What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ကိုယ်ပိုင် ဖက်ရှင်စတိုင်ကို ဘယ်လိုရှာဖွေမလဲ

သင့်ရဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင်ဟာ သင်အမြဲတမ်း ထိုးလေ့ရှိတဲ့ ပုံသေ လက်မှတ်တစ်ခုလိုပါပဲ။ ဒါပေမဲ့ နက်နဲလှတဲ့ အဆင့်တစ်ခုမှာ သင့်ရဲ့အကြိုက်နဲ့ မကြိုက်တဲ့ အရာတွေကို စဉ်းစားသင့်ပါတယ်။

ယေဘုယျအားဖြင့် သင့်ရဲ့ကိုယ်ပိုင်စတိုင်နဲ့ ပတ်သက်ပြီး တခြားအရေးမကြီးတဲ့ အရာတွေကို ထည့်မစဉ်းစားပဲနဲ့ အခြေခံအကြောင်းအရာတွေကို ရှာဖွေတွေ့ရှိဖို့ သင်နှင့်အတူ နေထိုင်တဲ့လူတွေနဲ့ ချိတ်ဆက်ဖို့လိုအပ်ပါတယ်။

 

သင် ဘယ်လို ဝတ်စုံတွေကို ကြိုက်နှစ်သက်တယ်ဆိုတာ အရေးမကြီးပါဘူး။ သီးခြားပုံဖော်ဆင်ယင်နိုင်တဲ့ အာရုံခံစားမှုတွေ ကျွန်မတို့ အားလုံးမှာ ရှိပါတယ်။ လည်ပတ်နေတဲ့ ဖက်ရှင်ရေစီးကြောင်းတွေကို အားလုံး နှစ်သက်သဘောကျပြီးတော့ သဘာဝကျကျ တစ်မူထူးခြားအောင် သင် ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါဟာ သင့်အတွက် စိတ်လှုပ်ရှားဖွယ် အရာဖြစ်ပြီး ကိုယ့်ကိုယ့်ကို ယုံကြည်မှုအပြည့်အဝလဲ ရစေမှာ အမှန်ပါပဲ။ ဒါကြောင့် သင့်ရဲ့ကိုယ်ပိုင်စတိုင်ကို ရှာဖွေကြည့်လိုက်ပါနော်...။

 

၁။ သင့်ရဲ့ခန္ဓာကိုယ်အရွယ်အစားကို သိရမယ်

12 Women's Body Shapes - What Type Is Yours?

အရာအားလုံးကို စတင်ဖို့အတွက် သင့်ခန္ဓာကိုယ် အချိုးအစားကို သေချာသိနိုင်ဖို့ လိုအပ်တယ်။သင့်ရဲ့ ခန္ဓာကိုယ်အရွယ်အစားပေါ် မူတည်ပြီး ဘယ်လိုမျိုးတွေ ဝတ်ဆင်ရမလဲဆိုတာ ပုံသေ မရှိပါဘူး။ ဒါပေမဲ့ သဘာဝကျကျ ကြည့်ကောင်းစေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။

 

၂။ သင့်ရဲ့အဝတ်ဗီရိုကို အမြဲစစ်ဆေးပါ

2

သင်ဟာ သင့်ရဲ့အဝတ်ဗီရိုတစ်လုံးနဲ့ပဲ တစ်နေ့တာလုံး အချိန်တွေဖြုန်းနေတတ်ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက သင်ဝယ်ခဲ့တဲ့ အဝတ်အစားတွေနဲ့ ယခုနှစ် ဝယ်ခဲ့တဲ့ အဝတ်အစားတွေက ထပ်ခါတလဲလဲ အများဆုံးတူနေကျပြီး လွှတ်ခနဲ ဝယ်ယူလိုက်တဲ့အခါ ဗီရိုထဲမှာ တစ်ပုံတစ်ပင်ကြီး ဖြစ်နေတတ်ပြီးတော့ မဝတ်ဖြစ်တာတွေ များနေတတ်ပါတယ်။ ဒီလို မလိုအပ်တဲ့ အရာတွေကို ဝယ်နေမဲ့အစား သင်ကြိုက်နှစ်သက်တဲ့ ဖက်ရှင်စတိုင်မျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

