What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းတွင်းအေးအေးလေးမှာ ဖက်ရှင်ကျအောင် ဘယ်လိုဝတ်မလဲ

အခု ရန်ကုန်မြို့မှာလည်း အအေးလိုင်းဖြတ်နေတော့ အရမ်းကိုအေးနေပြီနော်။ အနွေးထည်လှလှလေးတွေနဲ့ လူငယ်တွေ ဖက်ရှင်ထုတ်နေကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ တချို့နေရာတွေမှာဆို ရေတွေတောင်ခဲနေတဲ့ထိ အေးနေပြီဆိုတော့ ဆောင်းတွင်းအေးအေးလေးမှာ ဖက်ရှင်ကျအောင် ဝတ်ဆင်လို့ရမယ့် ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။

ကုတ်အင်္ကျီ ထူထူ

ပြောင်ကုန်အင်္ကျီ ထူထူတွေကလည်း သင့်ကို နွေးစေသလို ဖက်ရှင်လည်းကျစေပါတယ်။ ရိုးရိုးလေးနဲ့ လှနေမယ့် ကုတ်ဖက်ရှင်

cold 1

ရောင်စုံအနွေးအင်္ကျီ

ရောင်စံ အနွေးထည်တွေကလည်း သင့်ကိုနွေးထွေးစေသလို တစ်နေရာသွားရင်လည်း ထင်ခနဲ့ မြင်ရစေမှာပါ။ အခုလို ဖက်ရှင်မျိုးကလည်း ဆောင်းတွင်းအေးအေးလေးနဲ့ လိုက်ဖက်လှပါတယ်။

cold 12

အမွှေးပွအင်္ကျီ ဖက်ရှင်

အမွှေးပွပွ အင်္ကျီ ဖက်ရှင်တွေကလည်း ဆောင်းတွင်းနဲ့လိုက်ဖက်ပြီး အနွေးဓာတ်ရစေသလို ဖက်ရှင်လည်းကျစေပါတယ်။

cold 3

ကုတ်အင်္ကျီ ရှည်ရှည်

နှစ်တွေဘယ်လိုပြောင်းပြောင်း ကုတ်အင်္ကျီဖက်ရှင်ကတော့ ရိုးမသွားပါဘူးနော်။ ကုတ်အင်္ကျီ ရှည်ရှည် ဖက်ရှင်တွေကိုလည်း မျှဝေလိုက်ပါတယ်။

cold 15

Cape Town ဖက်ရှင်

ကုတ်အင်္ကျီ အရှည်လိုပဲ Cape Town ဖက်ရှင်ကလည်း သင့်ကို သက်သောင့်သက်သာရှိစေသလို ဖက်ရှင်လည်းကျစေပါတယ်။

cold 18

လည်သာဘောင်းဘီကြပ်ကြပ်

 လည်သာဘောင်းဘီ ကြပ်ကြပ်ကို ဘွတ်ဖိနပ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပြီး အပေါ်က အနွေးကုတ် (သို့) အနွေးထည် ထပ်လိုက်ရုံနဲ့ ဖက်ရှင်ကျနေပါပြီနော်။

 cold 8

source:my style

 

 

 

Read 1288 times
Rate this item
(1 Vote)