What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်းကျကျ နွေဖက်ရှင်လှလှ

ဒီဇိုင်းကျကျ နွေဖက်ရှင်လှလှ google

အခုဆို ရာသီဥတု တွေ ပူနေတာလဲ Textile ပရိသတ်ကြီး သိကြမှာပါ။ ဒီလကုန်ထိ အပူချိန် တိုးအုံးမယ်ဆိုတော့ ပိုပြီး စိတ်ပူရတော့တာပေါ့။

ဖက်ရှင်ဆိုတာကလဲ ရာသီဥတုနဲ့ လိုက်ဖက်အောင် လှလှပပ ဝတ်တတ်မှလဲ အဆင်ပြေမှာပါ။ နေ့လည် နေပူထဲကို အင်္ကျီအထူကြီး တကားကားနဲ့ ဆိုရင်တော့ အဂွမ်းဖက်ရှင် ဖြစ်နေအုံးမှာပါပဲ။ ဒီနေ့မှာတော့ ပူအိုက်နေတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကို မျှဝေပေးဖို့အတွက် Textile က တာဝန်ယူပါရစေ။

(၁) ချည်ထည်နဲ့ လုပ်ထားတဲ့ အဝတ်အစား အသုံးအဆောင်တွေကို ရွေးချယ်ပါ။
နွေလယ်နေပူပူမှာ အသက်ရှုချောင်မယ့် ရွေးချယ်စရာ တစ်ခုကတော့ ချည်၊ လီနင် တို့လို အသားမျိုးလေးတွေပါ။ ရွေးချယ်စရာ ဒီဇိုင်းအလှတွေ ရှားပေမယ့် သေချာရွေးနိုင်မယ်ဆိုရင် သပ်သပ်ယပ်ယပ် ဝတ်ဆင်နိုင်တဲ့ ဒီဇိုင်းမျိုးလေး ရရှိမှာပါ။

cotton

 Read: အမြဲတမ်း ဖက်ရှင်ကျနေစေဖို့ သိထားသင့်တဲ့ အချက်များ

(၂) ရှပ်အပါးလေးတွေ ဝတ်ဆင်ပါ။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားနေတဲ့အတွက်ကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့တဲ့ အသားအရေတွေအတွက် အန္တရာယ် ရှိပါတယ်။ ဒါကြောင့် နွေရာသီမှာ လှလဲလှ၊ ဖက်ရှင်လဲ ကျတဲ့ အရောင်နုနု ရှပ်အင်္ကျီအပါးလေးတွေ ဝတ်ဆင်ဖို့ မမေ့ပါနဲ့နော်။

shirt

 

(၃) ထီး၊ ဦးထုပ်ဆောင်းပါ။
နေ့လည် နေပူပူမှာ အပြင်ထွက်မယ်ဆိုရင်တော့  နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင်လို့ ထီးဆောင်းပါ။ ထီးမဆောင်းချင်တဲ့ သူတွေအတွက်ဆိုရင် အမိုက်စား ဖြစ်နေစေမယ့် ဦးထုပ်အလန်းလေးတွေကို ရွေးချယ် ဝတ်ဆင်လို့ ရပါတယ်နော်။

hat

 

(၄) အပူစုပ်တဲ့ အရောင်ရင့်ရင့် အဝတ်အစားတွေကို ရှောင်ကြဉ်ပါ။
ပူအိုက်နေတဲ့ ရာသီဥတုမှာ အနက်ရောင်ကြီး ဝတ်ဆင်ထားရင်တော့ ပူအိုက်တဲ့ဒဏ်ကို ပိုပြီး ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ အနက်ရောင်တို့၊ အနီရောင် တို့လို အရောင်ရင့်ရင့် အဝတ်အစားတွေက အပူ စုပ်ယူမှု အားကောင်းတဲ့ အတွက် ဝတ်ဆင်ထားတဲ့သူကတော့ အပူဒဏ် ပိုခံရမှာ သေချာပါတယ်။ ဒါကြောင့်မို့ အရောင်ရင့်ရင့် အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။

cute1

 

(၅) ပေါ့ပေါ့ပါးပါး ဂါဝန်လေးတွေကို ရွေးချယ်ပါ။
ဂျင်းဘောင်းဘီတွေက ဝတ်ဆင်ရတာ လွတ်လွတ်လပ်လပ် ရှိပေမယ့် နွေရာသီနဲ့ ကိုက်ညီတဲ့ အဝတ်အစားတော့ မဟုတ်ပါဘူးနော်။ ဂျင်းဘောင်းဘီ ဝတ်ဆင်မယ်ဆိုရင် ပိုပူသလို ခံစားရမှာပါ။ ဂျင်းဘောင်းဘီအစား ချည်သားဘောင်းဘီ ပွပွချောင်ချောင်လေးတွေ၊ ဂါဝန်လေးတွေကိုပဲ ရွေးချယ်လိုက်ပါ။

light

 

နွေရာသီမှာ အပူဒဏ်ကို အံတုဖို့အတွက် ပေါ့ပေါ့ပါးပါး ဖက်ရှင်အလန်းလေးတွေကို ရွေးချယ်လိုက်ကြရအောင်လားရှင်။

Author-SYH

Myanmar Textile and Garment Directory

Read 2182 times
Rate this item
(1 Vote)