What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ႏုေသးသြယ္တဲ့ ခါးပိုင္ရွင္ ေလးျဖစ္ေအာင္ ဘာေတြဝတ္ရမလဲ ?

(Zaw+Uni)ဖက္ရွင္ခ်စ္သူမိန္းကေလးေတာ္ေတာ္မ်ားမ်ားရဲ ႔ အိမ္မက္က

ခါးေသးေသးေလးပိုင္ဆုိင္ရဖို႔ပဲ ျဖစ္ၾကမယ္ထင္ပါတယ္။ ခါးေလး ေသးသြယ္ေနတာကို လိုခ်င္ၾကျပီး ခါးတုတ္တုတ္ၾကီး ျဖစ္ေနတာမ်ိဳးကိုေတာ့ ဘယ္မိန္းကေလးကမွ သေဘာက်မွာမဟုတ္ပါဘူး။ေသးသြယ္တဲ့ခါးေလးပိုင္ဆိုင္တယ္လို႔ထင္ရဖို႔အတြက္ ဘယ္လိုအဝတ္အစားေတြဝတ္ျပီး ဖန္တီးလို႔ရသလဲဆိုတာ ၾကည့္ရေအာင္။

 

၁။ ခါးေသးတဲ့အသြင္ ထင္ရေစဖို႔အတြက္ မပါမျဖစ္ကေတာ့ ေဒါက္ျမင့္ဖိနပ္ High Heels ေတြပါ။ ဖိနပ္အပါးေတြစီးျခင္းက သင့္ကို ခါးတုတ္တဲ့အသြင္ျဖစ္သြားေစပါတယ္။

၂။ သင့္ရဲ ႔ခါးေလးကို ေသးသြယ္တယ္ထင္ရဖို႔အတြက္ အေရာင္ေရြးခ်ယ္တဲ့အခါမွာ အေရာင္ရင့္ရင့္နဲ႔ အေရာင္မွုိင္းမွိုင္းေတြက အေကာင္းဆံုးပါ။ လြင္တဲ့အေရာင္ေတြနဲ႔ ေဖ်ာ့တဲ့အေရာင္ေတြက သင့္ရဲ ႔ခါးကို နဂို ရွိတဲ့အရြယ္အစားထက္ ပိုၾကီးတယ္လို႔ ထင္ရေစပါတယ္။ အေရာင္ေဖ်ာ့ဝတ္ခ်င္တယ္ဆိုရင္ေတာ့ ေအာက္ပိုင္းကို အေဖ်ာ့ဝတ္ျပီး အေပၚအက်ၤီကို အဲ့ဒီအေဖ်ာ့ထက္ပိုရင့္တဲ့အေရာင္မ်ိဳးဝတ္ဆင္ပါ။

၃။ အနက္ေရာင္အဝတ္အစားဝတ္ဆင္ျခင္းက ခါးေသးတဲ့အသြင္ျဖစ္ေစျပီး အျဖဴေရာင္ကေတာ့ လက္ရွိ ခါးအရြယ္အစားထက္ေတာင္ ပိုၾကီးတယ္လို႔ထင္ရေစပါတယ္။ အျဖဴၾကိဳက္တဲ့သူဆိုရင္ေတာ့ အျဖဴခံမွာ အနက္ေရာင္ပါတဲ့အဆင္မ်ိဳးကိုေရြးခ်ယ္ပါ။

၄။ ေဒါင္လိုက္စင္းပါတဲ့ အဝတ္အစားမ်ိဴးဝတ္ဆင္ျခင္းက သင့္ရဲ ႔ခါးကိုေသးတယ္လို႔ ထင္ရေစပါတယ္။ ကန္႔လန္႔စင္းေတြအဆင္ေတြနဲ႔ အစက္အေျပာက္ေသးေသး အဆင္မ်ိဳးေတြကိုေတာ့ လံုးဝေရွာင္ပါ။

၅။ ခပ္ပြပြျဖစ္တဲ့ Oversized အဝတ္အစားေတြဟာ သင့္ရဲ ႔ခါးကိုေသးသြယ္ေစမွာမဟုတ္ပါဘူး။ ဆြယ္တာ၊ တီရွပ္ေတြကို ေရြးခ်ယ္ႏိုင္ျပီး ေအာက္ပိုင္းကိုေတာ့ High-Waist လို႔ ေခၚတဲ့ ခါးျမင့္ေဘာင္းဘီ (ဒါမွမဟုတ္) စကဒ္ ေတြက သင့္ကို ခါးေသးတဲ့အသြင္ရရွိေစမွာျဖစ္ပါတယ္။ V-Cut ေတြနဲ႔ Wrap Dress ေတြကေတာ့ ခါးသြယ္တဲ့မိ္န္းကေလးအသြင္ျဖစ္ေစႏိုင္ဖို႔အတြက္ အေကာင္းဆံုးပါပဲ။
ဒါေတြကေတာ့ ခဏတာခါးေသးတဲ့အသြင္ကိုရေစမယ့္ ဖက္ရွင္ Trick ေလးေတြပဲျဖစ္ပါတယ္။ ေသးသြယ္တဲ့ခါးလွလွေလးကို ထာဝရပိုင္ဆိုင္ခ်င္ရင္ေတာ့ ေလ့က်င့္ခန္းမွန္မွန္လုပ္ျပီး သင့္တင့္တဲ့အစားအေသာက္ေတြနဲ႔ ထိန္းဖို႕လိုအပ္ပါတယ္။

