What's new

×

Warning

JUser: :_load: Unable to load user with ID: 845


How to Check Grain of your Fabric ???ပိတ်ကြောလေးတွေကို ဘယ်လို သိနိုင်မလဲ

ပိတ်ကြောလေးတွေကို ဘယ်လို သိနိုင်မလဲ ?  ?ပိတ်ကြောလေးတွေကို သိနိုင်ဖို့  ပိတ်စတစ်ခုဖြစ်ဖို့  ဖွဲ့ စည်းထားတဲ့  ချည်မျှင်လေးတွေအကြောင်း ဒီကနေ့ အတူတူလေ့ လာကြရအောင်နော်။ နိုင်ငံတကာအဆင့် စက်ချူပ်ညာကို စနစ်တကျ လေ့ လာနိုင်ဖို့  ရည်ရွယ်ရေးသားတာမို့  အင်္ဂလိပ်အခေါ်အဝေါ် တွေကိုပါ တပါတည်းသိအောင် တွဲလျက် ရေးသားသွားပါမယ်။ Pinterest မှာ ဝင်ကြည့်တဲ့ အခါဘဲ ဖြစ်ဖြစ် you tube ကို ကြည့်မိလို့ ဘဲဖြစ်ဖြစ် စာအုပ်တွေကို ဖတ်တဲ့ အခါမှာဘဲဖြစ်ဖြစ် အင်္ဂလိပ်အခေါ်အဝေါ်တွေကိုသာ အဓိကတွေ့ ရမှာဖြစ်တဲ့အတွက် အင်္ဂလိပ်လို သုံးစွဲတာကို တခါတည်းယှဉ်ပါးအောင် လိုက်ဖတ်ပေးကြပါလို့  အရင်ဆုံး မေတ္တာရပ်ခံပါရစေ။ ကျွန်မတို့  စက်ချူပ်သမားတွေ နေ့စဉ်ထိတွေ့  ကိုင်တွယ်နေတဲ့  ပိတ်စမှာ ပိတ်ကြော ၄ ခု ရှိပါတယ်။

 

နံပါတ် (၁) ပိတ်ကြောအတည့်သား ( Lengthwise Grain/ Long Grain/ LG/ Warp)

23319048 534411716910616 5220729027659253361 n

 

နံပါတ် (၂) ပိတ်ကြော ကန့်လန့်သား ( Crosswise Grain/ CG/ Weft)

23167906 534411740243947 3959745250646987342 n

 

နံပါတ် (၃) ပိတ်ကြော အစွေသား ( Bias/ Diagonal Grain )

23231406 534411746910613 4982348790187558894 n

 နံပါတ် (၄) အနားသိမ်း ( Selvage) အတည့်သား (or) Lengthwise Grain

 နံပါတ် (၁) ပိတ်ကြောကတော့ ပိတ်စမှာ အတည့်သား ပိတ်ကြော, အင်္ဂလိပ်အခေါ် ( Lengthwise Grain) ,Fashion Industry မှာတော့  အတိုကောက်အနေနဲ့ LG လို့ အသုံးများတဲ့  ပိတ်ကြော ဖြစ်ပါတယ်။ ?Lengthwise Grain အတည့်သားက ပိတ်အုပ်ရှည်ရှိသလောက် အရှည်ရှိတာမို့  Long Grain လို့ လည်း ခေါ်ကြပါသေးတယ်။ ?ပိတ်စတစ်ခုမှာ စက်ရုံကနေ ထုတ်လုပ်လိုက်ကတည်း ပါလာတဲ့  အနားသတ်ထားတဲ့  အနားသား Selvage နဲ့ အပြိုင် ရှိနေတဲ့  ပိတ်ကြော ဖြစ်ပြီး ကိုက် ၅၀ အရှည်ရှိတဲ့  ပိတ်တအုပ်မှာဆို အတည့်သား ပိတ်ကြော( Lengthwise Grain/ LG)က ကိုက် ၅၀ အရှည် ပါပါတယ်။ကိုက် ၂၀၀ အရှည်ရှိတဲ့  ပိတ်အုပ်မှာဆို အတည့်သားပိတ်ကြော( Lengthwise Grain) က ကိုက် ၂၀၀ အရှည် ပါပါတယ်။  အတည့်သားပိတ်ကြော (Lengthwise Grain ) ရဲ့  နောက်ထပ်အခေါ်အဝေါ်က Warp ပါ။ ကန့်လန့်သား (or) Crosswise Grain. 

