What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ္အေရာင္ကုိ ေအာင္ျမင္ဖုိ႔ ၀တ္မလဲ

စားဝတ္ေနေရးဟူေသာ အေရးသံုးပါးအနက္ ဝတ္စားဆင္ယင္မႈသည္ အေရးပါေသာေၾကာင့္ လ်စ္လ်ဴမ႐ႈသင့္ေသာ ကိစၥတစ္ခုျဖစ္ေပသည္။ ေတာင္းမွာအကြပ္ လူမွာအဝတ္ဟူေသာ စကား အတိုင္း မိမိ၏ ဝတ္စားဆင္ယင္မႈသည္ သင့္ေလ်ာ္ မွန္ကန္မွ အခြင့္အလမ္းမ်ား ပြင့္လန္းေဝျဖာေအာင္ အဝတ္အစားက ပံ့ပိုးေပလိမ့္မည္။

ဝတ္ဆင္ရာတြင္ မည္သို႔မည္ပံု အေရာင္ ေရြးခ်ယ္ရမည္ကို ၫႊန္ျပေသာ မာစတာလင္ယြန္၏ နည္းလမ္းအခ်ိဳ႕ကို ေကာက္ႏုတ္၍ ေဖာ္ျပရာ၌ ဝတ္စံုကာလာအျဖစ္ ယူနီေဖာင္းဝတ္စံု၊ လုပ္ငန္းခြင္ သံုး ဝတ္စံုတို႔အတြက္ အေရာင္ေရြးနည္းမ်ားကို ေလ့လာသိရွိႏုိင္ရန္ အခါအားေလ်ာ္စြာ ေဖာ္ျပေပးသြားပါမည္။

မာစတာလင္ယြန္ဟာ တ႐ုတ္႐ုိးရာပညာရပ္ ျဖစ္တဲ့ ဖန္းေစြ(ဖုန္းေရႊ)ကုိ အထူးကၽြမ္းက်င္သူျဖစ္္ၿပီး အေရာင္ေတြအေၾကာင္းကုိ ဖန္းေစြနဲ႔ စိတ္ပညာတုိ႔အရ ႏွံ႔စပ္သူ ျဖစ္သည္္။မာစတာလင္ယြန္သည္ စိတ္ပညာ႐ႈေထာင့္၊ ဂမွီရ႐ႈေထာင့္ စသျဖင့္ ႐ႈေထာင့္အမ်ဳိးမ်ဳိးမွ ဆင္ျခင္ သံုးသပ္၍ အေရာင္ေရြးခ်ယ္မႈကို သတ္မွတ္ေပး ထားျခင္းျဖစ္ေပရာ ကမၻာသံုးနည္းလမ္းတစ္ခုျဖစ္လာ ပါသည္။ သူ႕တစ္သက္တာ စမ္းသပ္မႈမ်ား၊အေတြ႕အႀကံဳမ်ားအေပၚ အေျချပဳထားေပရာ အျခားပုဂၢိဳလ္ေက်ာ္မ်ား၏ နည္းလမ္းႏွင့္ တစ္ထပ္ တည္းတူညီေနေၾကာင္းအံၾသစြာ ေတြ႕ရွိခဲ့ ရပါသည္။ ဥပမာအားျဖင့္ ဗားမဲ့ဆရာေတာ္၏ သံုးေရာင္ျခယ္နည္းႏွင့္ မာစတာ လင္ယြန္း၏ သံုးေရာင္ျခယ္တို႔မွာ လာတူေနသည္။ လင္ယြန္း၏ အေရာင္ကို အနက္ဖြင့္ပံုမွာ စိတ္ပညာ ေက်ာ္ မက္လူစကာ၏ အနက္ဖြင့္ပံုႏွင့္ တစ္ထပ္ တည္းက်ေနသည္။

သို႔ျဖစ္ရာ သံသယကင္းကင္းျဖင့္ လင္ကြန္၏ နည္းလမ္းမ်ားကို ယံုၾကည္စိတ္ခ်စြာ သံုးစြဲထုိက္ေပသည္။ အားကိုအားထားလည္းျပဳထုိက္ေပသည္။ သံုးၾကည့္လိုသူတို႔ သံုးႏိုင္ရန္အတြက္ လြယ္လင့္တကူ ျဖစ္ေစရန္ ဇယားမ်ားသံုး၍ ေစတနာအျပည့္ျဖင့္ ေဖာ္ျပလိုက္ရပါသည္။

