What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိုးရာသီမှာ ရှောင်ကြဉ်သင့်တဲ့ ဖက်ရှင်များ

မိုးရာသီမှာ ရှောင်ကြဉ်သင့်တဲ့ ဖက်ရှင်များ google

အခုဆို မိုးရာသီက စတင်ဝင်ရောက်လို့ လာပါပြီ။ မိုးများတယ်လို့ ဆိုရလောက်တဲ့ ဒီနိုင်ငံရဲ့ အခြေအနေအလိုက်

ဘယ်လို လိုက်လျောညီထွေ နေထိုင်ရမလဲဆိုတာလေး ပြောပြချင်ပါတယ်။အထူးသဖြင့် မိုးဘယ်လိုဘဲရွာရွာ အိမ်မှာမနေရဘဲ အပြင်ထွက်အလုပ်လုပ်ရသူတွေ ရုံးသွားရသူတွေအတွက် အဓိက ဖက်ရှင်ပိုင်းမှာ ရှောင်သင့်တဲ့အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။မိုးရာသီမှာအပြင်ထွက်ရတဲ့ အခါမျိုးမှာ...

(၁) အဖြူရောင်ဘောင်းဘီတွေကို မဝတ်သင့်ပါဘူး။
ဘာလို့လည်းဆိုရင် အဖြူရောင်က ရေစိုတဲ့အခါ ပါးပြီး ဖောက်မြင်နိုင်တာကြောင့် ရှောင်သင့်ပါတယ်။ မိုးရေကလည်း သင့်ရဲ့ အဖြူရောင်အဝတ်အစားကို ဖျက်စီးနိုင်တဲ့အပြင် ပေကျံလွယ်တာကြောင့် မိုးရာသီမှာ မဝတ်သင့်ပါဘူးနော်။

(၂) ဂါဝန်အတို အကားလေးတွေကလည်း မဝတ်သင့်တဲ့ဖက်ရှင်ထဲမှာ ပါပါတယ်။
မိုးရွာနေတုန်း ဘယ်ကမှန်းမသိဘဲ တိုက်လာတဲ့လေက သင့်ဂါဝန်တိုအကားလေးကို ပင့်တင်သလိုဖြစ်သွားတဲ့အခါ သင့်ကိုသရုပ်ပျက်စေမှာပါ။ ဒီတော့ ချစ်စရာကောင်းတဲ့ သင့်ရဲ့ ဂါဝန်အတိုအကားလေးတွေကို ဒီမိုးတွင်းအတွက် ခဏသိမ်းထားလိုက်ကြရအောင်။

-လက်ကိုင်အိတ်နဲ့ ပတ်သတ်ပြီး ရှောင်သင့်တာလေးကတော့ အလွယ်တကူလွယ်လို့ ရတဲ့ Cross body bag လိုအိတ်မျိုးကို အဓိကထားလွယ်သင့်ပါတယ်။
လက်ကိုင်အိတ်လိုအိတ်မျိုးကတော့ လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ မိုးရွာတဲ့အခါ ထီးစတာတွေကို ကိုင်ဖို့ အတွက် လက်ကိုင်အိတ်ဆိုတာ စိတ်ရှုပ်စရာဖြစ်စေမှာပါ။ ဒါကြောင့် အလွယ်တကူ လွယ်လို့ ရတဲ့ Cross body bag , hand free bag လေးတွေဘဲ ရွေးချယ်သင့်ပါတယ်နော်။ ကတ္တီပါသားနဲ့ ပြုလုပ်ထားတဲ့ဖိနပ်၊ အိတ် စတာတွေလည်း မသုံးသင့်ပါဘူးနော်။ချစ်စရာ ကတ္တီပါလေးတွေက မိုးရေကြောင့် ဆိုးဆိုးရွားရွားပျက်စီးစေမှာမို့ သင့်ရဲ့ ကတ္တီပါဖိနပ်လှလှလေးတွေကို ဒီမိုးရေထဲ မစီးမိအောင် သိမ်းထားရအောင်နော်။


(၃) High Heels တွေက သင့်ရဲ့ ခြေလှမ်းတိုင်းကို Confident ရှိစေမှာအမှန်ပါ။ ဒါပေမယ့် မိုးတွင်းမှာတော့ စီးဖို့ မသင့်ပါဘူးနော်။ မိုးရေကြောင့် ချော်နေတဲ့လမ်းတွေမှာ သင့် Heels က Slip ဖြစ်စေနိုင်တာကြောင့် သက်တောင့်သက်သာဖြစ်စေပြီး ခြေကိုမြဲမြံစေတဲ့ဖိနပ်လေးတွေဘဲ ရွေးချယ်သင့်ပါတယ်နော်။

(၄) အင်္ကျီဝတ်တဲ့အခါမှာလည်း လက်ရှည်ဆိုပေမယ့် ပါးလွှာတဲ့အင်္ကျီမျိုးတွေကို ရှောင်သင့်ပါတယ်နော်။ အမှတ်မထင် မိုးရေစိုခဲ့ရင် သင့်ကိုအအေးမိစေမှာမယ့်အပြင် ပါးလွှာတဲ့အတွက် သရုပ်ပျက်စေမှာမို့ အနေတော် မထူမပါးလက်ရှည် အင်္ကျီလေးတွေကသာ အဆင်ပြေစေမှာပါ။

ကဲ... ဒီလောက်ဆိုရင်တော့ အခုမိုးရာသီအတွက် အပြင်ထွက်သူတွေ အလုပ်သွားသူတွေအတွက် အဆင်ပြေစေမယ့် ရှောင်ရမယ့် တချို့ အချက်လေးတွေ ပြောပြပေးထားတာမို့ အဆင်ပြေမယ်ထင်ပါတယ်။ ဘယ်လိုဘဲရာသီပြောင်းပြောင်း ဖက်ရှင်ကျနေပြီး စိတ်အနှောင့်အယှက်မဖြစ်ဘဲ ဒီနှစ်မိုးရာသီကို ကုန်ဆုံးကြရအောင်နော်။

Source: Moda Fashion Magazine

Myanmar Textile and Garment Directory

Read 1494 times
Rate this item
(1 Vote)
Tagged under