What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားတွေမှာ ပီကေကပ်နေရင် အလွယ်တကူ ဘယ်လို ဖယ်ရှားမလဲ?

အဝတ်အစားတွေမှာ ပီကေကပ်နေရင် အလွယ်တကူ ဘယ်လို ဖယ်ရှားမလဲ? google

မတော်တဆ အပြင်သွားရင်း အင်္ကျီ၊ ဘောင်းဘီတွေမှာ ပီကေတွေ ကပ်သွားခဲ့ရင် အရမ်းစိတ်ညစ်စရာ ကောင်းပါတယ်။ ကပ်စေးကပ်စေး ဖြစ်နေတဲ့အပြင်

ခွာရတာလည်း အဆင်မပြေပါဘူး။ ဒါပေမယ့် ပီကေတွေ ဘယ်လောက်များများကပ်ကပ် အဆင်ပြေပြေနဲ့ ခွာလို့ ရမယ့် နည်းလမ်းတွေ ရှိနေပါပြီ။ အဲ့ဒီနည်းလမ်းတွေက ဘာတွေလဲဆိုတော့....

(1) ရေနွေး
ပီကေကပ်နေတဲ့ အဝတ်အစားတွေကို ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ထည့်လိုက်ပါ။ ရေနွေးဆူနေတဲ့အချိန်မှာ အလွယ်တကူခွာထုတ်လို့ ရပါတယ်။ ခွာပြီးရင်တော့ နေလှန်းလိုက်ရုံပါပဲ။ တကယ်လို့ အစွန်းအထင်းတွေ ကျန်သေးတယ်လို့ ခံစားနေရရင် နောက်တစ်ခေါက် ထပ်ပြီး လုပ်ပေးနိုင်ပါတယ်။

(2) ရှာလကာရည်
ရှာလကာရည်ကို ခွက်အသေးလေးတစ်လုံးထဲ ထည့်ပါ။ ပြီးရင် အရည်ကို ဆူပွက်တဲ့အထိ အပူပေးလိုက်ပါ။ ဆူပွက်လာရင် သွားတိုက်တံအဟောင်းတစ်ခုကို ထည့်လိုက်ပါ။ ပြီးရင်တော့ ရှာလကာအရည်ပူ စိမ်ထားတဲ့ သွားတိုက်တံနဲ့ ပီကေကပ်နေတဲ့နေရာကို မြန်မြန် ပွတ်တိုက်လိုက်ပါ။ ပူနေတဲ့အချိန်ပဲ ခွာလို့ရတာကို သတိထားပေးပါ။ အဲ့ဒီနည်းလမ်းကို အသုံးပြုပြီး ပီကေမကွာမချင်း ထပ်ကာထပ်ကာ ပြန်လုပ်လို့ ရပါတယ်။

Read: ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဝတ်စားဆင်ယင်နေထိုင်သင့်သလဲ

(3) ဆံပင်ဖြန်းဆေး
ဆံပင်ဖြန်းဆေးကလဲ ပီကေကပ်တာကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆံပင်ဖြန်းဆေးကို ပီကေကပ်နေတဲ့ အဝတ်အစားပေါ်ကို ဖြန်းလိုက်ပါ။ ပြီးရင်တော့ သေချာပြန်လျော်ပေးဖို့ လိုပါတယ်နော်။

(4) ရေခဲ
ရေခဲက ကပ်နေတဲ့ ပီကေတွေကို ခွာဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ သင့်ရဲ့ အဝတ်အစားတွေမှာ ပီကေကပ်နေပြီဆိုရင် ရေခဲ မြန်မြန် ပြေးဝယ်လိုက်ပါ။ ရေခဲကို ပလတ်စတစ်အိတ်လေးနဲ့ ထုတ်ပြီး ပီကေကပ်တဲ့နေရာကို ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ပြီးရင် ရေခဲတုံးလေးကို အပြင်ထုတ်ပြီး ၁၀ မိနစ်လောက် ကြာတဲ့အထိ ကပ်ထားပေးပါ။ ၁၀ မိနစ် ပြည့်ရင်တော့ ဓားနဲ့ အလွယ်တကူ ခွာလိုက်လို့ ရပါပြီ။ ဒီနည်းလမ်းကတော့ အပြင်ရောက်နေတဲ့အချိန် ပီကေကပ်မိရင် အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

(5) မြေပဲထောပတ်
ထူးထူးခြားခြားပါပဲ။ မြေပဲထောပတ်က ပီကေကို အလွယ်တကူ ခွာလို့ ရပါတယ်တဲ့။ မြေပဲထောပတ် အနည်းငယ်ကို ပီကေကပ်နေတဲ့ အဝတ်အစားပေါ်မှာ သုတ်လိုက်ပါ။ ပီကေကို ဖုံးသွားတဲ့အထိ သုတ်ပေးပါ။ အဲ့ဒီအခါမှာ မြေပဲထောပတ်ကြောင့် အစွန်းအထင်း ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့မှ ဆီတွေ စွန်းထင်းနေတာကို ဖယ်ဖို့ liquid stain remover အရည်တစ်ခုခုကို သုံးပြီး ဓားလေးနဲ့ ဖယ်လိုက်လို့ ရပါတယ်။

Source: Trend Myanmar

Myanmar Textile and Garment Directory

Read 2073 times
Rate this item
(1 Vote)
Tagged under