What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ဘရာဆိုဒ်ကို ဘယ်လိုမှန်ကန်အောင် တိုင်းတာမလဲ

အမျိုးသမီးများအနေဖြင့် ဘရာတစ်ခုကို ရွေးချယ်ရာမှာ ကိုယ့်နဲ့ကိုက်ညီမှုရှိပြီး အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် ဘရာမျိုးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

အကယ်၍ ဆိုဒ်က ကြီးနေတာမျိုးတွေဆိုရင် ဝတ်ဆင်ရာမှာ ချောင်ကျိကျိဖြစ်နေနိုင်တယ်။ သေးလွန်းနေပြန်ရင်လည်း အပြင်ကို လျှံထွက်နေတတ်ပြီး ပုံမကျပန်းမကျတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဘရာတစ်ခုကို မဝယ်ခင်မှာ ကိုယ့်ရဲ့ ဘရာ ဆိုဒ်ကို ဘယ်လိုမှန်ကန်အောင် တိုင်းတာရမလဲဆိုတာ ပြောပြပေးပါမယ်။

1. သင့်ရဲ့Band ဆိုဒ်ကိုတိုင်းတာပါ။

5
သင့်ရဲ့ရင်ဘတ်ကို ပေကြိုးနဲ့ပတ်ပြီး တိုင်းလိုက်ပါ။ တိုင်းတဲ့အခါမှာ ကျပ်လွန်းတာ သို့မဟုတ် ချောင်နေလွန်းတာ မဖြစ်စေဘဲ သေချာအောင်တိုင်းပါ။ တိုင်းလိုက်တဲ့အခါမှာ မဂဏန်း ဒါမှမဟုတ် ဒဿမတွေ ဖြစ်နေမယ်ဆိုရင် စုံဂဏန်းကို ယူပေးပါ။ ဥပမာဆိုပါစို့ သင်တိုင်းလိုက်တဲ့အခါ ရလာမယ့်နံပါတ်က 33 (သို့) 33.5 လက်မဆိုရင် ဆိုဒ်က 34 ဖြစ်တယ်။ တကယ်လို့ 35 ဆိုရင်တော့ 34ဖြစ်ဖြစ် 36ဖြစ်ဖြစ် ဝတ်ဆင်နိုင်တယ်။

2.ခွက်ဆိုဒ်ကို တိုင်းတာပါ။

6
သင့်ရဲ့ရင်သားကို ပေကြိုးနဲ့ တင်းကျပ်စွာ မပတ်ဘဲ ချောင်နေအောင်ပတ်ပြီး တိုင်းပါ။ တိုင်းတဲ့အခါမှာ nipple အဆင့်ကနေ တိုင်းတာရမှာဖြစ်တယ်။ ဒါဟာမပြောင်းလဲဘဲ မှန်ကန်တိကျတဲ့ နံပါတ်ကို ပေးမှာပါ။

3. တွက်ချက်ပါ။

9

cup ဆိုဒ်နံပါတ်ထဲကနေ bandဆိုဒ်နံပါတ်ကို နုတ်ပါ။ အဲ့လို လက်မတွေရဲ့ကွာခြားချက်တွေကနေ သင့်ရဲ့ကိုက်ညီတဲ့ ခွက်ဆိုဒ်တစ်ခုကို ရလာပါလိမ့်မယ်။
ကိန်းဂဏန်းတွေအပိုင်းတွေဟာ သင့်ရဲ့ Band ဆိုဒ်ဖြစ်ပြီး အက္ခရာအပိုင်းတွေဟာ သင့်ရဲ့ခွက်ဆိုဒ်ဖြစ်တယ်။ ဥပမာ သင့်ရဲ့ဆိုဒ်က34Dဆိုရင် '34' ကသင့်ရဲ့Band ဆိုဒ်ဖြစ်ပြီးတော့ 'D'ကတော့ သင့်ရဲ့cup ဆိုဒ်ဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့ မှန်ကန်တဲ့ bra size တစ်ခု ရပြီပေါ့နော်။

 

Author:TDA

Read 6046 times
Rate this item
(1 Vote)