Unicode

ဖက်ရှင်ချစ်သူမိန်းကလေးတော်တော်များများရဲ့ အိမ်မက်က

ခါးသေးသေးလေးပိုင်ဆိုင်ရဖို့ပဲ ဖြစ်ကြမယ်ထင်ပါတယ်။ ခါးလေး သေးသွယ်နေတာကို လိုချင်ကြပြီး ခါးတုတ်တုတ်ကြီး ဖြစ်နေတာမျိုးကိုတော့ ဘယ်မိန်းကလေးကမှ သဘောကျမှာမဟုတ်ပါဘူး။သေးသွယ်တဲ့ခါးလေးပိုင်ဆိုင်တယ်လို့ထင်ရဖို့အတွက် ဘယ်လိုအဝတ်အစားတွေဝတ်ပြီး ဖန်တီးလို့ရသလဲဆိုတာ ကြည့်ရအောင်။


၁။ ခါးသေးတဲ့အသွင် ထင်ရစေဖို့အတွက် မပါမဖြစ်ကတော့ ဒေါက်မြင့်ဖိနပ် High Heels တွေပါ။ ဖိနပ်အပါးတွေစီးခြင်းက သင့်ကို ခါးတုတ်တဲ့အသွင်ဖြစ်သွားစေပါတယ်။

၂။ သင့်ရဲ့ခါးလေးကို သေးသွယ်တယ်ထင်ရဖို့အတွက် အရောင်ရွေးချယ်တဲ့အခါမှာ အရောင်ရင့်ရင့်နဲ့ အရောင်မှိုင်းမှိုင်းတွေက အကောင်းဆုံးပါ။ လွင်တဲ့အရောင်တွေနဲ့ ဖျော့တဲ့အရောင်တွေက သင့်ရဲ့ခါးကို နဂို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ အရောင်ဖျော့ဝတ်ချင်တယ်ဆိုရင်တော့ အောက်ပိုင်းကို အဖျော့ဝတ်ပြီး အပေါ်အင်္ကျီကို အဲ့ဒီအဖျော့ထက်ပိုရင့်တဲ့အရောင်မျိုးဝတ်ဆင်ပါ။

၃။ အနက်ရောင်အဝတ်အစားဝတ်ဆင်ခြင်းက ခါးသေးတဲ့အသွင်ဖြစ်စပြေီး အဖြူရောင်ကတော့ လက်ရှိ ခါးအရွယ်အစားထက်တောင် ပိုကြီးတယ်လို့ထင်ရစေပါတယ်။ အဖြူကြိုက်တဲ့သူဆိုရင်တော့ အဖြူခံမှာ အနက်ရောင်ပါတဲ့အဆင်မျိုးကိုရွေးချယ်ပါ။

၄။ ဒေါင်လိုက်စင်းပါတဲ့ အဝတ်အစားမျိူးဝတ်ဆင်ခြင်းက သင့်ရဲ့ခါးကိုသေးတယ်လို့ ထင်ရစေပါတယ်။ ကန့်လန့်စင်းတွေအဆင်တွေနဲ့ အစက်အပြောက်သေးသေး အဆင်မျိုးတွေကိုတော့ လုံးဝရှောင်ပါ။

၅။ ခပ်ပွပွဖြစ်တဲ့ Oversized အဝတ်အစားတွေဟာ သင့်ရဲ့ခါးကိုသေးသွယ်စေမှာမဟုတ်ပါဘူး။ ဆွယ်တာ၊ တီရှပ်တွေကို ရွေးချယ်နိုင်ပြီး အောက်ပိုင်းကိုတော့ High-Waist လို့ ခေါ်တဲ့ ခါးမြင့်ဘောင်းဘီ (ဒါမှမဟုတ်) စကဒ် တွေက သင့်ကို ခါးသေးတဲ့အသွင်ရရှိစေမှာဖြစ်ပါတယ်။ V-Cut တွေနဲ့ Wrap Dress တွေကတော့ ခါးသွယ်တဲ့မိ်န်းကလေးအသွင်ဖြစ်စေနိုင်ဖို့အတွက် အကောင်းဆုံးပါပဲ။
ဒါတွေကတော့ ခဏတာခါးသေးတဲ့အသွင်ကိုရစေမယ့် ဖက်ရှင် Trick လေးတွေပဲဖြစ်ပါတယ်။ သေးသွယ်တဲ့ခါးလှလှလေးကို ထာဝရပိုင်ဆိုင်ချင်ရင်တော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး သင့်တင့်တဲ့အစားအသောက်တွေနဲ့ ထိန်းဖို့လိုအပ်ပါတယ်။

 

Read 1702 times
Rate this item
(0 votes)