 နံပါတ် (၂) ပိတ်ကြောကတော့ ပိတ်စမှာ နောက်ထပ်လူသိများတဲ့ ကန့် လန့်သားပိတ်ကြော,အင်္ဂလိပ်အခေါ် ( Crosswise Grain) , Fashion Industry မှာတော့  အတိုကောက် CG ဆိုပြီးရှိတာကို စက်ချူပ်သူအတော်များများ သိကြပါတယ်။ကန့်လန့်သားဆိုတာနဲ့ ပိတ်စတခုရဲ့ ကန့်လန့်ဖြတ်နေရာမှာ ရှိနေမယ်ဆိုတာ တန်းတွေးမိကြမှာပါ။ ကန့်လန့်သား ပိတ်ကြောCrosswise Grain ကို Weft လို့ လည်း ခေါ်ပါတယ်။ အစွေသား (or) Bias / Diagonal Grain. 

 နံပါတ် (၃) ပိတ်ကြောဖြစ်တဲ့  အစွေသားပိတ်ကြောကို Bias / Diagonal Grain လို့  ခေါ်ပါတယ်။ ပိတ်စကို 45' ဒီဂရီခေါက်လိုက်ရင် ပိတ်စတခုလုံးမှာ အဆန့်ထွက်နိုင်ဆုံး ဖြစ်တဲ့  အစွေသားကို တွေ့ ရမှာပါ။ အစွေသားက အတည့်သားနဲ့  ကန့်လန့်သားရဲ့  ၄၅ ဒီဂရီ နေရာမှာ ရှိပါတယ်။ အစွေသားပိတ်ကြောက ပိတ်စတခုလုံးမှာ ချည်မျှင်တွေ ယှက်ပြီး ယက်လုပ်ရာမှာ အားအနည်းဆုံး weakest grain ဖြစ်ပါတယ်။ အဲဒီဂုဏ်သတ္တိကြောင့်ဘဲ အစွေသားပိတ်ကြောကို အဝတ်အထည်တွေရဲ့  အနားကွပ်တဲ့ နေရာတွေမှာ လုံးကွပ်အနေနဲ့  သုံးပါတယ်။ အင်္ဂလိပ်လို့  Binding လို့  ခေါ်ပါတယ်။ မြန်မာပြည်မှာ အင်မတန်ခေတ်စားတဲ့  Draping လုပ်ဖို့ ဆိုရင် အစွေသားပိတ်ကြောကို သုံးပါတယ်။ အနားသိမ်း (or) Selvage 