လင္ယြန္း၏ ဝတ္စံုကာလာ

===============

လင္ယြန္းသည္ ပါရမီထူးရွိေသာသူျဖစ္ပံုရ၏။ငယ္စဥ္ ကေလးဘဝက အေပါင္းအေဖာ္တစ္သိုက္ႏွင့္ အတူ အိမ္အနီးတြင္ရွိေသာ ဘုန္းေတာ္ႀကီးေက်ာင္းတြင္သြားေရာက္ကစားေလ့ရွိ၏။ တစ္ရက္၌ ဘုန္း ေတာ္ႀကီးတစ္ပါးက ေဆာ့ကစားေနေသာ ကေလးတစ္သိုက္အားစာသင္ေပးမည္ဟုဆိုရာ လင္ယြန္းမွ တစ္ပါးက်န္ ကေလးအားလံုးသည္ စာသင္ရမည္ကို ေၾကာက္၍ ထြက္ေျပးၾကသည္။

လင္ယြန္းက စိတ္ပါလက္ပါ သင္ယူခဲ့သည္။ သူကို စာသင္ေပးေသာ ဘုန္းေတာ္ႀကီးကို သူက 'ဒါဒီ'ဟုေခၚသည္။ ဒါဒီသည္သူကို တ႐ုတ္ေရွးမ်ား သာမက ေလာကီပညာမ်ားပါ သင္ေပးခဲ့သည္။

(၁၉၃၂)ခုႏွစ္၌ ဘီဂ်င္းၿမိဳ႕ေတာ္ႀကီးတြင္ ေမြး ဖြားခဲ့ေသာ လင္ယြန္းသည္ ဆရာ့ထက္ တပည့္ လက္ေစာင္းထက္သူဟု ဆိုရမည္။ သူသည္ ဘုန္းေတာ္ႀကီး ဒါဒီခ်ေပးလိုက္ေသာ သူရင္တြင္းမွ မ်ဳိးေစ့ကိုအပင္ေပါက္႐ံုမွ်မက အခက္အလက္ေဝ ျဖာကာ အသီးအပြင့္မ်ားျဖစ္သည့္တိုင္ေလ့လာအားထုတ္ခဲ့သည္။ ဘုန္းေတာ္ႀကီး ဒီဒါအျပင္ အျခား မာစတာမ်ား၊ ဆရာမ်ား၊ အေတြးအေခၚပညာရွင္မ်ား ထံတြင္ပါ ပညာရွာခဲ့ရာ ေနာက္ဆံုး၌ သူကိုယ္တိုင္ သည္ အေရာင္ႏွင့္ ပတ္သက္လာလွ်င္ မာစတာဟု အသိအမွတ္ျပဳခံရသူ ျဖစ္လာသည္။ ထို႔အျပင္ ေဟာင္ေကာင္ရွိတကၠသိုလ္တစ္ခုတြင္ ပါေမာကၡအ ျဖစ္သို႔ခန္႔အပ္ျခင္းခံရသည္အထိ ျဖစ္သည္။ 

lin yun

ပါေမာကၡအျဖစ္မွ အနားယူေသာအခါ အေမရိကန္ႏိုင္ငံသို႔ေျပာင္းေရႊ႕ခဲ့ၿပီး ကာလႏွင့္ ပတ္သတ္ ေသာ ေဟာေျပာပြဲမ်ား၊ လက္ခ်ာမ်ားေပးခဲ့သည္။ သူ၏ အသိုင္းအဝုိင္းတြင္ မာစတာလင္ယြန္းဟု တေလးတစားေခၚေဝၚျခင္းခံရသူလည္းျဖစ္သည္။ ယခုအခါ သူ႔ကုိ ဂရင္းမာစတာ (Grand Master) ဟု တေလးတစား ေခၚေ၀ၚၾကသည္။သူသည္ လုပ္ငန္းခြင္ဝတ္စံုတြင္ တစ္ေရာင္ တည္းဝတ္ဆင္ျခင္းကို မႏွစ္သက္သျဖင့္ ဝတ္စံု ကာလာတြဲဖက္ပံုကို ထုတ္ေဖာ္ေျပာၾကားခဲ့ရာ သူ၏ ဝတ္စံုကာလာသည္ ႐ံုးဝန္ထမ္းတို႔အတြက္ အထူး သင့္ေလ်ာ္လွေပ၏။ေျမ၊ ေရ၊ ေလ အစရွိေသာ ဓာတ္တို႔၏ သေဘာသဘာဝကို အေျခခံ၍ အတက္တြဲဖက္ပံုႏွင့္ အဆင္းတြဲဖက္ပံုဟူ၍ ႏွစ္မ်ဳိးရွိသည္။ တစ္မ်ဳိးစီ၌ သံုးေရာင္ျခယ္၊ ေလးေရာင္ျခယ္၊ ငါးေရာင္ျခယ္ ဟူ၍ သံုးမ်ဳိးထပ္၍ ခြဲျခားေပးထားသည္။

