What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖို့

စတိုင်ကျတဲ့ ကောင်မလေး တစ်ယောက် ဖြစ်ဖို့ google

စတိုင်ကျအောင် ဝတ်ရမယ်ဆိုတာက နောက်ဆုံးပေါ် ဖက်ရှင် Trend တွေကို လိုက်ဝတ်ခြင်းကို မဆိုလိုပါဘူး။

စတိုင်ကျတဲ့လူ အများစုတော့ ရိုးစင်းလွန်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်လေ့ မရှိပါဘူး။ အသွင်အပြင်ကို ပိုမို လင်းလက်တောက်ပစေတဲ့ Accessories တွေ ဆင်ယင်ပြီးတော့ ရှပ်အင်္ကျီလက်ကို ခေါက်တဲ့အခါမှာ ပစ္စလက်ခတ် မလုပ်ပဲ သေသေသပ်သပ် ခေါက်တတ်ကြပါတယ်။ စတိုင်ကျတယ်ဆိုတာကလဲ ရုပ်ရည်နဲ့ မဆိုင်ပဲ ကြည့်လိုက်တာနဲ့ ရှင်းလင်းပြီး သန့်နေတယ်ဆိုတဲ့ ပုံစံမျိုးပါ။ အဲ့လို ဖြစ်ဖို့ဆိုတာကလဲ Confidence ရှိဖို့က အဓိက ပါပဲ။

(၁) ဘယ်လို ဖက်ရှင်နဲ့ လိုက်ဖက်မှု ရှိသလဲ ဆိုတာ အရင်ဆုံး ရှာဖွေပါ။
ဒါက အကောင်းဆုံးနည်းလမ်း တစ်ခု ပါပဲ။ ပျိုမေလေးတွေရဲ့ ကိုယ်ပိုင် စတိုင်ကို ရှာဖွေတွေ့ရှိဖို့ဆိုရင် ဖက်ရှင် ဒီဇိုင်နာတွေ၊ Celebrities တွေ၊ ဖက်ရှင် ဘလော့ဂါတွေ ဘယ်လို ဝတ်ဆင်လဲဆိုတာကို အရင်ဆုံးလေ့လာ ရမှာ ဖြစ်ပါတယ်။

(၂) နေရာဒေသ၊ ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ပါ။
ဆောင်းရာသီဆို ဆောင်းရာသီဖက်ရှင်၊ နွေရာသီဆို နွေရာသီဖက်ရှင်၊ မိုးရာသီဆို မိုးရာသီနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဂျက်ကတ်အင်္ကျီ ဝတ်ဆင်ထားမယ်ဆိုရင် သူနဲ့ လိုက်ဖက်တဲ့ ဖိနပ်( ဥပမာ- ရှူးဖိနပ်လေးတွေ၊ ဘွတ်ဖိနပ်လေးတွေ ) ရွေးချယ်သင့်ပါတယ်။ ချစ်စရာကောင်းတဲ့ ဂါဝန်လေးတွေကို ဝတ်ဆင်မယ်ဆိုရင် ဒေါက်ဖိနပ် လှလှလေးတွေ ကို ရွေးချယ်သင့်ပါတယ်။ အလုပ်မှာ ဝတ်ဆင်တဲ့ ဖက်ရှင် အမျိုးအစား Office Style၊ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့အတွက် Casual fashion၊ အရေးကြီးတဲ့ နေရာတွေကို သွားရောက်မယ်ဆိုရင် Formal fashion အစရှိသဖြင့် သိရှိထားသင့်ပါတယ်။ ပုံလေးတွေနဲ့ သေချာ ပြပေးထားပါတယ်။

- Office Style

Office Style

 

- Casual Fashion

casual

 

- Formal Fashion

formal

 

(၃) ဖက်ရှင်ကို တစ်ထပ်တည်း မိတ္တူ ကူးမချပါနဲ့။
ဖက်ရှင် ဒီဇိုင်နာတွေ၊ Celebrities တွေ၊ ဖက်ရှင် ဘလော့ဂါတွေ ဘယ်လို ဝတ်ဆင်လဲဆိုတာကို လေ့လာဆိုတာက ပုံတူ ကူးချဖို့ ပြောတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို ရှာဖွေပြီး Idea တွေ ယူရင်းနဲ့  ကိုယ်ပိုင်ဖက်ရှင် အဖြစ် ပြောင်းလဲ ယူလို့ ရပါတယ်။

ဒီလောက်ဆိုရင် စတိုင်ကျအောင် ဘယ်လိုနေရလဲ ဆိုတဲ့ အချက်အလက်လေးတွေကို သိရှိသွားပြီလို့ ထင်ပါတယ်။ နောက်ထပ်လဲ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာ ဖြစ်လို့ ဆက်လက် အားပေးဖတ်ရှုပေးပါအုံးရှင်။

Related Article: စတိုင်ကျတဲ့ အမျိုးသား တစ်ယောက် ဖြစ်ဖို့

Author-Su Yee Htet

Myanmar Textile and Garment Directory

Read 1713 times
Rate this item
(2 votes)
Tagged under