 နံပါတ် (၄) ပိတ်ကြောဖြစ်တဲ့  အနားသိမ်းပိတ်ကြောကိုတော့  တွေ့ လိုက်တာနဲ့  စစ်ဆေးစရာမလို တန်းသိပါတယ်။ ပိတ်စတစ်ခုမှာ စက်ရုံက ထုတ်လုပ်လိုက်ကတည်းက အနားသိမ်းပြီးသား အနားသားတဖက်ပါလာပါတယ်။ အဲဒီလိုအနားသားကို အင်္ဂလိပ်လို Selvage လို့  ခေါ်ပါတယ်။ အတည့်သားပိတ်ကြော Lengthwise Grain/ LG (or ) Warp ကို ပိတ်စပေါ်မှာ ဘယ်လိုရှာမလဲ ။ပိတ်စရဲ့  အတည့်သားက ပိတ်စအနားသိမ်း (Selvage )နဲ့  အပြိုင် ဒေါင်လိုက်ရှိနေတဲ့  ပိတ်ကြောပါ။ အင်္ဂလိပ်လို Lengthwise Grain ဒါမှမဟုတ် Warp လို့  ခေါ်ပါတယ်။ ? အတိုကောက်အနေနဲ့  ပိတ်စအတည့်သားကို နောက်ပိုင်း Pattern ဆွဲရာမှာ LG လို့ ဘဲ အသုံးပြုမှာပါ။ ?ပိတ်စရဲ့ အတည့်သားကို လက်နှစ်ဖက်နဲ့  တဖက် တချက်ဆွဲကြည့်မယ်ဆိုရင် ပိတ်စက နည်းနည်းဘဲ ဆန့် ထွက်လာပါတယ်။ တချို့ ပိတ်စတွေမှာဆို နည်းနည်းလေးတောင်မှ ဆန့် ထွက်တာ မတွေ့ ရပါဘူး။ ဒါကြောင့် ပိတ်စရဲ့  ပိတ်ကြောအတည့်သားကို အကျီ င်္ကိုယ်ထည်အကျယ်နေရာမှာထားပြီး ပိတ်စညှပ်လို့  မရပါဘူး။ အဲဒီလို ကိုယ်ထည်အကျယ်နေရာမှာ ပိတ်ကြောအတည့်သားကို မှားထား ညှပ်မိရင် အကျီ င်္ဆက် ချူပ်ပြီး ဝတ်ကြည့်တဲ့ အခါမှာ ဂျိုင်း မြှောက်လို့  မရ,ခါးထောက်လို့ မရ အရမ်းကြပ်ထုပ် နေတာကို တွေ့ ရပါမယ်။ ဒါကြောင့် ပိတ်ကြောတွေအကြောင်း ပိတ်စမညှပ်ခင် အရင်သိဖို့  လိုအပ်သလို ပိတ်ကြောတွေကို မှန်ကန်စွာ စစ်ဆေးတတ်ဖို့ နဲ့  ပတ်တန်ကို ပိတ်စပေါ် တင်ညှပ်တဲ့ အခါ ပိတ်ကြောအလိုက် မှန်ကန်တိကျစွာ တင်ညှပ်နိုင်ဖို့က အသက်တမျှ အရေးကြီးပါတယ်။ ကန့်လန့်သား ပိတ်ကြောCrosswise Grain/ CG  (or )Weft ကို ပိတ်စပေါ်မှာ ဘယ်လိုရှာမလဲ  ပိတ်စရဲ့  ကန့် လန့် သား ပိတ်ကြောဆိုတာ ပိတ်စအနားသိမ်း(Selvage )နဲ့  ကန့် လန့် ဖြတ်ရှိနေတဲ့  ပိတ်ကြောပါ။  ?အင်္ဂလိပ်လို Crosswise Grain ဒါမှမဟုတ် Weft လို့  ခေါ်ပါတယ်။ 