အထက္တြဲဖက္ပံုမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ေတာ့သည္။

colour table

အထက္တြဲဖက္ပံုအရ ဝတ္ဆင္မည္ ဆိုလွ်င္ ေအာက္ပိုင္း(ဝါ)ေျခေထာက္ပို္င္းမွ အစျပဳၿပီး အေပၚပို္င္း (ဝါ) ဦးေခါင္းပိုင္းတစ္ဝိုက္တြင္ အဆံုး သတ္သည္။

ဥပမာ ဆုိရလွ်င္ သုံးေရာင္ျခယ္ဇယား၏ တတိယ အေရာင္အုပ္စုတြင္ ျဖဴ၊ ညိဳ/၀ါ/လိေမၼာ္ႏွင့္ ပန္းႏု/နီ တုိ႔ပါ၀င္သည္။ ဖိနပ္ကုိ အနီေရာင္၊ ပန္းႏုေရာင္ပါသည့္ ဖိနပ္ကုိ စီးရမည္။ ေဘာင္းဘီျဖစ္ေစ၊ စကပ္ျဖစ္ေစသည္ အညိဳေရာင္၊ အ၀ါေရာင္၊ လိေမၼာ္ေရာင္ တစ္ေရာင္ေရာင္ျဖစ္ေစ၊ တစ္ေရာင္ထက္ ပုိ၍ျဖစ္ေစ ပါ၀င္ရမည္ျဖစ္သည္။ အက်ႌ အျဖဴေရာင္ကုိ ဆင္ျမန္းရမည္ ျဖစ္သည္။

ေလးေရာင္ျခယ္ဇယားႏွင့္ ငါးေရာင္ျခယ္ဇယား တုိ႔ကုိလည္း အလားတူပင္ နားလည္ေစလုိပါသည္။

ဥပမာအားျဖင့္ ငါးေရာင္ျခယ္ဇယား၏ တတိ ယေကာ္လံအရ ဝတ္ဆင္မည္ဆိုပါက အနက္ေရာင္ ႐ွဴးဖိနပ္၊ မီးခိုးေရာင္ေျခအိတ္မွ အစျပဳသည္။ ေဘာင္ ဘီကို အျပာျဖစ္ေစ၊ အစိမ္းျဖစ္ေစ ဝတ္ႏိုင္သည္။ ရွပ္အက်ႌႌကို ပန္းႏုေရာင္ျဖစ္ေစ၊ အနီေရာင္ျဖစ္ေစ ဝတ္ဆင္ရမည္ျဖစ္သည္။ အသားညိဳသူ၊ နက္ေမွာင္ ေသာ အသားေရာင္ရွိသူအဖို႔ အနီေရာင္ကို ဝတ္ ဆင္သင့္သည္။ လည္စည္းမွာ အဝါေရာင္ျဖစ္သည္။ ငါးေရာင္ျပည့္ေစရန္ အျဖဴေရာင္လႊမ္းေသာ ဦး ထုတ္ကို ေဆာင္းရမည္ျဖစ္သည္။

အကယ္၍ ငါးေရာင္အျပည့္ျဖစ္ေစေသာ လုပ္ငန္းခြင္ဝတ္စံုကို စီစဥ္ရသည္မွာ ကရိကထမ်ားမည္၊ အခက္အခဲရွိမည္ ဆိုလွ်င္ ေလးေရာင္ျခယ္နည္းကုိသံုးႏိုင္ေပသည္။ ထိုထက္ပို၍ လြယ္ကူလိုလွ်င္ သံုးေရာင္ျခယ္ႏိုင္ ပါသည္။

