What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုရဖို့ သင့်ရဲ့ အဝတ်အစားတွေကို ဘယ်လို ပေါင်းစပ်ဖန်တီးကြမလဲ

အဝတ်အစားဟာ အမျိုးသမီးတိုင်းကို လွှမ်းမိုးတဲ့ အရာဖြစ်ပါတယ်။ တခါတခါ ဘာဝတ်ရမလဲ စဉ်းစားရခက်တဲ့ ပြဿနာကလည်း အမျိုးသမီးတွေနဲ့ အကျွမ်းတဝင် ဖြစ်လုနီးပါးရှိနေပါပြီ။

ဒီလိုတွေ ဖြစ်ပွားခြင်းဟာ အများစုအနေနဲ့ shopping ထွက်တဲ့အခါ မဆင်မခြင် ဝယ်ယူမိတာကြောင့်လည်း ဖြစ်တယ်။ ဒါပင်မယ့် ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ လွယ်ကူပါတယ်။ ပိုက်ဆံကုန် သက်သာပြီး မလိုအပ်တဲ့ အရာတွေကို မဝယ်ယူဘဲနဲ့ သင့်ရဲ့အဝတ်ဗီရိုထဲမှာ ရှိတဲ့ အရာတွေနဲ့ ပေါင်းစပ်ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

အဝတ်ဗီရိုထဲမှာ ရှိတဲ့ အဝတ်အစားများကို အလွယ်တကူ ပေါင်းစပ်နိုင်ပါတယ်။ ယျေဘုယျအားဖြင့် အဝတ်အစား ပေါင်း ၁၂ မျိုးနှင့် accessories တွေသာ ရှိမယ်ဆိုရင် သင့်ရဲ့ဖက်ရှင်ကို လည်း ၁၂ ကနေ ၁၈ မျိုးအထိ ပေါင်းစပ်ဖန်တီးနိုင်ပါတယ်။ ဘယ်လို နားကပ်၊ အိတ်မျိုးနှင့်မဆို အဝတ်အစားတိုင်းဟာ ကိုက်ညီမှု ရှိပါလိမ့်မယ်။
အခြေခံကျတဲ့ အဝတ်အစားတွေကို trend ဖြစ်နေတဲ့ ဖက်ရှင်တွေနဲ့ ပေါင်းစပ်နိုင်ပါတယ်။ အဝတ်အစား(၈)မျိုးကို accessories (၁ဝ)မျိုးနဲ့ ပေါင်းစပ်ဖန်တီးလိုက်ပါ။ ဥပမာ ကုတ်အင်္ကျီ ၊ ဆွယ်တာ ၊ bomber jacket ၊ dress ၊ ဂျင်း ၊ Crop top ၊ စကပ်နှင့် ရှပ်အင်္ကျီတွေကို accessories တွေဖြစ်တဲ့ sneaker ၊ ရှုး ၊ လက်ကိုင်အိတ် ၊ ကျောပိုးအိတ် ၊ ခါးပတ် ၊ လည်စည်းပုဝါကြီးကြီး ၊ ankle boot ၊ ဦးထုပ် ၊ မျက်မှန်တို့နဲ့ တွဲဖက်နိုင်ပါတယ်။ ဘယ်လို ပေါင်းစပ်ဖန်တီးမလဲဆိုတာ အောက်ကပုံလေးတွေကို ကြည့်လိုက်ရအောင်....
1 min

2 min

3 min

ဖက်ရှင် trend တွေနောက်မလိုက်ဘဲနဲ့ အမြဲတမ်း ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်တွေ

4 min

5 min

6 min

7 min

8 min

9 min

10 min

11 min

12 min

13 min

14 min

15 min

16 min

17 min

ခုပြောပြပေးလိုက်တဲ့ ပေါင်းစပ်နည်းတွေက သင့်အတွက် အသုံးဝင်ပြီး ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

Author:TDA

Read 1294 times
Rate this item
(1 Vote)