 

၃။ သင့်ရဲ့အသွင်ပုံသဏ္ဍန်တွေကို စုစည်းသိမ်းထားပါ

3

အမှတ်တရဖြစ်စေတဲ့ နေရာတွေမှာ သင် ကြိုက်နှစ်သက်တဲ့ အဝတ်အစားတွေကို မကြာခဏ ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်တာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ သင်ရဲ့ အဝတ်ဗီရိုထဲမှာရှိတဲ့ အရာတွေကို သေချာအောင်ပြန်လည်သုံးသပ်စဉ်းစားပြီး မလိုအပ်တဲ့ အရာတွေကို စွန့်လွှတ်တာဟာ သင် လိုချင်တဲ့ စတိုင်ကို ပုံဖော်ဖန်တီးနိုင်မှာပါ။ ယခုလက်ရှိ ဖက်ရှင်ရေစီးကြောင်းတွေနဲ့အတူ သင့်ရဲ့ သွင်ပြင်ပုံစံတွေကို ဘယ်လို ပုံဖော်ဖန်တီးရမလဲ၊ ဘယ်လို လက်ဝတ်ရတနာတွေ ဖိနပ်တွေနဲ့ ဖန်တီးဖြည့်စွက်ရမလဲဆိုတာ အရေးကြီးလှပါတယ်။

 

၄။ Accessories တွေကို ဘယ်လိုရွေးချယ်မလဲ

11 Trending Accessories That A Girl Should Definitely Have – TrendMantra

 

သင် လည်ဆွဲကြိုးအကြီး၊ နားကပ်ကြီးကြီး ဒါမှမဟုတ် နာရီတွေထဲက ဘယ်အရာကို ပိုနှစ်သက်လဲ? အသုံးဆောင်ပစ္စည်းတွေဟာ အဝတ်အစားဝတ်ဆင်ရာမှ ကူညီထောက်ပံ့ပေးမှာဖြစ်ပြီး သင့်ရဲ့ပင်ကိုယ်အရည်အသွေးကို ပြောပြပေးမဲ့ အရာတွေပဲ ဖြစ်ပါတယ်။

 

၅။ သင့်ရဲ့ဖိနပ်စင်ကို ကြည့်ရှုစစ်ဆေးပါ

5

ထသွားထလာ စီးနေကျဖိနပ်တွေက ဘာတွေလဲ၊ ပုံမှန်နေ့တွေမှာ ဘယ်လိုဖိနပ်မျိုးကို ဝတ်ဆင်သွားလဲ။ ဒါ့အပြင် သင်နဲ့ လိုက်ဖက်ပြီး သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

 

၆။ သင်ကြိုက်နှစ်သက်ဆုံး Brand က ဘာလဲ

Brands and Labels | LoveToKnow

 

အရည်သွေးကောင်းတဲ့ brand တံဆိပ်တွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးပြီး အချိုးကျလှပနေမယ်ဆိုတာ အသေချာပါပဲနော်။ သင် ကြိုက်နှစ်သက်တဲ့ brand ရှိရုံနဲ့ သင့်ရဲ့စတိုင်ကို ပိုပြီး ကြီးမားအောင် ကူညီထောက်ပံ့ ချိတ်ဆက်ပေးမှာပါ။ ဒါကြောင့် brand တံဆိပ်လေးတစ်ခု ပိုင်ဆိုင်ထားသင့်တယ်နော်။

ကိုယ်ပိုင်စတိုင်လေးတွေကို ဖန်တီးချင်ရင်တော့ ဒီအချက်လေးတွေကိုမမေ့နဲ့နော်။

 

By Myanmar Textile & Garment Guide

 
Read 921 times
Rate this item
(0 votes)