အေရာင္တုိ႔၏ ဓာတ္သေဘာအရ အဆင္ေျပေအာင္ ေရြးခ်ယ္ ထားသည္ ျဖစ္သျဖင့္ ဝတ္ဆင္သူ၏စိတ္ကိုရႊင္လန္းပါလိမ့္မည္။ အဘက္ဘက္၌ စန္းပြင့္ပါလိမ့္မည္ဟု အေရာင္ပညာရွင္တုိ႔က ေထာက္ခံၾကေသာ ကာလာ ဝတ္စံုျဖစ္ေပသည္။

UNICODE

ဘယ်အရောင်ကို အောင်မြင်ဖို့ ဝတ်မလဲ

=====================

စားဝတ်နေရေးဟူသော အရေးသုံးပါးအနက် ဝတ်စားဆင်ယင်မှုသည် အရေးပါသောကြောင့် လျစ်လျူမရှုသင့်သော ကိစ္စတစ်ခုဖြစ်ပေသည်။ တောင်းမှာအကွပ် လူမှာအဝတ်ဟူသော စကား အတိုင်း မိမိ၏ ဝတ်စားဆင်ယင်မှုသည် သင့်လျော် မှန်ကန်မှ အခွင့်အလမ်းများ ပွင့်လန်းဝဖြောအောင် အဝတ်အစားက ပံ့ပိုးပေလိမ့်မည်။

ဝတ်ဆင်ရာတွင် မည်သို့မည်ပုံ အရောင် ရွေးချယ်ရမည်ကို ညွှန်ပြသော မာစတာလင်ယွန်၏ နည်းလမ်းအချို့ကို ကောက်နုတ်၍ ဖော်ပြရာ၌ ဝတ်စုံကာလာအဖြစ် ယူနီဖောင်းဝတ်စုံ၊ လုပ်ငန်းခွင် သုံး ဝတ်စုံတို့အတွက် အရောင်ရွေးနည်းများကို လေ့လာသိရှိနိုင်ရန် အခါအားလျော်စွာ ဖော်ပြပေးသွားပါမည်။

မာစတာလင်ယွန်ဟာ တရုတ်ရိုးရာပညာရပ် ဖြစ်တဲ့ ဖန်းစွေ(ဖုန်းရွှေ)ကို အထူးကျွမ်းကျင်သူဖြစ်ပြီး အရောင်တွေအကြောင်းကို ဖန်းစွေနဲ့ စိတ်ပညာတို့အရ နှံ့စပ်သူ ဖြစ်သည်။

မာစတာလင်ယွန်သည် စိတ်ပညာရှုထောင့်၊ ဂမ္ဘီရရှုထောင့် စသဖြင့် ရှုထောင့်အမျိုးမျိုးမှ ဆင်ခြင် သုံးသပ်၍ အရောင်ရွေးချယ်မှုကို သတ်မှတ်ပေး ထားခြင်းဖြစ်ပေရာ ကမ္ဘာသုံးနည်းလမ်းတစ်ခုဖြစ်လာ ပါသည်။ သူ့တစ်သက်တာ စမ်းသပ်မှုများ၊အတွေ့အကြုံများအပေါ် အခြပြေုထားပေရာ အခြားပုဂ္ဂိုလ်ကျော်များ၏ နည်းလမ်းနှင့် တစ်ထပ် တည်းတူညီနေကြောင်းအံသြစွာ တွေ့ရှိခဲ့ ရပါသည်။ ဥပမာအားဖြင့် ဗားမဲ့ဆရာတော်၏ သုံးရောင်ခြယ်နည်းနှင့် မာစတာ လင်ယွန်း၏ သုံးရောင်ခြယ်တို့မှာ လာတူနေသည်။ လင်ယွန်း၏ အရောင်ကို အနက်ဖွင့်ပုံမှာ စိတ်ပညာ ကျော် မက်လူစကာ၏ အနက်ဖွင့်ပုံနှင့် တစ်ထပ် တည်းကျနေသည်။

