်းပြီး အရည်အသွေးကောင်းတာကိုမှ ရွေးဝယ်သင့်တာပေါ့။

 

- တွဲဝတ်လို့ရတဲ့ အဝတ်အစား

ကိုယ်က Brand စကပ်တစ်ထည်ဝယ်တော့မယ်ဆိုပါစို့။ အိမ်က အဝတ်ဗီရိုထဲမှာ ဒီစကပ်နဲ့ တွဲဝတ်လို့ရမယ့်အင်္ကျီတွေရှိရဲ့လားဆိုတာစဉ်းစားပါ။ဝ ယ်ပြီးတော့မှကိုယ့်မှာရှိတဲ့ အင်္ကျီတွေနဲ့ တွဲဝတ်လို့မလိုက်ဘူး ဆိုရင် ဝယ်ပြီးအလကားဖြစ်သွားပါလိမ့်မယ်။ အရောင်တွေအဆင်တွေကအစ သေချာစိစစ်ပြီးရွေးဝယ်ပါ။ ကိုယ့်အသားအရောင်နဲ့လိုက်ဖက်မှု ရှိမရှိ သေချာဝတ်ကြည့်ပြီးမှဝယ်ပါ။

 

- ဈေးနှုန်း

ဈေးအရမ်းကြီးကြီးမှကောင်းတာလဲ မဟုတ်ပါဘူး။ အချို့အဝတ်အစားတွေကပေးရတဲ့ဈေးနဲ့ မတန်တာ တွေလဲရှိပါတယ်။ ကိုယ့်မှာ ရှိတဲ့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ ဝယ်ရမှာ ဖြစ်လို့ ကိုယ်တစ်ကယ်အရမ်းကြီးကြိုက်တယ်လိုချင်တယ်ဆိုမှဈေးကြီးပေးဝယ်ပါ။ အပြင်မှာ၈၀၀၀၊ ၁၀၀၀၀ လောက်နဲ့ အဝတ်အစားတွေ ဝယ်လို့ရနေတဲ့အချိန်မှာ Brand အထည်တွေက အနည်းဆုံး လေးငါးသောင်းနဲ့အထက်မှာရှိနေတာပါ။ ဒါ့ကြောင့် သေချာစဉ်းစားချင့်ချိန်ပြီး ပေးရတဲ့ဈေးနှုန်းနဲ့တန်မှဝယ်သင့်ပါတယ်။

 

By Myanmar Textile & Garment Guide

source : jasmine

Read 873 times
Rate this item
(0 votes)