?အတိုကောက်အနေနဲ့  ပိတ်စကန့် လန့် သား ကို နောက်ပိုင်း Pattern ဆွဲရာမှာ CG လို့ ဘဲ အသုံးပြုမှာပါ။ ?ပိတ်စရဲ့  ကန့် လန့် သား ကို လက်နှစ်ဖက်နဲ့  တဖက်တချက်က ဆွဲဆန့် ကြည့်ရင် ပိတ်စက အတည့်သားထက် ပိုပြီးဆန့် ထွက်တာ တွေ့ ရပါလိမ့်မယ်။ ?အဲဒါကြောင့်မို့  အကျီ င်္ကိုယ်ထည်အကျယ် နဲ့  စကပ်,ထမီတွေရဲ့  ကိုယ်ထည်အကျယ်အဖြစ် ပိတ်စရဲ့ ကန့် လန့် သား ကို ထားရတာပါ။ ကိုယ်ခန္တာ လှုပ်ရှားမှုအတိုင်း ပိတ်စက လိုက်ရွေ့ နိုင်လို့ ပါ။ ?ကန့်လန့်သားပိတ်ကြောကို ကိုယ်ထည်အကျယ်မှာ ထားခြင်းကြောင့် အထိုင်အထ ပြုလုပ်တဲ့အခါ တင်နေရာမှာ ကန့်လန့်သားပိတ်ကြောရဲ့ ဆန့်ထွက်နိုင်တဲ့  ဂုဏ်သတ္တိကြောင့် ဘေးကို ဆန့်ထွက်သွားပြီးအရမ်း ကြပ်ထုပ်တဲ့ ခံစားမှုမျိုး မခံစားရတော့ပါဘူး။ ?ကန့်လန့်သားပိတ်ကြောကို ကိုယ်ထည်အကျယ်မှာ ထားလိုက်ခြင်းကြောင့် ဂျိုင်းမြောက်ပြီး ပစ္စည်းယူတာတွေ , စာရေးတာတွေ, ဟင်းချက်, ကလေးချီ, ပစ္စည်းမ အစရှိတဲ့  နေ့တဓူဝ လှုပ်ရှားမှုတိုင်းမှာ ease လို့ ခေါ်တဲ့  အပိုနေရာ ထပ်ရတာမို့  ဝတ်ရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။?အဝတ်အထည်တစ်ခု ချူပ်လုပ်ဖို့  စတင်ပြင်ဆင်ပြီးဆိုတာနဲ့  ပိတ်စညှပ်ဖို့  စစဉ်းစားရပါတယ်။ ?ပိတ်စမှာ ပိတ်ကြော အဓိက ၂ ခုရှိတဲ့ အထဲက ပိတ်ရဲ့ အတည့်သား ပိတ်ကြောကို အဝတ်အထည်ရဲ့  ကိုယ်ထည်အရှည်အဖြစ် ထားပြီး ကန့်လန့်သား ပိတ်ကြောကို အဝတ်အထည်ရဲ့  ကိုယ်ထည်အကျယ် အဖြစ် ထားပါတယ်။ ကိုယ်ထည်အရှည်က ခန္တာကိုယ်မှာ ဒေါင်လိုက် နေရာယူပြီး ကိုယ်ထည်အကျယ်က ကန့် လန့် ဖြတ် နေရာယူပါတယ်။ ဒီနေရာမှာ ဘာကြောင့် ပိတ်စရဲ့  အတည့်သားပိတ်ကြောကို ကိုယ်ထည်အရှည် ယူရသလဲ ?  ဘာကြောင့် ပိတ်စရဲ့ ကန့် လန့် သားပိတ်ကြော ကို ကိုယ်ထည်အကျယ် ယူရသလဲ ? ဆိုတာ သေသေချာချာ နားလည်ဖို့  လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာရော စဉ်းစားမိပါသလားရှင်။ ?တနေ့တာမှာ လူ့ ကိုယ်ခန္တာဟာ ခေါင်းကနေ ခြေအထိ ဆန့် ထွက်တဲ့  လှုပ်ရှားမှုမျိုး ပြုလုပ်ချိန်က နည်းပါးပြီး ခန္တာကိုယ်ရဲ့  ဘေးနှစ်ဖက်ကို ဆန့် ထွက်တဲ့  လှုပ်ရှားမှုပြုလုပ်တဲ့ အကြိမ်ရေက ပိုများပါတယ်။ ?ဒါကြောင့် အဝတ်အထည်ရဲ့  ကိုယ်ထည်အကျယ်မှာ ဆန့် ထုတ်လို့  ရတဲ့  ပိတ်ကြောရှိမှသာ လက်မြှောက်, ခါးထောက်,ခါးကုန်း အစရှိတဲ့  လှုပ်ရှားမှု တွေ လုပ်ချိန်မှာ အကျီ င်္က ကြပ်ထုပ်ပြီး လှုပ်မရ ပြု မရဖြစ်ခြင်း,ချူပ်ရိုး ပြဲထွက်ခြင်းတွေ မဖြစ်မှာပါ။ ?ဒီနေရာမှာ တခါထပ်ပြီး ဘာကြောင့် ပိတ်စရဲ့  အတည့်သားကို ကိုယ်ထည်အရှည်ထားသလဲဆိုတာ ထပ်စဉ်းစားကြည့်ကြရအောင်နော်။ ?ပိတ်စရဲ့  အတည့်သားပိတ်ကြောက ကန်လန့်သားပိတ်ကြောစာရင် ဆန့်ထွက်နှုန်း ပိုအားနည်းပါတယ်။ တချိန်တည်းမှာဘဲ သူ့ ရဲ့  ဆန့်ထွက်နှုန်းအားနည်းမှုကြောင့် အတည့်သားပိတ်ကြောကို အဝတ်အထည်ရဲ့  ကိုယ်ထည်အရှည်မှာထား ချူပ်ရင် အဝတ်အထည်ချူပ်ပြီးလို့  ခန္တာကိုယ်မှာ ဝတ်ဆင်တဲ့အခါ Balance ကျပြီး အဝတ်အထည်ရဲ့  ပုံထွက်က သပ်ရပ်အချိုးကျနေတာကို တွေ့ ရပါမယ်။ ဒါကို Well Balance & perfectly fit လို့  သုံးနှုန်းကြပါတယ်။

 ပိတ်စတခုရဲ့  အတည့်သား နဲ့  ကန့် လန့် သားကို သိနိုင်ဖို့  နည်း ၂ နည်းနဲ့  သိရှိနိုင်ပါတယ်။ ပိတ်စရဲ့  ပိတ်ကြောအတည့်သား ( Lengthwise Grain) G အတည့်သား,ကန့် လန့် သား သိဖို့ က အဝတ်အထည်တခု တည်ဆောက်ရာမှာ အလွန်အရေးကြီးတာမို့  ဒီနည်း ၂ နည်းကို လွယ်တယ်လို့  ထင်ရပေမယ့် ပိတ်ညှပ်တိုင်း စက်ချူပ်ဖို့  လုပ်တိုင်း စစ်ကြည့်ဖို့  မမေ့ ကြပါနဲ့ ရှင်။

