What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရမ်းဟော့တဲ့အင်္ကျီတွေအတွက် ဝတ်ဆင်သင့်တဲ့ဘရာများ

အရမ်းဟော့တဲ့အင်္ကျီတွေအတွက် ဝတ်ဆင်သင့်တဲ့ဘရာများ google

အနောက်တိုင်း အဝတ်အစားမျိုးဆို ဘရာ အရမ်းရွေးရပါတယ်နော်။ ဘရာကြိုးမပေါ်ချင်တာတို့၊ လည်းပင်းဟိုက်တာတို့ အဲ့တာတွေအတွက် ဘယ်လို ဘရာမျိုးဝတ်သင့်တယ်ဆိုတာ သိထားသင့်ပါတယ်နော်။

Textileပရိသတ်ကြီးအတွက် ခပ်မိုက်မိုက်အဝတ်စားတွေအတွက် ဘယ်လိုအဝတ်အစားမျိုးဝတ်သင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်နော်။


U-Plunge Bra

တစ်ချို့လည်ပင်းအဟိုက်အင်္ကျီတွေက တော်တော်ကြီးကိုဟိုက်တာမျိုးယောင်းတို့ ကြုံဖူးကြမယ်ထင်ပါတယ်။

ဆယ်လီဘရစ်တီတွေ အဲ့လိုအင်္ကျီမျိုးဝတ်တာမြင်တော့ ဟယ် သူတို့ကျတော့ ဘာဘရာကြိုးမှလဲ မမြင်ရဘူးဆိုပြီး ရှာဖွေကြည့်တော့မှ အလယ်မှာ U ပုံစံရှိတဲ့ ဘရာလေးတွေနဲ့ ဝတ်ရမှန်းသိတာပါ။ ဒီလိုဘရာမျိုးတွေ့ရင်တော့ ဝယ်သာဝယ်လိုက်ပါနော်

 

22222

 

 


Strapless Bra

ရင်ပြတ်အင်္ကျီတွေ၊ Off Shoulder အင်္ကျီတွေနဲ့ ကြိုးတစ်ချောင်းအင်္ကျီတွေ ဝတ်တဲ့အခါ ဘရာကြိုးတွေပေါ်နေရင်ဘယ်လိုမှ ကြည့်မလှပါဘူး။

အဲ့လိုအင်္ကျီတွေအတွက် ယောင်းမှာရှိသင့်တာကတော့ Strapless Bra ပါ။ Strapless Bra တွေမှာ ကြိုးလုံးဝမပါဘဲ ယောင်းရဲ့ခန္ဓာကိုယ်မှာ တစ်သားတည်းကျနေစေတာမို့ ကျွတ်ကျမှာတွေဘာတွေလည်း စိတ်ပူစရာမလိုပါဘူး။

 

2

 

 

Invisible Bra

ကျောပြောင်အင်္ကျီတွေ ဝတ်တော့မယ်ဆိုရင် နောက်ကျောမှာ ဘရာအပြားလိုက်ကြီးပေါ်နေလို့ ကိုယ့်ရဲ့နောက်ကျောအလှကို မဖော်ပြနိုင်ဘဲ အပေါ်ကထပ်ဝတ်ရတာမျိုး၊ တစ်ခါတစ်လေကိုယ်ဝတ်ချင်တဲ့ အင်္ကျီလှလှလေးကိုတောင် ဗီရိုထဲပြန်သိမ်းလိုက်ရတာမျိုးရှိတယ်မှတ်လား ? Invisible bra နဲ့သာဆိုရင် ဒါတွေလုံးဝဖြစ်မလာတော့ပါဘူး။ Invisible bra တော်တော်များများက ကပ်ခွာပုံစံဖြစ်ပြီး ယောင်းရဲ့ရင်သားမှာကပ်နေမှာဖြစ်လို့ လုံးဝမကွာကျပါဘူး။

 

 

3

 

Source : for her myanmar

Myanmar Textile and Garment Directory

အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 2383 times
Rate this item
(1 Vote)
Tagged under