What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခပ်တုတ်တုတ်ဖြစ်လာပြီဆို ဘယ်လိုဝတ်ကြမလဲ...

  နေထိုင်မှု ပုံစံကြောင့်ရယ်၊ စားသောက်မှု ပုံစံကြောင့်ရယ်၊ အသက်အရွယ်ကြောင့်ရယ် တစ် နေ့ တစ်ချိန်မှာ ခပ်တုတ်တုတ် ခန္ဓာကိုယ် ဖြစ်လာပြီဆိုပါစို့။

ဘယ်လို ဖက်ရှင်တွေ ဆင်မလဲဆိုတာ  အကြံပြုချင်ပါတယ်။

၁။ ကိုယ့်ခန္ဓာကိုယ်ပုံပန်းကို သိပါ။

1 dress for your body shape

ဒါက အဓိကအကျဆုံးအချက်ပါ။ ကိုယ့်ခန္ဓာ ကိုယ်က ဘယ်လိုပုံစံဖြစ်နေတာလဲ။ ထောင့်မှန် စတုဂံလိုမျိုးဝလာတာလား၊ သဲနာရီလေးလို ဝလာ တာလား၊ သစ်တော်သီးပုံလေး ဖြစ်နေတာလား။ ဒီလိုသိပြီးပီဆိုမှ လိုက်ဖက်တဲ့ဖက်ရှင်ကို သင် စဉ်းစာမိမှာပါ။

၂။ ဘာနဲ့ ဖက်ရှင်ကျလည်းသိပါ။

2 know what works

 ဒီနေရာမှာ ပြောချင်တာက Trend ဆိုတာ ကြီးကို မေ့ထားလိုက်ပါ။ ခေတ်ပေါ်တဲ့ ဖက်ရှင်တိုင်း သင့်ခန္ဓာကိုယ်နဲ့မလိုက်ဖက်နိုင်ပါဘူး။ နောက်ဆုံး ပေါ်ဝတ်မှ လှမယ်ဆိုတဲ့ အတွေးကို ဒီစာဖတ်ပြီး တာနဲ့ စွန့်လွှတ်လိုက်ပါတော့။

၃။ ထူးခြားမှုကို အသားပေးပါ။

3 emphasise your assets

 ခပ်တုတ်တုတ်ဖြစ်နေပေမဲ့ သင့်ခန္ဓာကိုယ် မှာ သူမတူအောင် ထူးတဲ့ နေရာလေးတွေ ရှိနိုင် ပါတယ်။ သင့်ခန္ဓာကိုယ် ကောက်ကြောင်းလား၊ ခြေသလုံးလေးလား၊ ရင်သားလား ဒါကတော့ သင် ရွေးချယ်ရမယ့် အပိုင်းဖြစ်သွားပါပြီ။ ကိုယ့်ထူး ခြားမှုကို တော့ ဖော်ပြတတ်ပါစေ။

၎။ အရောင်များနဲ့ ကစားပါ။

4 work with colour

အရောင်တွေနဲ့ ဆွဲဆောင်မှုကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ သင့်လည်တိုင်လေးကို သတိပြု မိစေချင်ရင် အရောင်စုံနဲ့ လည်ဆွဲလေးတစ်ခု ကောက်တတ်ကြည့်လိုက်ပါ။ သင့်ခါးလေးကို သတိ ပြုမိစေချင်တယ်ဆိုရင်တော့ အရောင်စုံတဲ့ အပေါ်
ထပ် အင်္ကျီလေးဖြစ်ဖြစ်၊ သားသားနားနားခါးပတ် လေးဖြစ်ဖြစ် သုံးကြည့်လိုက်ပါ။

၅။ Accessories ပေါ် အောချလိုက်ပါ။

5 splurge on accessories

 ဆိုလိုတာက Accessories တွေဝယ်ဖို့ လက်မတွန့်ပါနဲ့။ နောက်ဆုံးပေါ် အိတ်၊ ဖိနပ်တွေ သုံးပြီး ဖက်ရှင်ကျကြောင်းလည်း ပြလို့ရပါတယ်။ သင့်အဝတ်အစားတွေ ဒိတ်အောက်နေရင်တောင် ဒီ Accessories တွေနဲ့ ထိန်းထားနိုင်ပါတယ်။
နောက်ပြီး ဒါတွေက ဝိတ်ဘယ်လောက်တက်လာ တက်လာ ဆိုဒ်မပြောင်းတဲ့ ပစ္စည်းတွေပါလို့။

