What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အပြင်သွားတဲ့အခါ ဘာဝတ်ရမှန်းမသိ ဆုံးဖြတ်ရခက်နေရင် ရွေးချယ်လို့ အဆင်ပြေမယ့် အတွဲအစပ်(၇)မျိုး

အဝတ်အစားတွေ အများကြီးရှိပေမယ့် အပြင်ထွက်ခါနီး ဘာဝတ်ရမလဲရွေးရခက်နေတာကလည်း မိန်းကလေးတိုင်းဖြစ်နေကျပြဿနာတစ်ခုပါပဲ။ ရွေးစရာများများ ရှိလေ၊ ဘာဝတ်သွားရမလဲ ဆုံးဖြတ်ရခက်လေ ဖြစ်တတ်ပါတယ်။

 

အဲ့ဒီလိုမျိုး အပြင်သွားခါနီး ဘာရွေးရမလဲ အရမ်းခက်ခဲနေတယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့ ဖက်ရှင်လေးတွေကိုသာ ဝတ်သွားလိုက်ပါ။

 

(၁) ဂျင်းဘောင်းဘီနဲ့ free style

50+ Best Jeans for Women - Celebrity Jeans We Love

 

သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါးတွေ့ဖို့ ချိန်းတဲ့အခါမျိုးမှာ ဘာဝတ်သွားရမလဲ ထွေထူးခေါင်းစားမနေပါနဲ့။ ဂျင်းဘောင်းဘီကို တီရှပ် ဒါမှမဟုတ် ရှပ်အင်္ကျီအပွလေးနဲ့ တွဲဝတ်သွားလိုက်ပါ။ ဒီလို free style လေးကနေရတာလည်းပေါ့ပါးသလို၊ ဓာတ်ပုံရိုက်ရင်လည်း ရိုးရှင်းပြီးပေါ်လွင်ပါတယ်။

 

(၂) အနက်ရောင်ဂါဝန်အတို

Classic Black Boutique Short Dress - Fashion Dresses Online - AVHEELS

တကယ်လို့ ဂျင်းဘောင်းဘီနဲ့ တီရှပ်/ရှပ်အင်္ကျီ မဝတ်ချင်ဘူးဆိုရင် အဲ့ဒီအစား အနက်ရောင်ဂါဝန်အတိုလေးကို သူ့ချည်းပဲတစ်ထည်တည်း ဝတ်သွားတာလည်း အဆင်ပြေသလို၊ သူ့အပေါ်က အပေါ်ဝတ်အလှလေး ထပ်ဝတ်သွားလည်း ရပါတယ်။ ဒါကတော့ မိန်းကလေးဆန်ဆန် ပုံစံမျိုးကြိုက်တဲ့သူတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။

 

(၃) အဖြူရောင်ရှပ်အင်္ကျီ နဲ့ ဘောင်းဘီ (သို့မဟုတ်) စကတ်

White shirt with black leather skirt | Fashion, Mini skirts, Fall mini skirt

ရိုးရှင်းပြီးအထာကျရမယ်၊ အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးဖြစ်ချင်တယ်ဆို ရင်တော့ အဖြူရောင်ရှပ်အင်္ကျီကို ဘောင်းဘီရှည် ဒါမှမဟုတ် စကတ်လေးတစ်ထည်နဲ့ တွဲဝတ်လိုက်ရုံပါပဲ။

 

(၄) ဂျင်းဂျက်ကက်နဲ့ ဘောင်းဘီတို

Summer Denim Jacket Outfits | Denim jacket outfit, Denim outfit, Denim women

 

လူငယ်ဆန်ချင်တယ်၊ ခပ်မိုက်မိုက် ပုံစံလေးဖြစ်ချင်တယ်ဆိုရင်တော့ ဘောင်းဘီတိုကို top လေးတစ်ထည်နဲ့ တွဲဝတ်ပြီး အပေါ်က ဂျင်းဂျက်ကက် ဒါမှမဟုတ် Bomber jacket လေး ထပ်ဝတ်လိုက်ပါ။

 

(၅) ပြောင်ဘလောက်စ်အင်္ကျီနဲ့စကတ်

2020 Spring Autumn Women Long Skirts Big Girl Fashion Skirts Lady Skirts  Women Empire Skirts A1E01C From Happyshopping1583, $28.65 | DHgate.Com

 

ပြောင်ဘလောက်စ်အင်္ကျီတစ်ထည်ကို စကတ်တစ်ထည်နဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ အပြင်ထွက်ဖို့ ရယ်ဒီဖြစ်သွားပါပြီ။ ပေါ့ပေါ့ပါးပါးလည်းဖြစ်၊ ချစ်စရာလည်းကောင်းတဲ့ ပုံစံမျိုးပေါ့။

 

(၆) ဂါဝန်နဲ့ Sneaker အဖြူ

Slip dress and sneaker outfit. | Simple summer outfits, Dress and sneakers  outfit, Dress with sneakers

အပေါ်အောက် တွဲစပ်ရတာမျိုးကို မလုပ်ချင်တော့ဘူး၊ ဘာဆိုဘာမှ မရှာချင်တော့ဘူးဆိုရင်တော့ အဝတ်ဗီရိုထဲက တွေ့တဲ့ ဂါဝန်တစ်ထည်ကောက်စွပ်ပြီး Sneaker အဖြူလေးကိုသာ စီးသွားလိုက်ပါ။ ဒီဖက်ရှင်က အရမ်းရိုးရှင်းပေမယ့် အပိုအလိုမရှိ ကွက်တိဖြစ်နေမှာပါ။

 

(၇) ဘလေဇာကုတ်တစ်ထည်နဲ့ဘောင်းဘီရှည် (သို့မဟုတ်)စကတ်

2019 Spring Coats and Jackets Women Long Sleeve Plaid Harajuku Kor...

တည်တည်ငြိမ်ငြိမ်လေးနဲ့ဖက်ရှင်ကျတဲ့ ပုံစံလေးလိုချင်တယ်ဆိုရင်တော့ အခုနောက်ပိုင်းပြန်ခေတ်စားလာတဲ့ ဘလေဇာကုတ်ကို ဘောင်းဘီရှည် ဒါမှမဟုတ် စကတ်နဲ့ တွဲဝတ်ပါ။ ဒီပုံစံလေးက ရုံးသွားတာ၊ အလုပ်အင်တာဗျူးသွားဖြေတဲ့ အချိန်တွေနဲ့ ပိုသင့်တော်ပါတယ်။

 

By Myanmar Textile & Garment Guide
#AM

Read 1213 times
Rate this item
(0 votes)