What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အိတ်​​လေး​တွေကို မပျက်​စီး​အောင်​ ဒီလို​လေး​တွေ သိမ်းကြမယ်

အိတ်​​လေး​တွေကို မပျက်​စီး​အောင်​ ဒီလို​လေး​တွေ သိမ်းကြမယ် google

ပျိုမေလေးတို့ ဝယ်ထားတဲ့ အိတ်တွေထဲကမှ သဘောအကျဆုံး အိတ်တစ်အိတ်တော့ ရှိကြမှာပါ။ ဝယ်ပြီးမှ မကြိုက်တော့ဘူးဆိုရင်လဲ နောက်ထပ် ပြန်ပြီး အသုံးပြုနိုင်အောင်တော့

စနစ်တကျ သိမ်းဆည်းထားရမှာပါ။ ဒါကြောင့်မို့ အခုမျှဝေပေးမယ့် အကြောင်းအရာကတော့ အိတ်ကို မပျက်စီးအောင် ဘယ်လို သိမ်းဆည်းကြမလဲ ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

1.အိတ်​ကို မသိမ်းဆည်းခင်​ သန့်​ရှင်းပါ။
- စိုစွတ်​​နေတဲ့ အဝတ်​စ ဒါမှမဟုတ်​ alcohol မပါဝင်​တဲ့ က​လေးသုံး tissue အစို​လေး​တွေကို အသုံးပြုနိုင်​ပါတယ်​။ (leather cleaner ကိုလည်းအသုံးပြုနိုင်​ပါတယ်​)
- ပြီးရင်​​တော့ tissue အ​ခြောက်​ဖြင့်​သုတ်​​ပေးပါ သို့မဟုတ်​ မိနစ်​ ၂၀ ​လောက်​​ခြောက်​​သွေ့​အောင်ထားပြီးမှ သိမ်းဆည်းပါ။

bag1

 Read: အပ်ချုပ်စက် လေးရသည့် အကြောင်းရင်းများ

2.အိတ်ရဲ့ ပုံမပျက်​​အောင်​ အတွင်းမှာ စက္ကူ ​လေး​တွေထည့်​ပြီးသိမ်း​ပါ။
- သတင်းစာ စက္ကူ ကို လုံးဝမသုံးပါနဲ့​နော်​။ (ကြာလာရင်​ သတင်းစာစက္ကူ ​ပေါ်က မှင်​​တွေ​က အိတ်​ကိုစွန်းထင်းပျက်​စီး​စေနိုင်​လို့ပါ)
- T-shirt အ​ဟောင်း​တွေ ၊ ပုဝါ ​တွေကိုထည့်​ထားလို့ရပါတယ်​။
- Gift shop ​တွေက စက္ကူ ​ဗြောင်​​လေး​တွေကိုလည်း သုံးလို့ရပါတယ်​။

bag2

 

3.အိတ်​ထဲကိုထည့်​ထားပါ။
- plastic အိတ်​ကို မသုံးပါနဲ့​နော်။ (စိုထိုင်းလွယ်​ပြီး ပျက်​စီးတတ်​ပါတယ်​)
-​ လေဝင်​​လေထွက်​​ကောင်းတဲ့ cotton အိတ်​​လေး​တွေကို သုံးလို့ရပါတယ်​။

bag3

 

4.​အေးပြီး ​ခြောက်​​သွေ့​သော​နေရာတွင်​ထားပါ။
-​ နေ​ရောင်​ခြည်​ တိုက်​ရိုက်​ထိ​တွေ​သော​နေရာ သို့မဟုတ်​ အခန်းတွင်း အပူချိန်​မြင့်​တဲ့​နေရာမှာ လုံးဝမထားပါနဲ့​နော်​။
- အဝတ်​ဘီရို သို့မဟုတ်​ တတ်​နိုင်​သမျှ ​အေး၍ ​ခြောက်​​သွေ့​သော​နေရာတွင်​ ထားပါ။

bag4

 

5.စင်​​ပေါ်မှာ ​အိတ်​ကို ပုံပါအတိုင်း​လေးပဲထားပါ။
- အကယ်​၍ အိတ်​အပြားပုံစံ​လေး​တွေ ဆို​ရင်​​တော့ လှဲပြီးထားလို့ရပါတယ်​။ (အဲ့​ပေါ်က​နေ​တော့ဘာမှ ထပ်​မဖိပါနဲ့)

bag5

 

6.အိတ်​ တခု နဲ့ တခု ကြားမှာ ၁ လက်​မ စီ​လောက်​ခြားထား​ပေးပါ။

bag6

 

Source: Trust Bag
Myanmar Textile and Garment Directory

Read 1635 times
Rate this item
(3 votes)
Tagged under