What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်နဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင်ကို ဘယ်လိုအဖြေရှာမလဲ

သူများရဲ့ ဖက်ရှင်စတိုင်ကို အတုယူပြီး ဝတ်ဆင်ရတာ မကြိုက်ဘူး၊ ကိုယ့်ရဲ့ ကိုယ်ပိုင်စတိုင်လေးနဲ့ နေချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း အဖြေရှာကြည့်နိုင်ပါတယ်။ ကိုယ်ပိုင်စတိုင် ရှိတာက ကောင်းပေမယ့် ကိုယ်နဲ့ လိုက်ဖက်မှုမရှိရင်တော့ ဂွမ်းသွားနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်လိုက်ပါနော်။


(၁) သင့်ရဲ့ Lifestyle
သင့်ရဲ့ ကိုယ်ပိုင်ဖက်ရှင်က သင့်ရဲ့ Lifestyle နဲ့လည်း တိုက်ရိုက်ဆက်စပ်မှု ရှိနေပါတယ်။ သင်က ကုမ္ပဏီပိုင်ရှင် ဆိုရင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ရွေးချယ်ရပါလိမ့်မယ်။ တကယ်လို့ သင်က ရုံးဝန်ထမ်းမဟုတ်ဘူး၊ လွတ်လွတ်လပ်လပ်ရှိတဲ့ ရုံးမှာ အလုပ်လုပ်တယ် ဆိုရင်တော့ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေက သင့်ရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်သွားနိုင်ပါတယ်။ ဒ့ါကြောင့် ကိုယ်ရဲ့ Lifestyle က ဘာလဲဆိုတာကို သိထားဖို့ လိုပါတယ်။
(၂) သင့်ရဲ့ခန္ဓာကိုယ်အချိုးအစား
နောက်တစ်ချက်အနေနဲ့ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုလဲဆိုတဲ့အပေါ် မူတည်ပါသေး တယ်။ သင့်ရဲ့ ခန္ဓာကိုယ်ပိန်ခြင်း၊ ဝခြင်း၊ သေးသွယ်ခြင်း စတဲ့ အချိုးအစားအလိုက် လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်တွေကို သေချာ ဆန်းစစ်ပြီး သင့်ရဲ့ ကိုယ်ပိုင်စတိုင်ကို သတ်မှတ်နိုင်ပါတယ်။
(၃) အကြိုက်နှစ်သက်ဆုံး ဖက်ရှင်တစ်မျိုး
ဖက်ရှင်များစွာ ထဲကမှ သင်အကြိုက်နှစ်သက်ဆုံးသော ဖက်ရှင်တစ်မျိုးကို ရွေးချယ်လိုက်ပါ။ ဒီလိုရွေးချယ်တဲ့ အခါမှာ သင်နဲ့လည်း လိုက်ဖက်မှုရှိဖို့လိုပြီးတော့ အပေါ်မှာပြောခဲ့သလို၊ သင့်ရဲ့ Lifestyle နဲ့ ကိုက်ညီမှု ရှိနေဖို့လည်း အရေးကြီး ပါတယ်။ ဖက်ရှင်တစ်မျိုးထဲက တသမတ်တည်း ကြိုက်နှစ်သက်တဲ့အခါ အဲ့ဒီဖက်ရှင်က သင့်ရဲ့ ကိုယ်ပိုင်စတိုင် ဖြစ်လာနိုင်ပါတယ်။
(၄) ကိုယ်အားကျသူကို အတုယူ
ဥပမာအားဖြင့် သင်ကြိုက်နှစ်သက်ရတဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော် တွေရဲ့ ဖက်ရှင်တွေကို အတုယူပြီး သင့်ရဲ့ ကိုယ်ပိုင်စတိုင်အဖြစ် ဖန်တီးနိုင်ပါတယ်။ ပုံတူကူးချလိုက်တာမျိုးလည်း မဟုတ်ဘဲ၊ ဝတ်ပုံစားပုံဖက်ရှင်ကို လေ့လာပြီး သင်ဆိုရင် ဘယ်လိုဖန်တီးလိုက်မယ်၊ ဘယ်လိုသစ်ဆန်း လိုက်မယ့် ဆိုတာမျိုးပေါ့။
(၅) အသက်အရွယ်အပိုင်းအခြား
ဖက်ရှင်ကလည်း အသက်အရွယ်အပိုင်းအခြားလိုက်ကို ပြောင်းလဲသွားတတ်တာကို သတိပြုဖို့တော့ လိုပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုဖက်ရှင်ဝတ်မယ်၊ သက်လတ်ပိုင်းရောက်ရင် ဆယ်ကျော်သက်တုန်းက ဝတ်ခဲ့တဲ့ ပုံစံနဲ့ ကွဲထွက်ပြီး တခြား ဖက်ရှင်စတိုင်တွေကို ပြောင်းလဲ ဝတ်ဆင်တတ်ဖို့လည်း လိုပါသေးတယ်။ ဒါ့ကြောင့် အသက်အပိုင်းအခြားအလိုက် သင့်ရဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင် အနည်းဆုံး သုံးမျိုး ရှိတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။
(၆) ငွေရေးကြေးရေး
သင်ရဲ့ ကိုယ်ပိုင်စတိုင်က ဘရန်းတွေချည်းပဲတော့ မဖြစ်သင့်ပါဘူး။ ငွေရေးကြေးရေး အပေါ် မူတည်ပြီး ရွေးချယ်တတ်ဖို့ လိုပါတယ်။ တန်ဖိုးကြီးကြီးမားမား ပေးဝယ်ရတဲ့ အဝတ်အစားတွေကသာ သင့်ရဲ့ ကိုယ်ပိုင် စတိုင်ဖြစ်တယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်တွေအတိုင်း လိုက်နာပြီးတော့ ငွေရေးကြေးရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
(၇) အကြံဉာဏ်တောင်းပါ
သင်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို သင်ကိုယ်တိုင် အဖြေရှာမရဘူးဆိုရင်တော့ သင့်အနားက လူတွေဆီက အကြံဉာဏ်များ ရယူလိုက်ပါ။ တခါတလေမှာ ဘေးကမြင်နေရသူတွေက သင်နဲ့ လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်ကို စဉ်းစားပေးတတ်ကြပါတယ်။ ဒါ့ကြောင့် သူငယ်ချင်း၊ မောင်နှမနဲ့ ကိုယ်ပိုင်ဒီဇိုင်နာတွေနဲ့ တိုင်ပင်ပြီး သင့်ရဲ့ ကိုယ်ပိုင်စတိုင်ကို ရှာဖွေလိုက်ပါ။

Read 1535 times
Rate this item
(0 votes)