သို့ဖြစ်ရာ သံသယကင်းကင်းဖြင့် လင်ကွန်၏ နည်းလမ်းများကို ယုံကြည်စိတ်ချစွာ သုံးစွဲထိုက်ပေသည်။ အားကိုအားထားလည်းပြုထိုက်ပေသည်။ သုံးကြည့်လိုသူတို့ သုံးနိုင်ရန်အတွက် လွယ်လင့်တကူ ဖြစ်စေရန် ဇယားများသုံး၍ စေတနာအပြည့်ဖြင့် ဖော်ပြလိုက်ရပါသည်။

လင်ယွန်း၏ ဝတ်စုံကာလာ

လင်ယွန်းသည် ပါရမီထူးရှိသောသူဖြစ်ပုံရ၏။ငယ်စဉ် ကလေးဘဝက အပေါင်းအဖော်တစ်သိုက်နှင့် အတူ အိမ်အနီးတွင်ရှိသော ဘုန်းတော်ကြီးကျောင်းတွင်သွားရောက်ကစားလေ့ရှိ၏။ တစ်ရက်၌ ဘုန်း တော်ကြီးတစ်ပါးက ဆော့ကစားနေသော ကလေးတစ်သိုက်အားစာသင်ပေးမည်ဟုဆိုရာ လင်ယွန်းမှ တစ်ပါးကျန် ကလေးအားလုံးသည် စာသင်ရမည်ကို ကြောက်၍ ထွက်ပြေးကြသည်။

လင်ယွန်းက စိတ်ပါလက်ပါ သင်ယူခဲ့သည်။ သူကို စာသင်ပေးသော ဘုန်းတော်ကြီးကို သူက 'ဒါဒီ'ဟုခေါ်သည်။ ဒါဒီသည်သူကို တရုတ်ရှေးများ သာမက လောကီပညာများပါ သင်ပေးခဲ့သည်။

(၁၉၃၂)ခုနှစ်၌ ဘီဂျင်းမြို့တော်ကြီးတွင် မွေး ဖွားခဲ့သော လင်ယွန်းသည် ဆရာ့ထက် တပည့် လက်စောင်းထက်သူဟု ဆိုရမည်။ သူသည် ဘုန်းတော်ကြီး ဒါဒီချပေးလိုက်သော သူရင်တွင်းမှ မျိုးစေ့ကိုအပင်ပေါက်ရုံမျှမက အခက်အလက်ဝေ ဖြာကာ အသီးအပွင့်များဖြစ်သည့်တိုင်လေ့လာအားထုတ်ခဲ့သည်။ ဘုန်းတော်ကြီး ဒီဒါအပြင် အခြား မာစတာများ၊ ဆရာများ၊ အတွေးအခေါ်ပညာရှင်များ ထံတွင်ပါ ပညာရှာခဲ့ရာ နောက်ဆုံး၌ သူကိုယ်တိုင် သည် အရောင်နှင့် ပတ်သက်လာလျှင် မာစတာဟု အသိအမှတ်ပြုခံရသူ ဖြစ်လာသည်။ ထို့အပြင် ဟောင်ကောင်ရှိတက္ကသိုလ်တစ်ခုတွင် ပါမောက္ခအ ဖြစ်သို့ခန့်အပ်ခြင်းခံရသည်အထိ ဖြစ်သည်။

ပါမောက္ခအဖြစ်မှ အနားယူသောအခါ အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့ခဲ့ပြီး ကာလနှင့် ပတ်သတ် သော ဟောပြောပွဲများ၊ လက်ချာများပေးခဲ့သည်။ သူ၏ အသိုင်းအဝိုင်းတွင် မာစတာလင်ယွန်းဟု တလေးတစားခေါ်ဝေါ်ခြင်းခံရသူလည်းဖြစ်သည်။ ယခုအခါ သူ့ကို ဂရင်းမာစတာ (Grand Master) ဟု တလေးတစား ခေါ်ဝါ်ကြသည်။

သူသည် လုပ်ငန်းခွင်ဝတ်စုံတွင် တစ်ရောင် တည်းဝတ်ဆင်ခြင်းကို မနှစ်သက်သဖြင့် ဝတ်စုံ ကာလာတွဲဖက်ပုံကို ထုတ်ဖော်ပြောကြားခဲ့ရာ သူ၏ ဝတ်စုံကာလာသည် ရုံးဝန်ထမ်းတို့အတွက် အထူး သင့်လျော်လှပေ၏။