အတည့်သားနဲ့  ကန့်လန့်သားစမ်းသပ်နည်း ( 1)ချည်သားပိတ်စတစ်ခုကို ယူပါ။ ပိတ်စရဲ့  စက်ရုံက လုံးထားတဲ့ အနားသားဖက်မှာ တလက်မအကျယ် ကတ်ကြေးရာပေးပြီးတာနဲ့  လက်နဲ့  အကျယ် ၇ လက်မ အထိ ဆွဲဖြဲပေးပါ။ အဲဒီ ၇ လက်မအကျယ် ဆွဲဖြဲထားတဲ့ နေရာမှာ ကတ်ကြေးရာ ထပ်ပေး ပေးပါ။ ပြီးရင် ခဲတံနဲ့  ၇ လက်မ အရှည် မှတ်ပြီး လက်နဲ့  ဆွဲဖြဲပေးပါ။ အဲလိုနည်းနဲ့  ၇ လက်မအကျယ်နဲ့  ၇ လက်မအရှည်ရှိတဲ့  လေးထောင့်ကျတဲ့  ပိတ်စ တစ်ခု ရလာမှာပါ။ လက်နဲ့ ဆွဲဖြဲထားတာကြောင့် အနားလေးဖက်က မညီမညာ တွန့် နေပါလိမ့်မယ်။ အဲဒီအခါမှာ လက်နှစ်ဖက်နဲ့  ပိတ်စ တဖက်တချက်ကနေ ဆွဲကြည့်ပါ။ ဆန့် ထွက်မှု နည်းတဲ့ ဘက်က ပိတ်စရဲ့ အတည့် သား ( Lengthwise Grain/ Warp / LG ) ဖြစ်ပြီး ဆန့် ထွက်မှု ပိုများတာက ပိတ်စရဲ့  ကန့်  လန့် သား ( Crosswise Grain/ Weft / CW ) ပါ။ ပိတ်စရဲ့  ၄၅ ° နေရာကနေ ဆွဲရင်တော့  အများဆုံး ဆန့် ထွက်လာတာကို တွေ့ ရပါလိမ့်မယ်။

 အတည့်သားနဲ့  ကန့်လန့်သားစမ်းသပ်နည်း ( 2 )ပိတ်စကို ၇ လက်မ ပတ်လည်အဖြစ် လက်နဲ့  ဆွဲဖြဲ ပြီးပြုလုပ်ထားပါ။ ?ပြီးရင် Pin အပ်ကို အသုံးပြုပြီး အနားသား တဖက်မှာ အပ်ချည် တမျှင် ဆွဲထုတ်ပါ။ ?တကယ်လို့  အပ်ချည်မျှင် ဆွဲထုတ်ရ ခက်ခဲနေရင် အဲဒီအနားသားက ပိတ်စရဲ့  အတည့်သား ဖြစ်ပါတယ်။ ?အခြား အနားသားတဖက်မှာလဲ ပင်အပ်အသုံးပြုပြီး အပ်ချည် တမျှင်ဆွဲထုတ်ကြည့်ပါ။ အတည့်သားထက် ပိုပြီးဆွဲထုတ်ရလွယ်ကူတာ တွေ့ ရပါလိမ့်မယ်။ ပိုပြီး ဆွဲထုတ်ရလွယ်တဲ့ ဖက်က ပိတ်စရဲ့  ကန့် လန့် သား ပါ။  မြန်မာပြည်မှာ အသုံးများတဲ့  ပိုးယုံပိတ်စမှာ ပိတ်စရဲ့  အတည့်သား / ကန့် လန့် သား စမ်းသပ်ကြည့်တာ Selvage နဲ့  မျဉ်းပြိုင်ဖြစ်နေတာက Crosswise Grain ဖြစ်နေတယ်လို့  အကြောင်းကြား လာပါတယ်။ ပိုးယုံစမှာ မစမ်းဖူးပါဘူး။ ဒါကြောင့် စမ်းသပ်ကြည့်ပေးကြပါဦး။

Source: manaw thukha

Read 1588 times
Rate this item
(0 votes)