What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲတမ်း စမတ်ကျနေစေဖို့ ဒီအချက်တွေကို သိထားသင့်ပါတယ်နော်

အမြဲတမ်း စမတ်ကျနေစေဖို့ ဒီအချက်တွေကို သိထားသင့်ပါတယ်နော် google

ခေတ်ကာလက ဘယ်လိုပဲပြောင်းလဲလာပါစေ။ ရိုးရှင်းပြီး မျက်လုံးထဲအေးစေမယ့် ဖက်ရှင်ကတော့ ဘယ်တော့မှ

ခေတ်နောက်မကျသွားသလို လူကိုလည်း သူ့ရဲ့ ကိုယ်ပိုင်အသွင်တစ်ခုကို ဆောင်ပေးနိုင်ပါတယ်။

လူတိုင်း လူတိုင်း သူ့စတိုင်လ်နဲ့ သူ့ဖက်ရှင်ရှိပြီးသားပါ။ အသက်(၂၀)ကျော် မိန်းကလေးတွေဟာ အခုခေတ်မှာ တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ပိုပြီးမျက်လုံးကျကြပါတယ်။ ဖက်ရှင်ဆိုတာလည်း အသက်ရွယ် ၊ အချိန်ခါနဲ့ လိုက်ပြီး ပြင်တတ်ဆင်တတ်မှ ကြည့်သူမျက်လုံးထဲမှာ ကိုယ်ဟာ စမတ်ကျနေမှာ မဟုတ်လား။ အများအားဖြင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်မှုရှိမယ့် ၀တ်စား ဆင်ယင်မှုနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးလိုက်ပါတယ်။

အင်္ကျီ အရောင်ရွေးချယ်တဲ့အခါ
ကိုယ် သဘောကျနှစ်သက်တဲ့ အရောင်တွေထက် ကိုယ့်အသားရောင်နဲ့ လိုက်ဖက်မယ့် အရောင်ကိုရွေးချယ် ၀တ်ဆင်တတ်ဖို့ အရေးကြီးဆုံးပါပဲ။ အရောင်ရင့်တွေကို ပွဲလမ်းသဘင်က လွဲရင် ရုံးသွားရုံးလာနဲ့ အပြင်ထွက် သူငယ်ချင်းတွေနဲ့လည်တဲ့အခါ မ၀တ်ဖို့ အကြံပေးချင်ပါတယ်။ အရောင်ရင့်တာနဲ့ လူကိုပါရင့်စေသလို ကိုယ့်အသားရောင်နဲ့မလိုက်ဖက်ရင် ပိုကြည့်ရဆိုးစေပါတယ်။ အရောင်နုလေးတွေကတော့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်မှုပိုရှိပါတယ်။ အပေါ်အောက်ဆက်နေတဲ့ အရောင်ပြေးနုနုလေးတွေ ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒီဖက်ရှင်ဟာ လူကိုပိုအေးချမ်းစေပါတယ်။ အသားရောင်လေးတွေလည်း ဘယ်သူနဲ့မဆို လိုက်ဖက်စေပါတယ်။

အရည်သွေးကောင်းမွန်တဲ့ ပစ္စည်း
ကိုယ်ဟာ ဆယ်ကျော်သက်ကလေးမဟုတ်တော့ဘူး။ အလုပ်လုပ်ပြီး ကိုယ်ပိုင်ဝင်ငွေဖန်တီးနေပြီဆိုရင် တစ်လကို အရည်သွေးကောင်းမွန်တဲ့ brand အိတ်တစ်လုံးလောက်တော့ ၀ယ်နိုင်မယ်ထင်ပါတယ်။ အ၀တ်စားတွေ သန့်ပြန့်ကြော့မော့နေအောင် ၀တ်ဆင်ထားလည်း ကိုင်ထားတဲ့ အိတ်တွေ ၊ အသုံးဆောင်တွေဟာ လုံလောက်တဲ့ အရည်သွေးကောင်းမွန်မှုမရှိတဲ့အခါ ဆွဲဆောင်မှုမရှိုဖြစ်တတ်ပါတယ်။ ဒီလိုအရည်သွေးမကောင်းတဲ့ ပစ္စည်းတွေကို အများကြီးလျှောက်ဝယ်ထားမယ့်အစား ခပ်ကောင်းကောင်း အိတ်လေးတစ်လုံးလောက် ၀ယ်ကိုင်လိုက်ပါ။ တစ်ခုရှိတာက ကိုယ်ဝယ်လိုက်တဲ့အိတ်က ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အိတ်မျိုးဖြစ်ဖို့လည်း လိုပါတယ်။ စိတ်တိုင်းကျမှ ၀ယ်ပါ။ ပိုက်ဆံတွေအများကြီး အကုန်ခံပြီး စိတ်တိုင်းမကျရင် နှမြောစရာကောင်းလို့ပါ။