မြေ၊ ရေ၊ လေ အစရှိသော ဓာတ်တို့၏ သဘောသဘာဝကို အခြေခံ၍ အတက်တွဲဖက်ပုံနှင့် အဆင်းတွဲဖက်ပုံဟူ၍ နှစ်မျိုးရှိသည်။ တစ်မျိုးစီ၌ သုံးရောင်ခြယ်၊ လေးရောင်ခြယ်၊ ငါးရောင်ခြယ် ဟူ၍ သုံးမျိုးထပ်၍ ခွဲခြားပေးထားသည်။

အထက်တွဲဖက်ပုံများမှာ အောက်ပါအတိုင်း ဖြစ်တော့သည်။

colour table

အထက်တွဲဖက်ပုံအရ ဝတ်ဆင်မည် ဆိုလျှင် အောက်ပိုင်း(ဝါ)ခြေထောက်ပို်င်းမှ အစပြုပြီး အပေါ်ပို်င်း (ဝါ) ဦးခေါင်းပိုင်းတစ်ဝိုက်တွင် အဆုံး သတ်သည်။

ဥပမာ ဆိုရလျှင် သုံးရောင်ခြယ်ဇယား၏ တတိယ အရောင်အုပ်စုတွင် ဖြူ၊ ညို/ဝါ/လိမ္မော်နှင့် ပန်းနု/နီ တို့ပါဝင်သည်။ ဖိနပ်ကို အနီရောင်၊ ပန်းနုရောင်ပါသည့် ဖိနပ်ကို စီးရမည်။ ဘောင်းဘီဖြစ်စေ၊ စကပ်ဖြစ်စေသည် အညိုရောင်၊ အဝါရောင်၊ လိမ္မော်ရောင် တစ်ရောင်ရောင်ဖြစ်စေ၊ တစ်ရောင်ထက် ပို၍ဖြစ်စေ ပါဝင်ရမည်ဖြစ်သည်။ အင်္ကျီ အဖြူရောင်ကို ဆင်မြန်းရမည် ဖြစ်သည်။

လေးရောင်ခြယ်ဇယားနှင့် ငါးရောင်ခြယ်ဇယား တို့ကိုလည်း အလားတူပင် နားလည်စေလိုပါသည်။

ဥပမာအားဖြင့် ငါးရောင်ခြယ်ဇယား၏ တတိ ယကော်လံအရ ဝတ်ဆင်မည်ဆိုပါက အနက်ရောင် ရှူးဖိနပ်၊ မီးခိုးရောင်ခြေအိတ်မှ အစပြုသည်။ ဘောင် ဘီကို အပြာဖြစ်စေ၊ အစိမ်းဖြစ်စေ ဝတ်နိုင်သည်။ ရှပ်အင်္ကျငီ်္ကို ပန်းနုရောင်ဖြစ်စေ၊ အနီရောင်ဖြစ်စေ ဝတ်ဆင်ရမည်ဖြစ်သည်။ အသားညိုသူ၊ နက်မှောင် သော အသားရောင်ရှိသူအဖို့ အနီရောင်ကို ဝတ် ဆင်သင့်သည်။ လည်စည်းမှာ အဝါရောင်ဖြစ်သည်။ ငါးရောင်ပြည့်စေရန် အဖြူရောင်လွှမ်းသော ဦး ထုတ်ကို ဆောင်းရမည်ဖြစ်သည်။

အကယ်၍ ငါးရောင်အပြည့်ဖြစ်စေသော လုပ်ငန်းခွင်ဝတ်စုံကို စီစဉ်ရသည်မှာ ကရိကထများမည်၊ အခက်အခဲရှိမည် ဆိုလျှင် လေးရောင်ခြယ်နည်းကိုသုံးနိုင်ပေသည်။ ထိုထက်ပို၍ လွယ်ကူလိုလျှင် သုံးရောင်ခြယ်နိုင် ပါသည်။

အရောင်တို့၏ ဓာတ်သဘောအရ အဆင်ပြေအောင် ရွေးချယ် ထားသည် ဖြစ်သဖြင့် ဝတ်ဆင်သူ၏စိတ်ကိုရွှင်လန်းပါလိမ့်မည်။ အဘက်ဘက်၌ စန်းပွင့်ပါလိမ့်မည်ဟု အရောင်ပညာရှင်တို့က ထောက်ခံကြသော ကာလာ ဝတ်စုံဖြစ်ပေသည်။

Read 2069 times
Rate this item
(0 votes)