၆။ အောက်ခံတွေ မလျော့ရဲစေနဲ့။

6 choose the right undergarments

ခပ်တုတ်တုတ်ဖြစ်နေသူ တစ်ယောက်အ တွက် အဆိုးရွားဆုံးက လျော့ရဲရဲ အောက်ခံတွေပါ။ ဒါတွေက သင့်ကို ခရီးဆုံး အထိပို့ပေးနိုင်ပါတယ်။ ဒါကြောင့် အောက်ခံရွေးချယ်တဲ့နေရာမှာ မှန်မှန် ကန်ကန်ရှိဖို့ ဂရုတစိုက်ရွေးချယ်လိုက်ပါ။

၇။ ခပ်ကြပ်ကြပ်ဝတ်ဖို့ မတွန့်ပါနဲ့။

7 get the right fit

ငါဝနေလို့ အကြပ်မဝတ်ဘူးဆိုတာ လုံးဝမှား ယွင်းတဲ့ အတွေးပါနော်။ ဘယ်တော့မှ အဲလို မတွေးပါနဲ့။ အပေါ်ပိုင်းမကြပ်ရင်တောင် အောက်ပိုင်း လေး ကြပ်လိုက်တာဖြစ်ဖြစ်၊ ခါးနေရာလေး ကြပ်
လိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါ။ ခပ်ပွပွ အဝတ် အစားတွေကသာ သင့်ကို ပိုပြီးကြည့်ရဆိုးစေမှာ ပါ။

၈။ ချုပ်ဝတ်ပါ။

8 get it tailored

 အဝတ်အစားဆိုဒ်တွေဟာ သိပ်ယေဘုယျ ဆန်ပါတယ်။ ဒီတော့ ကိုယ်နဲ့မှ မတော်လေခြင်း ရယ်လို့ သောကများမနေပါနဲ့။ သင်နဲ့ အံဝင်ဂွင်ကျ ဖြစ်မယ့် ဒီဇိုင်နာကောင်းကောင်းရှာထားပြီး ကိုယ်နဲ့ လိုက်ဖက်မယ့်ဖက်ရှင်ကို ချုပ်ဝတ်လို့ရပါတယ်။

၉။ ပုံစံပြောင်းပစ်ပါ။

12 revamp and re style

 ကိုယ့်ဖက်ရှင်က သိပ်ငြီးငွေ့စရာကောင်း တယ်လို့ ထင်လာရင်၊ ဆံပင်ပုံစံပဲဖြစ်ဖြစ် ပြောင်း ပစ်လိုက်ပါ။ အဓိကကတော့ ကိုယ့် ပုံပန်းကို လုံးဝ ပြောင်းပစ်ဖို့ပါ။ ဒါဆို ကိုယ့်ကိုယ်ကို လူသစ်တစ် ယောက်လို ခံစားရပြီး အရင်ကထက် ယုံကြည်မှု ပိုရှိလာနိုင်ပါတယ်။

၁၀။ အဆင်အကွက်အသေးကိုရွေးပါ။

15 stick to smaller patterns

 ခပ်တုတ်တုတ်ဖြစ်နေရတဲ့ကြားထဲ အဆင် အကွက် ကြီးမားတာတွေက သင့်ကို ပိုပြီး ထွားကျိုင်း သွားစေနိုင်ပါတယ်။ ဒါကြောင့် အဆင်အကွက် ဝတ်မယ်ဆုံးဖြတ်ရင် သေးနှုတ်တဲ့လိုင်းကို ရွေးချယ် မှသာ ကိုယ့်ခန္ဓာကိုယ်ကို ရှိရင်းစွဲထက် သေးသွယ် သွားစေမှာပါ။

၁၁။ ခုချက်ချင်း ပြင်လိုက်ပါ။

20 wear it now

သင်နဲ့ မတော်ပေမဲ့ တစ်နေ့တော်လေဦး မလားရယ်ဆိုတဲ့အတွေးနဲ့ ဆိုဒ်သေးလေးတွေ ဝယ်ခြင်းကို အခုကစပြီး စွန့်လိုက်ပါတော့။ ကိုယ် နဲ့သင်တော်ပြီး လိုက်ဖက်မယ့် ဖက်ရှင်တွေကိုပဲ အခုကစပြီး ခပ်မော့မော့လေး ဝတ်ဆင်လိုက်ပါ။ ပစ္စုပ္ပန် မှာ နေထိုင်ခြင်းဟာ ဘဝရဲ့ လက်ဆောင်ကို လက်ခံယူခြင်း မည်ပါတယ်။

source:people

Read 1266 times
Rate this item
(0 votes)