ဖိနပ်
ဖိနပ်က အောက်မှာနေတာဆိုပြီး ဂရုမစိုက်ပဲ မနေပါနဲ့နော်။ တစ်ချို့ က ဖိနပ်အတွက် ပိုက်ဆံတွေ အများကြီး အကုန်မခံပါဘူး။ ကိုယ်ဝတ်ထားတဲ့ အ၀တ်စားနဲ့ ဖိနပ်က လိုက်ဖက်မှု ရှိ ၊ မရှိဆိုတာလည်း အများကြီး စကားပြောပါတယ်။  ဖိနပ်ကြောင့် တစ်ခါတစ်လေ ကိုယ်ဝတ်ချင်တာလေးရှိရင် မ၀တ်ပဲ အသာလေးပြန်ခေါက်ပြီး ထားထားရတာတွေရှိမှာပေါ့။ ဒါကြောင့် ဖိနပ်ရွေးတဲ့အခါ ပထမ ကိုယ့်အသားရောင်နဲ့  ဖိနပ်အရောင် လိုက်ဖက်လား သေချာကြည့် ၊ ဒုတိယအချက် ဒီတစ်ရံနဲ့ ကိုယ်အ၀တ်စားတွေဟာ ကိုက်ညီပါ့မလားဆိုတာ စဉ်းစားပါ။

အတွင်းခံ
တစ်ချို့ မိန်းကလေးတွေ အပေါ် ပြတ်ဝတ်တဲ့အခါ အတွင်းခံကြိုးတွေ ပေါ်နေတာဟာ ကြည့်ရဆိုးပါတယ်။ ဒီအတွက် အတွင်းခံသုံး ကြိုးအကြည်ရောင်တွေ အလကားထုတ်ထားတာမှ မဟုတ်ပဲ။ ကိုယ်က ဒီလိုဝတ်လေ့ဝတ်ထရှိရင် ၀ယ်ထားပါ။ အပိုကြိုးတွေလည်း ဆောင်ထားပါ။ ဒီလို ကြိုးအကြည်ရောင်တွေက အခန့်မသန့်ရင် ပြတ်တတ်ပါတယ်။ နောက်ပြီး ပါးလွှာတဲ့ အင်္ကျီ င်္မျိုးတွေဝတ်ရင် ကိုယ့်ရဲ့ အတွင်းခံအရောင်ကို သတိပြုပါ။ အတွင်းခံကောင်းမှ အ၀တ်စား ၀တ်ရာမှာလည်း ပုံကျမှာပါ။ ကိုယ်ကျပ်ဝတ်တဲ့အခါ ဖုထစ်ဖောင်းပွနေတဲ့ အတွင်းခံတွေက အမြင်မလှပါဘူး။ ကိုယ်နဲ့တစ်သားတည်း ဖြစ်နေဖို့ လိုပါတယ်။

အရောင်မရှိတော့တဲ့ အ၀တ်စားများ
ကိုယ်ကကြိုက်လွန်းလို့ ခဏခဏ ၀တ်နေပေမယ့် အင်္ကျီက အရောင်မရှိတော့ဘူး။ မွဲနေပြီ ။ ဒါဆို ဘာလုပ်မလဲ.. အိမ်မှာနေရင်း ချဝတ်လိုက်ပါ။ မနှမြောပါနဲ့။ လူတစ်ယောက်မှာ ၀တ်စားဆင်ယင်ပုံက အဓိကပါ။ ကိုယ်ဝတ်တဲ့အင်္ကျီက ဟောင်းနွမ်းနေရင် ဖက်ရှင်ဆိုတာ ဘယ်မှာသွားရှိတော့မလဲ? ပြီးရင် အင်္ကျီကို ပြန့်နေအောင် မီးပူလေး တိုက်ထားဖို့လိုပါတယ်။ အင်္ကျီ င်္တွေကြေမွနေရင် ကြည့်လိုက်တာနဲ့ ဒီမိန်းကလေး ဘယ်လောက်ပျင်းတယ်ဆိုတာ လူကြီးတွေက သိတယ်နော်။ အကျီ င်္တစ်ထည်တည်းကိုပဲ ကြိုက်လို့ဆိုပြီး ထပ်တလဲလဲမ၀တ်ပါနဲ့။ သူ့ဟာသူ အလှည့်ကျဝတ်ပေးပါ။ ကဲ.. ဒီလိုအခြေခံအချက်လေးတွေကို လိုက်နာနိုင်ပြီဆိုရင်ပဲ သင်ဟာ ရိုးရှင်းပြီး စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်အသွင်ကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။

Read: သက်တောင့်သက်သာ ရှိပြီး လှပစေမယ့် အကွက်ဖက်ရှင်ဒီဇိုင်းများ

Source: Trend Myanmar

Myanmar Textile and Garment Directory

Read 2795 times
Rate this item
(0 votes)
Tagged under