What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားများအနေနဲ့အနောက်တိုင်းဝတ်စုံကိုဘယ်လိုဖက်ရှင်ကျအောင်ရွေးချယ်ကျမလဲ

အမျိုးသားများ ပွဲတက်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ရုံးတက်နဲ့ မင်္ဂလာဆောင်တဲ့ အခါတွေမှာပဲ ဖြစ်ဖြစ် ဝတ်ဆင်လေ့ရှိကြတဲ့ အနောက်တိုင်းဝတ်စုံကို ပုံစံမျိုးစုံ၊ အရောင်မျိုးစုံ မြင်ဖူးကြမယ် ထင်ပါတယ်။ Formal ဆန်ပြီး စမတ်ကျသွားစေမယ့် အနောက်တိုင်းဝတ်စုံကို မိမိနဲ့ လိုက်ဖက်မယ့် ပုံစံကို ရွေးချယ်ရတာလည်း မလွယ်လှပါဘူး။

အထူးသဖြင့် အနောက်တိုင်းဝတ်စုံများက မိမိခန္ဓာကိုယ်နဲ့ Fit ဖြစ်နေမှ ကြည့်ကောင်းတာပါ။ ဒီလိုမဟုတ်ဘဲ သေသပ်မှုမရှိရင်တော့ ဝတ်ရတာလည်း သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါ့ကြောင့် မိမိခန္ဓာကိုယ် အချိုးအစား၊ အရပ်အမောင်းအလိုက် ဝတ်စုံ ဒီဇိုင်းကိုရွေးချယ်တတ်ဖို့ လိုပါတယ်နော်။ ယခုဖော်ပြပေးမှာ ကတော့ အမျိုးသားများအနေနဲ့ အနောက်တိုင်းဝတ်စုံကို ရွေးချယ်တော့မယ်ဆိုရင် မိမိနဲ့ လိုက်ဖက် မှုရှိတဲ့ ဒီဇိုင်းမျိုးကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ဖော်ပြပေးထားပါတယ်။

1

   အရပ်ပုတဲ့ အမျိုးသားများအနေနဲ့ ကုတ်အကျီင်္လည်ပင်းကို V ပုံသဏ္ဍန် ခပ်ဟိုက်ဟိုက်ပုံစံနဲ့ ကြယ်သီးနှစ်လုံးပါဝင်တဲ့ ကုတ်အကျီင်္ကိုသာရွေးချယ်ပါ။ အကျီင်္လက်မောင်းကိုလည်း သင့်လက် မောင်းအရှည်ထက် ၁လက်မခန့် တိုပြီး အထဲအကျီင်္လက်မောင်းစ ထင်သာစေအောင် ဝတ်ဆင် ရမှာပဲ ဖြစ်ပါတယ်။ အကျီင်္အရှည်ကိုလည်း တင်ပါးအထက်လောက်ပဲ ထားရှိပါ။ ဘောင်းဘီရှည် ကိုတော့ ခြေရှူးပုံစံ လုံးဝမဝတ်ပါနဲ့။ အစင်းကြောင်းပါတဲ့ ဝတ်စုံကို ကြိုက်နှစ်သက်သူဆိုရင်တော့ အထက်၊ အောက်အစင်းကြောင်း ပုံစံကိုသာ ရွေးချယ်ဖို့ အကြံပြုပါရစေ။ ဒီလိုဆိုရင်တော့ သင်အ ရပ်ပုတာ မသိသာစေတော့ဘဲ စမတ်ကျသွားစေမှာပါနော်။

2

အရပ်ရှည်လွန်းတဲ့ အမျိုးသားများအတွက်တော့ ကြယ်သီးသုံးလုံးနဲ့ လည်ပင်းသိပ်မဟိုက်မယ့် ကုတ်အကျီင်္မျိုးကို ရွေးချယ်သင့်ပါတယ်။ အကျီင်္လက်မောင်းကိုလည်း အထဲအကျီင်္အနည်းငယ် မြင်ရ ရုံလောက်သာ အဆင်ပြေပါတယ်။ လက်မောင်းအရှည်နဲ့ အကျီင်္ခါးကိုလည်း တင်အောက်ထိ ရှည်တာကိုဝတ်ဆင်နိုင်ပါတယ်။ ဘောင်းဘီကိုလည်း ခြေကျင်းဝတ်မှာအနည်းငယ်စုသွားတဲ့ ပုံစံမျိုး ဝတ်ဆင် မှ မတော်တဲ့အကျီင်္ကို ဝတ်ထားသလို မဖြစ်တော့မှာဖြစ်ပါတယ်။

3

ပိန်လွန်းတဲ့ အမျိုးသားများ အနေနဲ့ ကုတ်အကျီင်္ရွေးချယ်ရာမှာ အနည်းငယ်တော့ စဉ်းစားရ ခက်စေ ပါတယ်။ အထူးသဖြင့် အကျီ်ပခုံးကို ဖော့တုံးထည့်ပြီး ချုပ်ပါ။ ဘောင်းဘီကိုလည်း တင်ပါး အောက်မှာ ခပ်ပွပွ ဖြစ်နေတာကို ရွေးချယ်ပါ။ အကွက်ကြီးပြီး အမြင်ရှင်းစေတဲ့ ဒီဇိုင်းမျိုးကပိန် သူများအတွက် ကြည့်ကောင်းစေပါတယ်။

4

ခန္ဓာကိုယ် ထွားကျိုင်းသူများ အတွက်ကတော့ အထက်မှာဖော်ပြခဲ့တဲ့ အရပ်ပုသူတွေဝတ်တဲ့ ပုံစံနဲ့ ဆင်တူပါတယ်။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့၊ အရောင်ရင့်တာမျိုးက ဝ တာကို မသိသာစေနိုင်ပါဘူး။

5

အားကစားသမားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားများကတော့ ကံကောင်းတယ်လို့ ဆိုရပါမယ်။ မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းမျိုးကို စိတ်ကြိုက်ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ပခုံး၊ ရင်အုပ်ကြီးသူများကတော့ အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းသေးတဲ့ ပုံစံမဖြစ်ရလေအောင် ပခုံးမတ် လွန်းပြီး တောင့်တင်းလွန်းတဲ့ ပုံစံမျိုး မဝတ်ဆင်သင့်ပါဘူးနော်။

 

Source:Myanma Platform

Read 2087 times
Rate this item
(2 votes)